ဆာလံ 90
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Hebrew Old Testament, word by word (STEPBible TAHOT)
no verse 0 in this text
תְּפִלָּה֮ לְמֹשֶׁ֪ה אִֽישׁ־הָאֱלֹ֫הִ֥ים
1အို ဘုရား ရှင်၊ ကိုယ်တော် သည် ကာလ အစဉ် အဆက် အကျွန်ုပ် တို့ ခိုလှုံ ရာ ဖြစ် တော်မူ၏။
1אֲֽדֹנָ֗י מָע֣וֹן אַ֭תָּה הָיִ֥יתָ לָּ֗נוּ בְּדֹ֣ר וָדֹֽר׃
2တောင် များကို မ ဘော်၊ မြေကြီး နှင့် လောကဓါတ် ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရား သခင်ဖြစ်တော်မူ၏။
2בְּטֶ֤רֶם׀ הָ֘רִ֤ים יֻלָּ֗דוּ וַתְּח֣וֹלֵֽל אֶ֣רֶץ וְתֵבֵ֑ל וּֽמֵעוֹלָ֥ם עַד־ע֝וֹלָ֗ם אַתָּ֥ה אֵֽל׃
3လူ မျိုးကို ကား၊ ကြေမွ စေတော်မူ၏။ အချင်း လူသား တို့၊ ပြန် ကြလော့ဟု မိန့် တော်မူ၏။
3תָּשֵׁ֣ב אֱ֭נוֹשׁ עַד־דַּכָּ֑א וַ֝תֹּ֗אמֶר שׁ֣וּבוּ בְנֵי־אָדָֽם׃
4ရှေ့ တော်၌ အနှစ် တ ထောင်သည် လွန် ပြီးသော မနေ့ ကဲ့သို့ ၎င်း၊ ညဉ့် ယံတယံ ကဲ့သို့၎င်း ဖြစ်ပါ၏။
4כִּ֤י אֶ֪לֶף שָׁנִ֡ים בְּֽעֵינֶ֗יךָ כְּי֣וֹם אֶ֭תְמוֹל כִּ֣י יַעֲבֹ֑ר וְאַשְׁמוּרָ֥ה בַלָּֽיְלָה׃
5လူတို့ကို လွှမ်းမိုး တိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော် ခြင်း ကဲ့သို့ဖြစ် ကြပါ၏။ လူသည်မြက်ပင် ကဲ့သို့ နံနက် အချိန်၌ တိုးပွား တတ်ပါ၏။
5זְ֭רַמְתָּם שֵׁנָ֣ה יִהְי֑וּ בַּ֝בֹּ֗קֶר כֶּחָצִ֥יר יַחֲלֹֽף׃
6နံနက် အချိန်၌ကား၊ ပွင့်လန်း ၍ တိုးပွား ပါ၏။ ညဦး အချိန်၌ကား၊ ရိတ် ၍ ညှိုးနွမ်း ပါ၏။
6בַּ֭בֹּקֶר יָצִ֣יץ וְחָלָ֑ף לָ֝עֶ֗רֶב יְמוֹלֵ֥ל וְיָבֵֽשׁ׃
7အမျက် တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီး ခြင်းသို့ ရောက်ကြပါ၏။ စိတ် တော်မပြေသောကြောင့် ၊ စိုးရိမ် တုန်လှုပ်ခြင်း ရှိကြပါ၏။
7כִּֽי־כָלִ֥ינוּ בְאַפֶּ֑ךָ וּֽבַחֲמָתְךָ֥ נִבְהָֽלְנוּ׃
8အကျွန်ုပ် တို့၏ ဒုစရိုက် များကို ရှေ့ တော်၌ ၎င်း၊ ဝှက်ထား သောအကျင့် များကို မျက်နှာ တော်အလင်း ထဲ၌ ၎င်း၊ လှန်ထား တော်မူ၏။
8שַׁתָּ֣ה עֲוֹנֹתֵ֣ינוּ לְנֶגְדֶּ֑ךָ עֲ֝לֻמֵ֗נוּ לִמְא֥וֹר פָּנֶֽיךָ׃
9အကျွန်ုပ် တို့သည် အမျက် တော်ကို ခံရသောကြောင့် ၊ နေ့ရက် ကာလရွေ့ သွား၍၊ နှစ် များတို့သည် စိတ်ထင်ကဲ့သို့လွန် တတ်ကြပါ၏။
9כִּ֣י כָל־יָ֭מֵינוּ פָּנ֣וּ בְעֶבְרָתֶ֑ךָ כִּלִּ֖ינוּ שָׁנֵ֣ינוּ כְמוֹ־הֶֽגֶה׃
