ဆာလံ 126
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Hebrew Old Testament, word by word (STEPBible TAHOT)
no verse 0 in this text
שִׁ֗יר הַֽמַּ֫עֲל֥וֹת
1ဘမ်း သွားချုပ်ထားသော ဇိအုန် သားတို့ကို ထာဝရဘုရား ပြန်လာ စေတော်မူသောအခါ ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ် ကြ၏။
1בְּשׁ֣וּב יְ֭הוָה אֶת־שִׁיבַ֣ת צִיּ֑וֹן הָ֝יִ֗ינוּ כְּחֹלְמִֽים׃
2ထိုအခါ ငါ တို့နှုတ် သည် ရယ် ခြင်းနှင့်၎င်း၊ ငါ တို့ လျှာ သည် သီချင်း ဆိုခြင်းနှင့်၎င်း ပြည့်ဝ ၏။ တပါးအမျိုးသား တို့ကလည်း၊ ထာဝရဘုရား သည် သူတို့အဘို့ ကြီး သောအမှုကို ပြုတော်မူပြီဟု ဆို ကြ၏။
2אָ֤ז יִמָּלֵ֪א שְׂח֡וֹק פִּינוּ֮ וּלְשׁוֹנֵ֪נוּ רִ֫נָּ֥ה אָ֭ז יֹאמְר֣וּ בַגּוֹיִ֑ם הִגְדִּ֥יל יְ֝הוָ֗ה לַעֲשׂ֥וֹת עִם־אֵֽלֶּה׃
3ထာဝရဘုရား သည် ငါ တို့အဘို့ ကြီး သောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက် လျက် နေ ကြ ၏။
3הִגְדִּ֣יל יְ֭הוָה לַעֲשׂ֥וֹת עִמָּ֗נוּ הָיִ֥ינוּ שְׂמֵחִֽים׃
4အိုထာဝရဘုရား ၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ် တို့ကို တောင် မျက်နှာချောင်း ရေကဲ့သို့ တဖန်ပြန်လာ စေတော်မူပါ။
4שׁוּבָ֣ה יְ֭הוָה אֶת־שְׁבִיתֵ֑נוּ כַּאֲפִיקִ֥ים בַּנֶּֽגֶב׃
5မျက်ရည် ကျလျက် မျိုးစေ့ကြဲ သောသူတို့သည် ရွှင်လန်း လျက် စပါး ရိတ်ကြလိမ့်မည်။
5הַזֹּרְעִ֥ים בְּדִמְעָ֗ה בְּרִנָּ֥ה יִקְצֹֽרוּ׃
6မျက်ရည် ကျလျက် ကြဲ ရန် မျိုးစေ့ ကို ဆောင် ၍ ထွက်သွား သောသူသည်၊ ကောက်လှိုင်း များကို ဆောင် လျက် ရွှင်လန်း သောစိတ်နှင့် အမှန်ပြန်လာ လိမ့်မည်။
6הָ֘ל֤וֹךְ יֵלֵ֨ךְ׀ וּבָכֹה֮ נֹשֵׂ֪א מֶֽשֶׁךְ־הַ֫זָּ֥רַע בֹּֽ֬א־יָב֥וֹא בְרִנָּ֑ה נֹ֝שֵׂ֗א אֲלֻמֹּתָֽיו׃
Tip: use the ← and → keys to turn chapters.