ဆာလံ 105
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chamorro: Gospels, Acts and Psalms
1ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့အား ပြသ ကြလော့။
1O nae grasias si Jeova; agang y naanña; namatungo y chechoña gui entalo taotao sija.
2ထာဝရ ဘုရားကို သီချင်း ဆိုကြလော့။ ဆာလံ သီချင်း ကို ဆိုကြလော့။ အံ့ဘွယ် သော အမှုတော်အပေါင်း တို့ကို ဟောပြော ကြလော့။
2Cantaye güe, cantaye güe ni y alabansa sija; fanadingan ni y todo y chechoña ni y mannamanman.
3သန့်ရှင်း သောနာမ တော်၌ ဝါကြွား ဝမ်းမြောက်ကြလော့။ ထာဝရဘုရား ကို ရှာ သောသူတို့သည် စိတ် နှလုံးရွှင်လန်း ကြစေ။
3Manmalag jamyo ni y santos na naanña: umanmagof ayo sija na corason y umaliligao si Jeova.
4ထာဝရဘုရား နှင့် တန်ခိုး တော်ကို ရှာ ကြလော့။ မျက်နှာ တော်ကို အစဉ် မပြတ်ရှာ ကြလော့။
4Aligao si Jeova yan y minetgotña: Aligao y mataña para taejinecog.
5စီရင်တော်မူသောအံ့ဩ ဘွယ်တို့ကို၎င်း၊ ထူးဆန်း သော အမှု တော်တို့နှင့် နှုတ်ထွက် ပညတ် တို့ကို၎င်း အောက်မေ့ ကြလော့။
5Jaso y ninamanman checho ni y monjayan jachogüe; ninamanmanña yan y juision y pachotña;
6ထာဝရ ဘုရား၏ကျွန် အာဗြဟံ အမျိုး ၊ ရွေးကောက် တော်မူသောယာကုပ် အနွှယ် တို့၊
6O Jamyo, ni y semiyan Abraham tentagoña, jamyo ni y famaguon Jacob inayegña sija.
7ကိုယ်တော် မြတ် ထာဝရဘုရား သည် ငါ တို့ ဘုရား သခင်ဖြစ်တော်မူ၏။ မြေကြီး တပြင်လုံး ၌ တရား စီရင် ပိုင်တော်မူ၏။
7Güiya si Jeova Yuusta: y juisioñasija mangaegue todo gui tano.
8ငါသည်သင် တို့အမွေခံ ရာဘို့ခါနာန် ပြည် ကို သင် ၌ ပေး မည်ဟု ငါတို့အမျိုးသည် အရေ အတွက်အားဖြင့်မများ၊
8Jagasja jaso y tratuña para taejinecog, y finijo ni y tinagoña para mit na generasion.
9အလွန်နည်း ၍ ထိုပြည် ၌ ဧည့်သည် ဖြစ် လျက်နေသောအခါ၊
9Ayo na trato ni y jafatinas gui as Abraham, yan y jinilaña gui as Ysaac.
10အာဗြဟံ ၌ ဂတိထား၍ ၊ ဣဇာက် ၌ ကျိန်ဆို တော်မူလျက်၊
10Yan ayoja janafitme gui as Jacob para otden, yan as Israel para taejinecog na trato.
11ယာကုပ် ၌ မြဲမြံ သောတရား ၊ ဣသရေလ ၌ နိစ္စ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊
11Ylelegña: Yya jago guajo junaejao y tano Cananea, y facae y erensiamo.
12လူမျိုး အဆက်တထောင် တိုင်အောင် မိန့်မြွက် တော်မူသောနှုတ်ကပတ် တည်းဟူသော ဝန်ခံ ခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့ တော်မူ၏။
12Anae sija mandidideja na numeron taotao: junggan, senmandidide yan taotao juyong güije;
13သူတို့သည် တမြို့ မှ တမြို့ သို့ ၎င်း၊ တနိုင်ငံ မှ တနိုင်ငံ သို့ ၎င်း၊ လှည့်လည် ၍ သွားကြသောအခါ၊
13Ya sija manjanao guinin y un nasion asta y otro nasion, guinin y un raeno asta otro taotao;
14သူ တို့ကို ညှဉ်းဆဲ စေခြင်းငှါ အဘယ်သူ အားမျှ အခွင့်ပေး တော်မ မူ။ သူ တို့အတွက် လည်းရှင်ဘုရင် တို့ကို ဆုံးမ လျက်၊
14Ti japolo ni un taotao na ujafatinas daño guiya sija: magajet na jalalatde y ray sija pot causañija:
15ငါ့ ထံ၌ ဘိသိတ် ခံသောသူတို့ကို မ ထိ မခိုက်နှင့်။ ငါ ၏ ပရောဖက် တို့ကို အပြစ် မ ပြုနှင့်ဟု မိန့်တော်မူ၏။
15Ylegña: Chamo pumapacha y pinalaejo, yan chamo munafanlalamen y profetajo sija.
