ဆာလံ

Old Testament

Chapter 5
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 5

Greek New Testament: Textus Receptus has no text for this chapter yet.

1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏စကား ကို နားထောင် တော်မူ၍၊ အကျွန်ုပ် မြည်တမ်း ခြင်းကို ဆင်ခြင် တော်မူပါ။

2အကျွန်ုပ် ၏ရှင် ဘုရင်၊ အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ကို ဆုတောင်း သည်ဖြစ်၍ ၊ အကျွန်ုပ် အော်ဟစ် သောအသံ ကို နားထောင် တော်မူပါ။

3အိုထာဝရဘုရား ၊ နံနက် အခါ အကျွန်ုပ် စကား သံကို ကြား တော်မူရပါ၏။ နံနက် အခါကိုယ်တော် ကို မျက်မှောက် ပြု၍ မြော်လင့် ပါမည်။

4ကိုယ်တော် သည် မ တရားသော အမှုကို နှစ်သက် သော ဘုရား မ ဟုတ်။ ဆိုး သောသူကို လက်ခံ တော်မ မူ။

5မိုက် သောသူသည် အထံတော်သို့ မ ဝင် ရ။ မ တရားသဖြင့် ပြု သောသူအပေါင်း တို့ကို မုန်း တော်မူ၏။

6မုသာ စကားပြော သောသူတို့ကို ဖျက်ဆီး တော်မူ ၏။ လူ အသက်ကိုသတ် တတ်သောသူနှင့် လှည့်စား တတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာ တော်မူ ၏။

7အကျွန်ုပ် မူကား ၊ များစွာ သော ကျေးဇူး တော်ကို ခံစားရသဖြင့်၊ အိမ် တော်သို့ရောက် ၍၊ ကိုယ်တော် ကို ကြောက်ရွံ့ သောစိတ် နှင့် သန့်ရှင်း သော ဗိမာန် တော်တွင် ကိုးကွယ် ပါလိမ့်မည်။

8အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ရန်သူ တို့ကြောင့် အကျွန်ုပ် ကို တရား တော်လမ်းထဲ သို့ပို့ဆောင် တော်မူပါ။ ကိုယ်တော် ၏လမ်း ကို အကျွန်ုပ် ရှေ့ မှာ ဖြောင့် စေတော်မူပါ။

9သူ တို့၏နှုတ် တွင် သစ္စာ မ ရှိပါ။ သူ တို့နှလုံး သည် အလွန် ဆိုးဝါး၏။ သူ တို့၏လည်ချောင်း သည် ဖွင့် ထား သော သင်္ချိုင်း တွင်းဖြစ်ပါ၏။ သူ တို့သည် လျှာ နှင့် ချော့မော့ တတ်ကြ၏။

10အိုဘုရား သခင်၊ သူ တို့အပေါ်မှာ အပြစ် ရောက် စေတော်မူပါ။ မိမိ တို့အကြံ အစည်အားဖြင့် လဲ ကြပါစေ သော။ ကိုယ်တော် ကို ပုန်ကန် သောသူဖြစ်၍ ၊ ပြစ်မှားသော အပြစ် များ သောကြောင့် ၊ သူ တို့ကို နှင်ထုတ် တော်မူ ပါ။

11ကိုယ်တော် ကို ကိုးစား သောသူတို့ မူကား ၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမ တော်ကို ချစ် သောသူတို့သည် ကိုယ်တော် ကြောင့် ဝမ်းသာ ရွှင်လန်းခြင်း ရှိကြပါစေသော။

12အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် သောသူကို ကောင်းကြီး ပေး၍ ကျေးဇူး တော်အားဖြင့် ကွယ်ကာ စောင့်မ တော်မူလိမ့်သတည်း။

Tip: use the ← and → keys to turn chapters.