10အကျွန်ုပ် တို့၏ အသက် အရွယ်သည် အနှစ် ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး ၍ အနှစ် ရှစ် ဆယ် ပြည့်သော်လည်း ၊ ဝါကြွားခြင်းသည် ပင်ပန်း ခြင်းနှင့် ဝမ်းနည်း ခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန် လွန် ၍ ၊ အကျွန်ုပ်တို့သည် စုတေ့ ကြပါ၏။
10יְמֵֽי־שְׁנוֹתֵ֨ינוּ בָהֶ֥ם שִׁבְעִ֪ים שָׁנָ֡ה וְאִ֤ם בִּגְבוּרֹ֨ת׀ שְׁמ֘וֹנִ֤ים שָׁנָ֗ה וְ֭רָהְבָּם עָמָ֣ל וָאָ֑וֶן כִּי־גָ֥ז חִ֝֗ישׁ וַנָּעֻֽפָה׃
11အမျက် တော်အရှိန် ကို အဘယ်သူ သိ ပါ သနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့ သင့် သည်အတိုင်း အဘယ်သူကြောက်ရွံ့ပါသနည်း။
11מִֽי־י֭וֹדֵעַ עֹ֣ז אַפֶּ֑ךָ וּ֝כְיִרְאָתְךָ֗ עֶבְרָתֶֽךָ׃
12အကျွန်ုပ်တို့သည် ပညာ တရားကို နှလုံး သွင်း မိမည်အကြောင်း ၊ ကိုယ် နေ့ရက် ကာလကို ရေတွက် နိုင်စေခြင်းငှါ သွန်သင် တော်မူပါ။
12לִמְנ֣וֹת יָ֭מֵינוּ כֵּ֣ן הוֹדַ֑ע וְ֝נָבִ֗א לְבַ֣ב חָכְמָֽה׃
13အို ထာဝရဘုရား ၊ ပြန်လာ တော်မူပါ။ အဘယ် မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော် ၏ ကျွန် တို့ အတွက် နာကြင် သောစိတ် ရှိတော်မူပါ။
13שׁוּבָ֣ה יְ֭הוָה עַד־מָתָ֑י וְ֝הִנָּחֵ֗ם עַל־עֲבָדֶֽיךָ׃
14အကျွန်ုပ် တို့ကို ကရုဏာ တော်နှင့် အလျင်အမြန်ရောင့်ရဲ စေတော်မူပါ။ သို့ပြုလျှင် တသက်လုံး ဝမ်းမြောက် ရွှင်လန်း ကြပါလိမ့်မည်။
14שַׂבְּעֵ֣נוּ בַבֹּ֣קֶר חַסְדֶּ֑ךָ וּֽנְרַנְּנָ֥ה וְ֝נִשְׂמְחָ֗ה בְּכָל־יָמֵֽינוּ׃
15အကျွန်ုပ် တို့ကို ညှဉ်းဆဲ တော်မူသော နေ့ရက် ကာလ၊ ဒုက္ခ ခံရခဲ့ပြီးသော နှစ် ပေါင်းများသည်အတိုင်း ၊ ဝမ်းမြောက် ရသောအခွင့်ကိုပေး သနားတော်မူပါ။
15שַׂ֭מְּחֵנוּ כִּימ֣וֹת עִנִּיתָ֑נוּ שְׁ֝נ֗וֹת רָאִ֥ינוּ רָעָֽה׃
16အမှု တော်သည် ကိုယ်တော် ၏ ကျွန် တို့အား ၎င်း၊ ဘုန်း တော်သည် သား မြေးတို့အား ၎င်း ထင်ရှား ပါစေသော။
16יֵרָאֶ֣ה אֶל־עֲבָדֶ֣יךָ פָעֳלֶ֑ךָ וַ֝הֲדָרְךָ֗ עַל־בְּנֵיהֶֽם׃
17အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရား၏ ကျေးဇူး တော်သည် အကျွန်ုပ် အပေါ် သို့ ရောက် ပါစေသော။ အကျွန်ုပ် တို့ပြု သောအမှု တို့ကိုလည်း ၊ အကျွန်ုပ် တို့ အဘို့ မြဲမြံ စေတော်မူပါ။
17וִיהִ֤י׀ נֹ֤עַם אֲדֹנָ֥י אֱלֹהֵ֗ינוּ עָ֫לֵ֥ינוּ וּמַעֲשֵׂ֣ה יָ֭דֵינוּ כּוֹנְנָ֥ה עָלֵ֑ינוּ וּֽמַעֲשֵׂ֥ה יָ֝דֵ֗ינוּ כּוֹנְנֵֽהוּ׃
Tip: use the ← and → keys to turn chapters.