ဆာလံ

Old Testament

Chapter 64
Judson Burmese Bible (18…
vs Hebrew Old Testame…
Aa
Text size
Line width
Verse numbers

ဆာလံ 64

Judson Burmese Bible (1840)
Hebrew Old Testament, word by word (STEPBible TAHOT)
no verse 0 in this text
לַמְנַצֵּ֗חַ מִזְמ֥וֹר לְדָוִֽד׃
1အို ဘုရား သခင်၊ အကျွန်ုပ် ဆုတောင်း သော စကား သံကို နားထောင် ၍ အကျွန်ုပ် အသက် ကို ရန်သူ ဘေး မှ ကွယ်ကာ စောင့်မတော်မူပါ။
1שְׁמַע־אֱלֹהִ֣ים קוֹלִ֣י בְשִׂיחִ֑י מִפַּ֥חַד א֝וֹיֵ֗ב תִּצֹּ֥ר חַיָּֽי׃
2လူဆိုး တို့၏ တိုင်ပင် ရာမှ ၎င်း၊ ဒုစရိုက် ကို ပြု လေ့ရှိသောသူတို့ ၏ စုဝေး ရာမှ ၎င်း၊ အကျွန်ုပ် ကို ကွယ်ကာ တော်မူပါ။
2תַּ֭סְתִּירֵנִי מִסּ֣וֹד מְרֵעִ֑ים מֵ֝רִגְשַׁ֗ת פֹּ֣עֲלֵי אָֽוֶן׃
3ထိုသူ တို့သည် မိမိ တို့လျှာ ကို ထား ကဲ့ သို့သွေး တတ်ကြ၏။
3אֲשֶׁ֤ר שָׁנְנ֣וּ כַחֶ֣רֶב לְשׁוֹנָ֑ם דָּרְכ֥וּ חִ֝צָּ֗ם דָּבָ֥ר מָֽר׃
4စုံလင် သောသူကို မ ထင်မရှားပစ် မည်အကြံနှင့် ၊ ခါး သောစကား တည်းဟူသောမိမိ တို့ မြှား ကို ရွယ် တတ်ကြ၏။ မ ကြောက် မရွံ့ဘဲ ချက်ခြင်း ပစ် တတ်ကြ၏။
4לִיר֣וֹת בַּמִּסְתָּרִ֣ים תָּ֑ם פִּתְאֹ֥ם יֹ֝רֻ֗הוּ וְלֹ֣א יִירָֽאוּ׃
5မကောင်း သောအမှု မှာ တယောက် ကိုတယောက်နှိုးဆော် တတ်ကြ၏။ ကျော့ကွင်း တို့ကို ထောင် ထား ခြင်းငှါ တိုင်ပင် ၍၊ အဘယ်သူ မြင် လိမ့်မည်နည်းဟု ဆို တတ်ကြ၏။
5יְחַזְּקוּ־לָ֨מוֹ׀ דָּ֘בָ֤ר רָ֗ע יְֽ֭סַפְּרוּ לִטְמ֣וֹן מוֹקְשִׁ֑ים אָ֝מְר֗וּ מִ֣י יִרְאֶה־לָּֽמוֹ׃
6မ တရားသော အမှု တို့ကို ကိုယ်အဘို့ စစ်ဆေး ရှာဖွေ တတ်ကြ၏။ အကုန်အစင် စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ် နှလုံးထဲမှာ ကြံစည် သော အရာတို့သည် အလွန်နက်နဲ ကြ၏။
6יַֽחְפְּֽשׂוּ־עוֹלֹ֗ת תַּ֭מְנוּ חֵ֣פֶשׂ מְחֻפָּ֑שׂ וְקֶ֥רֶב אִ֝֗ישׁ וְלֵ֣ב עָמֹֽק׃
7သူ တို့၌ ဘုရား သခင်ပစ် တော်မူသောမြှား မှန်၍၊ သူ တို့သည် အမှတ်တမဲ့ နာ ကြ လိမ့်မည်။
7וַיֹּרֵ֗ם אֱלֹ֫הִ֥ים חֵ֥ץ פִּתְא֑וֹם הָ֝י֗וּ מַכּוֹתָֽם׃
8သို့ဖြစ်၍ မိမိ တို့ လျှာ သည် မိမိ တို့ကို တိုက် စေ၍၊ မြင် သောသူ အပေါင်း တို့သည် ပြေး သွားကြလိမ့်မည်။
8וַיַּכְשִׁיל֣וּהוּ עָלֵ֣ימוֹ לְשׁוֹנָ֑ם יִ֝תְנֹדֲד֗וּ כָּל־רֹ֥אֵה בָֽם׃
9လူ အပေါင်း တို့သည်လည်း ကြောက်ရွံ့ ၍ ၊ ဘုရား သခင်စီရင် တော်မူကြောင်းကို နားလည် သဖြင့် အမှု တော်ကို ကြား ပြောကြလိမ့်မည်။
9וַיִּֽירְא֗וּ כָּל־אָ֫דָ֥ם וַ֭יַּגִּידוּ פֹּ֥עַל אֱלֹהִ֗ים וּֽמַעֲשֵׂ֥הוּ הִשְׂכִּֽילוּ׃
10ဖြောင့်မတ် သောသူသည် ထာဝရဘုရား ၌ ဝမ်းမြောက် ၍ ခိုလှုံ လိမ့်မည်။ သဘော ဖြောင့် သော သူအပေါင်း တို့သည် ဝါကြွား ကြလိမ့်မည်။
10יִשְׂמַ֬ח צַדִּ֣יק בַּ֭יהוָה וְחָ֣סָה ב֑וֹ וְ֝יִתְהַֽלְל֗וּ כָּל־יִשְׁרֵי־לֵֽב׃

Tip: use the ← and → keys to turn chapters.