ဆာလံ 149
Greek New Testament: Textus Receptus has no text for this chapter yet.
1ထာဝရဘုရား ရှေ့ တော်၌ အသစ် သောသီချင်း ကို ဆို ၍၊ သန့်ရှင်း သူတို့ စည်းဝေး ရာ၌ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။
2ဣသရေလ အမျိုးသည် မိမိ ကိုဖန်ဆင်း တော်မူသောဘုရားကိုအမှီပြု ၍ ဝမ်းမြောက် စေ။ ဇိအုန် သား တို့သည် မိမိ တို့ရှင် ဘုရင်ကို အမှီပြု ၍ ရွှင်လန်း ကြစေ။
3သူတို့သည် ကခုန် လျက် နာမတော် ကို ချီးမွမ်း ကြစေ။ ပတ်သာ နှင့် စောင်း ကို တီးလျက် ထောမနာ သီချင်း ဆိုကြစေ။
4အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိ လူစု ကို နှစ်သက် တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ကို ကယ်တင် ခြင်းအားဖြင့် အသရေ တင့်တယ်စေတော်မူ၏။
5သန့်ရှင်း သူတို့သည် ဘုန်းကြီး ၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ် ရာပေါ် မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ။
6တပါးအမျိုးသား တို့အား တရားအတိုင်း အပြစ် ပေး ၍၊ လူစု တို့အား ဒဏ်ခတ် ခြင်းငှါ၎င်း၊
7သူ တို့၏ ရှင် ဘုရင်များကို သံကြိုး နှင့် ချည်နှောင် ၍၊ မှူးမတ် များ ကို သံ ခြေချင်း ခတ်ခြင်းငှါ ၎င်း၊
8ကျမ်းစာ ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူ တို့အား ပြု ခြင်းငှါ ၎င်း၊ သန့်ရှင်းသူတို့သည် ဘုရား သခင်၏ဂုဏ် တော်ကို နှုတ် နှင့် ချီးမွမ်း၍၊ သန်လျက် ကို လက် နှင့် ကိုင်ကြစေ။
9ထာဝရ ဘုရား၏ သန့်ရှင်း သူအပေါင်း တို့သည် ထိုသို့သော ဘုန်း နှင့်ဆိုင်ကြ၏။ ဟာလေလုယ ။
Tip: use the ← and → keys to turn chapters.