ဆာလံ 77
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Hebrew Old Testament, word by word (STEPBible TAHOT)
no verse 0 in this text
לַמְנַצֵּ֥חַ עַֽל־יְדוּת֗וּן לְאָסָ֥ף מִזְמֽוֹר׃
1ငါ သည် ဘုရား သခင့်ထံသို့ အသံ ကို လွှင့်၍ အော်ဟစ် ၏။ ဘုရား သခင့်ထံသို့ အသံ ကိုလွှင့်၍ ဘုရားသခင်သည် ငါ့ စကားကို နားထောင် တော်မူလိမ့်မည်။
1קוֹלִ֣י אֶל־אֱלֹהִ֣ים וְאֶצְעָ֑קָה קוֹלִ֥י אֶל־אֱ֝לֹהִ֗ים וְהַאֲזִ֥ין אֵלָֽי׃
2ဘေး ရောက်သည်ကာလ ၌ ငါ သည် ထာဝရ ဘုရား ကို ရှာ ရ၏။ ညဉ့် အချိန်၌ ပင်လက် ကို ဆန့် လျက် နေရ၏။ ငါ့ ဝိညာဉ် သည် သက်သာ ခြင်းကို ငြင်းပယ် ၏။
2בְּי֥וֹם צָרָתִי֮ אֲדֹנָ֪י דָּ֫רָ֥שְׁתִּי יָדִ֤י׀ לַ֣יְלָה נִ֭גְּרָה וְלֹ֣א תָפ֑וּג מֵאֲנָ֖ה הִנָּחֵ֣ם נַפְשִֽׁי׃
3ဘုရား သခင်ကို အောက်မေ့ ၍ စိတ်ပူပန် ခြင်းရှိ၏။ ဆင်ခြင် ၍ စိတ် ပျက် ခြင်းသို့ ရောက်တတ်၏။
3אֶזְכְּרָ֣ה אֱלֹהִ֣ים וְאֶֽהֱמָיָ֑ה אָשִׂ֓יחָה׀ וְתִתְעַטֵּ֖ף רוּחִ֣י סֶֽלָה׃
4မျက်စိ မှိတ် ၍ မပျော်နိုင်။ လှုပ်ရှား ခြင်းရှိသောကြောင့် နှုတ် မ မြွက်နိုင်။
4אָ֭חַזְתָּ שְׁמֻר֣וֹת עֵינָ֑י נִ֝פְעַ֗מְתִּי וְלֹ֣א אֲדַבֵּֽר׃
5လွန် လေပြီးသော နေ့ရက် ကို၎င်း၊ ရှေး ကာလ ကို ၎င်းအောက်မေ့ ၏။
5חִשַּׁ֣בְתִּי יָמִ֣ים מִקֶּ֑דֶם שְׁ֝נ֗וֹת עוֹלָמִֽים׃
6ညဉ့် အခါ၌ လည်း ငါသည် ကိုယ် သီချင်း ကို ဆင်ခြင် ၍ ၊ ကိုယ် စိတ် နှလုံး နှင့် ဆွေးနွေး သဖြင့်၊ ငါ့ ဝိညာဉ် သည် စစ်ဆေး ခြင်းကို ပြု၏။
6אֶֽזְכְּרָ֥ה נְגִינָתִ֗י בַּ֫לָּ֥יְלָה עִם־לְבָבִ֥י אָשִׂ֑יחָה וַיְחַפֵּ֥שׂ רוּחִֽי׃
7ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မူမည် လော ။ နောက် တဖန် ကျေးဇူး အလျှင်းမ ပြုဘဲ နေတော်မူ မည်လော။
7הַֽ֭לְעוֹלָמִים יִזְנַ֥ח׀ אֲדֹנָ֑י וְלֹֽא־יֹסִ֖יף לִרְצ֣וֹת עֽוֹד׃
8ကရုဏာ တော်သည် အစဉ် ကုန် ပြီလော။ ဂတိ တော် လည်း ကာလ အစဉ်အဆက်ပျက် လိမ့်မည်လော။
8הֶאָפֵ֣ס לָנֶ֣צַח חַסְדּ֑וֹ גָּ֥מַר אֹ֝֗מֶר לְדֹ֣ר וָדֹֽר׃
9ဘုရား သခင်သည် သနား ခြင်းငှါမေ့လျော့ တော်မူသလော။ အမျက် ထွက်သဖြင့် စုံစမ်းခြင်းကရုဏာ တော် ကို ချုပ်တည်း တော်မူသလော။
9הֲשָׁכַ֣ח חַנּ֣וֹת אֵ֑ל אִם־קָפַ֥ץ בְּ֝אַ֗ף רַחֲמָ֥יו סֶֽלָה׃
10ထိုသို့ ဆိုသော်ငါသည် ကိုယ် မိုက် ကြောင်းကို ဝန်ခံ ရ၏။ ဤ အမှုကား၊ အမြင့်ဆုံး သော ဘုရား၏ လက်ျာ လက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။
10וָ֭אֹמַר חַלּ֣וֹתִי הִ֑יא שְׁ֝נ֗וֹת יְמִ֣ין עֶלְיֽוֹן׃
