ဆာလံ 54
Greek New Testament: Textus Receptus has no text for this chapter yet.
1အိုဘုရား သခင်၊ နာမ တော်အားဖြင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ တန်ခိုး တော်အားဖြင့် အကျွန်ုပ် ဘက် ၌ တရား စီရင်တော်မူပါ။
2အကျွန်ုပ် ပြုသောပဌနာ နှင့် အကျွန်ုပ် မြွက် သောစကား ကို နားထောင် နား ညောင်းတော်မူပါဘုရား။
3အကြောင်း မူကား၊ တကျွန်း တနိုင်ငံသားတို့သည် အကျွန်ုပ် ကို ရန်ဘက် ပြု၍ထကြပါပြီ။ ကြမ်းတမ်း သောသူတို့ သည် အကျွန်ုပ် အသက် ကို ရှာ ကြပါ၏။ ဘုရား သခင်၏ မျက်နှာတော်ကို မ ထောက် ကြပါ။
4ကြည့်ရှု လော့။ ဘုရား သခင်သည် ငါ့ ကို ကူမ တော်မူ၏။ ငါ့ အသက် ကိုထောက် ပင့်သောသူတို့တွင် ထာဝရ ဘုရားရှိတော်မူ၏။
5ငါ ၏ရန်သူ တို့အား မ ကောင်းသောအကျိုးကို ဆပ် ပေးတော်မူမည်။ သစ္စာ တော်ရှိသည်အတိုင်း သူ တို့ကို ပယ်ရှင်း တော်မူပါ။
6အကျွန်ုပ်သည်လည်း၊ စေတနာ စိတ်နှင့် ကိုယ်တော် အား ယဇ် ပူဇော်ပါမည်။ အိုထာဝရဘုရား ၊ နာမတော် ကို ချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ကောင်းမြတ် တော်မူ၏။
7အကျွန်ုပ် ကို ခပ်သိမ်း သော ဒုက္ခ ထဲက ကယ်နှုတ် တော်မူသဖြင့် ၊ အကျွန်ုပ် သည် ရန်သူ တို့ကို ကိုယ် မျက်စိ နှင့် မြင် ၍အားရပါ၏။
Tip: use the ← and → keys to turn chapters.