16တဖန်တုံ ၊ ထိုပြည် ၌ မွတ်သိပ် ခြင်းဘေးကို ခေါ် ၍၊ အစာ အာဟာရတည်းဟူသောအထောက် အပင့် ရှိသမျှ ကို ချိုးဖျက် တော်မူသောအခါ၊
16Ya jatago y ñinalang gui jilo y tano: ya jayulang todo y minetgot y agon.
17ကျွန် ဖြစ်စေ ဘို့ အရောင်း ခံရသောယောသပ် ကို သူ တို့ရှေ့ မှာ စေလွှတ် တော်မူ၏။
17Ya jatago un taotao gui menañija, si José ni y mabende para tentago.
18သူ့ ကိုခြေ ချင်းခတ်၍ သံ နှင့် ညှဉ်းဆဲ ကြ၏။
18Ayo sija na adengña y ninafanlamen ni y cadena: güiya mapolo guientalo y lilog.
19သူ ၏စကား မ ပြည့်စုံ မှီတိုင်အောင်၊ ထာဝရ ဘုရား ၏ အမိန့် တော်အတိုင်း စုံစမ်း ခြင်းကို ခံရ၏။
19Asta y tiempo anae macumple y finoña: ya y fino Jeova chumague güe,
20လူ တို့ကို အစိုးရ သောအရှင်တည်းဟူသော ရှင် ဘုရင်သည် စေလွှတ် ၍ သူ့ ကို နှုတ် ပြီးမှ ချမ်းသာ ပေးတော်မူ၏။
20Y ray matago ya pinila güe, ayo y magas taotao sija yan pinelo güe na ujanao libre.
21သူသည် မိမိ အလိုရှိ သည်အတိုင်း မင်း အရာရှိ တို့ကို ချည်နှောင် ၍၊
21Pinelo güe magas gui guimaña yan gobietnon todo y güinajaña:
22မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင် သော အခွင့်နှင့် နန်းတော် အုပ် ၊ နိုင်ငံ တော်အုပ် အရာ၌ ထိုသူ ကို ခန့် ထားတော်မူ၏။
22Para upreso y prinsipeña ni y minagofña; yan ufanagüe y manamco ni y manpápagat.
23ဣသရေလ သည်လည်း အဲဂုတ္တု ပြည်သို့ ရောက် လာ၍ ၊ ယာကုပ် သည် ဟာမ အမျိုးနေရာပြည် ၌ တည်းခို ၏။
23Si Israel locue jumalom guiya Egipto; yan si Jacob taotao juyong sumasaga gui tano Cam.
24ဘုရားသခင်သည် မိမိ လူ တို့ကို အလွန် များပြား စေ၍ ၊ ရန်သူ တို့ထက် အားကြီး စေတော်မူ၏။
24Yan janafansenmegae y taotaoña; yan janafanmetgot mas que y enimigoñija.
25မိမိ လူ တို့ကို ရန်သူတို့သည်မုန်း ၍၊ မိမိ ကျွန် တို့ကို ပရိယာယ် ပြုမည် အကြောင်း ၊ ထိုသူ တို့ စိတ် နှလုံးကို ပြောင်းလဲ စေတော်မူ ၏။
25Jabira y corasonñija para ujachatlie y taotaoña sija, para ufanmatinas ni y finaye gui tentagoña sija.
26တဖန်မိမိ ကျွန် မောရှေ နှင့် ရွေးကောက် တော်မူသော အာရုန် ကို စေလွှတ် တော်မူ၏။
26Jatago si Moises ni y tentagoña; yan si Aaron ni y guinin inayegña.
27အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာ သက်သေ တော်တို့ကိုပြ ၍ ၊ ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သော အမှုတို့ကို ပြုကြ၏။
27Sija japolo ni y señatña guiya sija, yan ninamanman gui tano Cam.
28မှောင်မိုက် ကိုစေလွှတ် ၍ ၊ မိုက်မဲ စေတော်မူ၏။ သူတို့သည် နှုတ်ကပတ် တော်ကို ဆန့်ကျင် ဘက်မ ပြုရကြ။
28Jatago y jemjom, ya ninajomjom; yan sija ti ninafanaguaguat contra y finoña.
29သူ တို့ရေ များကို အသွေး ဖြစ်စေ ၍ ၊ ငါး များကို သေ စေတော်မူ၏။
29Jatolaeca y janomñija jafajâgâ, yan japuno y güijanñija.
30သူ တို့မြေ သည် များစွာသော ဘား တို့ကို မင်း အိပ်ရာအခန်း တို့ ၌ ပင်ဘွား လေ၏။
30Y tanoñija janae manadan ranas, ya megae gui jalom y aposenton y rayñija sija.
31အမိန့် တော်ရှိ၍ ယင်ရဲ နှင့်ခြင် တို့သည် တပြည်လုံး ကို နှံ့ပြား ကြ၏။
31Güiya sumasangan, yan manmato manadan dinaña lalo, yan juto sija gui todo y oriyan y tanoñija.
