ဆာလံ

Old Testament

Chapter 111
Judson Burmese Bible (18…
vs Londona Biblio (Es…
Aa
Text size
Line width
Verse numbers

ဆာလံ 111

Judson Burmese Bible (1840)
Londona Biblio (Esperanto, 1910)
1ငါသည် ဖြောင့်မတ် သောသူတို့ ၏ အစည်း အဝေး၌ ၎င်း၊ ပရိသတ် ၌၎င်း ၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ ချီးမွမ်း မည်။
1Haleluja! Mi gloras la Eternulon per mia tuta koro, En rondo de piuloj kaj en kunveno.
2ထာဝရဘုရား ၏ အမှုတော် တို့သည် ကြီးမြတ် ကြ၏။ ကြည်ညို သောသူ တို့ သည် ထို အမှုတော်တို့ကို ရှာဖွေ လိုက်စစ်တတ်ကြ၏။
2Grandaj estas la faroj de la Eternulo, Serĉataj de ĉiuj, kiuj ilin amas.
3စီရင် တော်မူသောအရာသည် ဘုန်း အသရေနှင့် ပြည့်စုံ ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ် အမြဲတည် ၏။
3Bela kaj majesta estas Lia verko, Kaj Lia justeco restas eterne.
4အံ့ဘွယ် သော အမှုတော်တို့ကို အောက်မေ့ ဘို့ရာ စီရင် တော်မူပြီ။ ထာဝရဘုရား သည် ကျေးဇူးပြုတတ် သော သဘော၊ သနား စုံမက်တတ်သော သဘောနှင့် ပြည့်စုံ တော်မူ၏။
4Memorindaj Li faris Siajn miraklojn; Kompatema kaj favorkora estas la Eternulo.
5ကြောက်ရွံ့ ရိုသေသောသူတို့ကို ကျွေးမွေး တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အောက်မေ့ တော်မူ ၏။
5Li donas manĝon al tiuj, kiuj Lin timas; Li memoras eterne Sian interligon.
6အမှုတော် တို့၌ရှိသောတန်ခိုး ကို မိမိ လူ တို့အား ပြ ၍၊ တပါးအမျိုးသား တို့၏ အမွေ ကို ပေး တော်မူ၏။
6La potencon de Siaj fortoj Li aperigis al Sia popolo, Doninte al ili la heredon de gentoj.
7လက် တော်နှင့်ပြုသောအမှု တို့သည် သစ္စာ နှင့် ၎င်း၊ တရား နှင့်၎င်း ယှဉ်ကြ၏။ ပညတ် တော် အလုံးစုံ တို့သည် ဖေါက်ပြန် ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
7La faroj de Liaj manoj estas vero kaj justeco; Perfektaj estas ĉiuj Liaj ordonoj;
8သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ် ခြင်းနှင့် ယှဉ်သောကြောင့် ၊ အစဉ် အမြဲတည် ကြ၏။
8Ili estas fortikaj por eterne, Faritaj per vero kaj honesto.
9မိမိ လူ တို့၌ ရွေး တော်မူခြင်း ကျေးဇူးကို ပြု တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အမြဲထား တော်မူ ၏။ နာမ တော်သည် သန့်ရှင်း ၏။ ကြောက်ရွံ့ ရိုသေဘွယ် ဖြစ်၏။
9Liberigon Li sendis al Sia popolo; Li aranĝis por ĉiam Sian interligon. Sankta kaj respektinda estas Lia nomo.
10ထာဝရဘုရား ကို ကြောက်ရွံ သော သဘောသည် ပညာ ၏ အချုပ် အခြာဖြစ်၏။ ပညတ် တော်တို့ကို စောင့်ရှောက် သမျှ သောသူတို့ သည် ကောင်း သောဉာဏ် ရှိကြ၏။ ဂုဏ် အသရေတော်သည် အစဉ် အမြဲတည် သတည်း။
10Komenco de saĝeco estas timo antaŭ la Eternulo; Bonan prudenton havas ĉiuj plenumantoj. Lia gloro restas eterne.

Tip: use the ← and → keys to turn chapters.