ဆာလံ 58
Greek New Testament: Textus Receptus has no text for this chapter yet.
1အိုလူ သား တို့၊ အကယ် စင်စစ်သင်တို့သည် စကား ဖြောင့် ကြသလော။
2တရား သဖြင့်စီရင် ကြသလော။ အကယ်စင်စစ်သင်တို့သည် မ တရားသော အကြံ ကို ကြံစည် ၍ မြေကြီး ပေါ် မှာ ကိုယ် လက် နှင့်ပြုသောညှဉ်းဆဲ ခြင်းကို ချိန် တတ် ကြ၏။
3မတရား သောသူတို့ သည် အမိဝမ်း ထဲ မှစ၍ရိုင်း သောသဘောရှိကြ၏။ မွေး ကတည်းက လမ်း လွှဲ၍ မုသာ စကားကို ပြော တတ်ကြ၏။
4သူ တို့အဆိပ် သည် မြွေ အဆိပ် နှင့် တူ ၏။ နားပင်း သော မြွေဆိုး သည် မိမိ နား ကို ပိတ် ၍၊
5လိမ္မာ သောအလမ္ပာယ် မြွက်ဆိုသော မန္တရား စကား ကို နား မ ထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။
6အိုဘုရား သခင်၊ သူ တို့ပစပ် ထဲမှာ သွား များကို ချိုး တော်မူပါ။ အို ထာဝရဘုရား ၊ ခြင်္သေ့ တို့၏ အံ သွားများ ကို ချိုး တော်မူပါ။
7ထိုသူ တို့သည် စီး သောရေ ကဲ့ သို့ ကွယ်ပျောက် ကြ ပါစေသော။ လေး ကိုတင်သောအခါ မြှား တို့သည် ကျိုး သကဲ့သို့ ဖြစ်ကြပါစေသော။
8ခရု သည် သွား စဉ်တွင်ရွေ့လျား သကဲ့သို့ ၎င်း၊ ပျက် သော ကိုယ်ဝန်သည် နေ ရောင်ကို မ မြင် ရသကဲ့သို့၎င်း ဖြစ်ကြပါစေသော။
9ဆူး ပင်နှင့်မွေးသော မီးပူမှန်းကို အိုး တို့သည် မ သိ မှီ၊ အသက် ရှင်သောဆူးပင်နှင့် မီးလောင်လျက်ရှိသော ဆူးပင်တို့ကို လေဘွေ တိုက်သွားပါစေသော။
10ဖြောင့်မတ် သောသူသည် ထိုသို့သောဒဏ် ပေး ခြင်းကို မြင် ၍ ဝမ်းမြောက် ပါလိမ့်မည်။
11မတရား သောသူတို့၏ အသွေး ၌ မိမိ ခြေ တို့ကို ဆေး ပါလိမ့်မည်။ သူတပါး ကလည်း၊ ဖြောင့်မတ် သောသူ သည် အကျိုး ကိုဧကန်အမှန် ခံရ၏။ မြေကြီး ပေါ် မှာတရား စီရင်သောဘုရား သခင်သည်ဧကန်အမှန် ရှိ တော်မူသည်ဟုဝန်ခံ ကြပါလိမ့်မည်။
Tip: use the ← and → keys to turn chapters.