32မိုဃ်းရေ အစား မိုဃ်းသီး ကို၎င်း၊ သူ တို့မြေ ပေါ် မှာ မီးလျှံ ကို၎င်းပေး တော်မူ၏။
32Güiya numae sija uchan graniso, yan mañila guafe gui tanoñija.
33သူ တို့စပျစ် နွယ်ပင်နှင့် သင်္ဘော သဖန်းပင်တို့ကို ထိခိုက် ၍ ၊ တပြည်လုံး ၌ရှိသောသစ်ပင် များကို ချိုး တော်မူ ၏။
33Jasaolag y trongcon ubasñija locue, yan y trongcon ygosñija; yan jajulog y trongcon jayo sija gui oriyan tanoñija.
34အမိန့် တော်ရှိ၍ မ ရေတွက်နိုင်အောင်၊ အရာဘကျိုင်း နှင့် ယာလက်ကျိုင်း တို့သည် လာ ၍၊
34Güiya y sumangan, yan y apacha sija manmato, yan uruga na ulo sija yan ayo taya numeroñija,
35သူ တို့ပြည် မှာ ဟင်းသီး ဟင်းရွက်ရှိသမျှ တို့ကို၎င်း ၊ မြေဩဇာ အသီး အနှံတို့ကို၎င်း ကိုက်စား ကြ၏။
35Ya sija jacano todo y tinanom gui jalom y tanoñija, yan jalachae sija y tinegcha gui tanoñija.
36သူ တို့အစွမ်း သတ္တိ အထွဋ် အမြတ်တည်းဟူသောသူ တို့ ပြည် မှာ သားဦး အပေါင်း တို့ကို ဒဏ်ခတ် တော်မူ၏။
36Ya japuno locue todo y finenana na finañagon laje gui tanoñija, y magas todo y ninasiñañija.
37မိမိလူတို့ကို ရွှေ ငွေ ပါလျက် ထုတ် ဆောင်တော်မူ ၍ ၊ သူ တို့အစုစု ၌ အားနည်း သော သူတ ယောက်မျှမရှိ။
37Ya jacone sija juyong locue yan y salape yan y oro; yan taya ni un taotao malango gui triboñija.
38အဲဂုတ္တု ပြည်သည် သူ တို့ကို ကြောက် သောကြောင့်၊ သူ တို့သည် ထွက်သွား သောအခါ တပြည်လုံးဝမ်းမြောက် ၏။
38Yya Egipto manmagof anae sija manjanao: pot minaañaoñija guinin podong guiya sija.
39သူတို့အပေါ်မှာ မိုဃ်းတိမ် ကိုဖြန့် မိုး ၍ ၊ ညဉ့် အခါ လင်း စရာဘို့ မီး ကိုပေးတော်မူ၏။
39Jajuto y mapagajes para ufantinampe; yan y guafe janae para ufaninina gui puenge.
40သူတို့သည် တောင်း သောအခါ ငုံး များကို ဆောင် ခဲ့တော်မူ၍ ၊ သူ တို့ကို ကောင်းကင် မုန့် နှင့် ရောင့်ရဲ စေတော်မူ၏။
40Manmangagao y taotao, yan jaconie pajaro ni calang palumo sija; yan ninafanjaspog ni y pan langet.
41ကျောက် ကိုလည်း ဖွင့်လှစ် တော်မူသဖြင့် ၊ ရေ သည် ထွက် ၍ သွေ့ ခြောက်သောအရပ်၌ မြစ် ကဲ့သို့စီးသွား လေ၏။
41Jababa y acho yan y janom milalag juyong; manmalalago gui anglo na sagayan taegüije y sadog.
42အကြောင်း မူကား၊ မိမိ ကျွန် အာဗြဟံ ၌ ထားခဲ့ ဘူးသော သန့်ရှင်း သော ဂတိတော် ကို အောက်မေ့ တော်မူ ၏။
42Sa jajaso y santos na sinanganña, yan Abraham ni y tentagoña.
43ရွေးကောက် တော်မူသောမိမိ လူ တို့ကို ဝမ်းမြောက် ရွှင်လန်း ခြင်းနှင့်တကွ ထုတ် ဆောင်တော်မူ၏။
43Ya jacone juyong y taotaoña yan y minagof, yan y inayegña gui cantasion sija.
44သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ် တရားတော်ကို စောင့်ရှောက် မည်အကြောင်း၊
44Yan janae sija ni y tano y nasion sija: yan sija jachule para iyoñija ni y checho y taotao sija:
45တပါးအမျိုးသား တို့၏မြေ ကို ပေး တော်မူသဖြင့် ၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။
45Para usiña adaje y otdenña, yan ufatinas y layña. Alaba jamyo si Jeova.
Tip: use the ← and → keys to turn chapters.