11ထာဝရ ဘုရား၏ အမှုတော်တို့ကို အောက်မေ့ ပါမည်။ ရှေး ကာလ၌ ကိုယ်တော် ပြုဘူးသော အံ့ဩ ဘွယ် တို့ကို အောက်မေ့ ပါမည်။
11אֶזְכּ֥וֹר מַֽעַלְלֵי־יָ֑הּ כִּֽי־אֶזְכְּרָ֖ה מִקֶּ֣דֶם פִּלְאֶֽךָ׃
12ပြု တော်မူသမျှ တို့ကို ဆင်ခြင် ၍ စီရင် တော်မူသော အရာတို့ကို မြွက် ဆိုပါမည်။
12וְהָגִ֥יתִי בְכָל־פָּעֳלֶ֑ךָ וּֽבַעֲלִ֖ילוֹתֶ֣יךָ אָשִֽׂיחָה׃
13အိုဘုရား သခင်၊ ကိုယ်တော် ၏ လမ်း သည် သန့်ရှင်း ခြင်းနှင့် ယှဉ်ပါ၏။ ဘုရား သခင်ကဲ့သို့ အဘယ် မည်သော ဘုရား သည် ကြီးမြတ် သနည်း။
13אֱ֭לֹהִים בַּקֹּ֣דֶשׁ דַּרְכֶּ֑ךָ מִי־אֵ֥ל גָּ֝ד֗וֹל כֵּֽאלֹהִֽים׃
14ကိုယ်တော် သည် အံ့ဘွယ် သော အမှုတို့ကို ပြု တတ်သော ဘုရား ဖြစ်တော်မူ၏။ လူမျိုး တို့တွင် တန်ခိုး တော်ကို ပြ တော်မူပြီ။
14אַתָּ֣ה הָ֭אֵל עֹ֣שֵׂה פֶ֑לֶא הוֹדַ֖עְתָּ בָעַמִּ֣ים עֻזֶּֽךָ׃
15ကိုယ်တော် ၏ လူ တည်းဟူသောယာကုပ် နှင့် ယောသပ် ၏အမျိုး ကို လက်ရုံး တော်နှင့် ကယ်နှုတ် တော်မူပြီ။
15גָּאַ֣לְתָּ בִּזְר֣וֹעַ עַמֶּ֑ךָ בְּנֵי־יַעֲקֹ֖ב וְיוֹסֵ֣ף סֶֽלָה׃
16အို ဘုရား သခင်၊ ရေ တို့သည် ကိုယ်တော် ကို မြင် ကြပါ၏။ ရေ တို့သည် ကိုယ်တော် ကို မြင် ၍ ကြောက်ရွံ့ ကြပါ၏။ ရေနက်နဲ ရာအရပ်တို့လည်း လှုပ်ရှား ကြပါ၏။
16רָ֘א֤וּךָ מַּ֨יִם׀ אֱֽלֹהִ֗ים רָא֣וּךָ מַּ֣יִם יָחִ֑ילוּ אַ֝֗ף יִרְגְּז֥וּ תְהֹמֽוֹת׃
17မိုဃ်းတိမ် တို့သည် ရေ ကို သွန်းလောင်း ၍၊ မိုဃ်း ကောင်းကင်တို့လည်း အသံ ဗလံပြု ကြပါ၏။ ကိုယ်တော် ၏ မြှား တို့သည် အရပ်ရပ်သို့ ရောက် ကြပါ၏။
17זֹ֤רְמוּ מַ֨יִם׀ עָב֗וֹת ק֭וֹל נָתְנ֣וּ שְׁחָקִ֑ים אַף־חֲ֝צָצֶ֗יךָ יִתְהַלָּֽכוּ׃
18ကိုယ်တော် ၏ မိုဃ်းကြိုး သံ သည် လေဘွေ ၌ ပါ၍၊ လျှပ်စစ် ပြက်သဖြင့်၊ လောက ကို လင်း စေပါ၏။ မြေကြီး သည်လည်း တုန် လှုပ် ပါ၏။
18ק֤וֹל רַעַמְךָ֨׀ בַּגַּלְגַּ֗ל הֵאִ֣ירוּ בְרָקִ֣ים תֵּבֵ֑ל רָגְזָ֖ה וַתִּרְעַ֣שׁ הָאָֽרֶץ׃
19ကိုယ်တော် သည် သမုဒ္ဒရာ ၌ ကြွ တော်မူ၍ ၊ လမ်း ခရီးတော်သည် ကျယ်ဝန်း သော ရေ တွင် ရှိသဖြင့် ၊ ခြေ တော်ရာတို့သည် မ ထင်ရှား ကြပါ။
19בַּיָּ֤ם דַּרְכֶּ֗ךָ וּֽ֭שְׁבִֽילְךָ בְּמַ֣יִם רַבִּ֑ים וְ֝עִקְּבוֹתֶ֗יךָ לֹ֣א נֹדָֽעוּ׃
20မောရှေ နှင့် အာရုန် တို့လက် ဖြင့် ကိုယ်တော် ၏ လူ များတို့ကို သိုးစု ကဲ့သို့ ပို့ဆောင် တော်မူ၏။
20נָחִ֣יתָ כַצֹּ֣אן עַמֶּ֑ךָ בְּֽיַד־מֹשֶׁ֥ה וְאַהֲרֹֽן׃
Tip: use the ← and → keys to turn chapters.