ဆာလံ 52
Greek New Testament: Textus Receptus has no text for this chapter yet.
1အားကြီး သော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွား သနည်း။ ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် မပြတ်တည်၏။
2သင် ၏လျှာ သည် ထက် သောသင်တုန်း ကဲ့သို့ လှည့်စား သဖြင့်၊ သူ့အကျိုး ကို ဖျက်ခြင်းအမှု ကို ပြုစု တတ်၏။
3သင်သည် သုစရိုက် ထက် ဒုစရိုက် ကို၎င်း၊ ဖြောင့်မတ် သောစကား ထက် မုသာ စကားကို၎င်းသာ၍နှစ်သက် တတ်၏။
4အိုလှည့်စား တတ်သောလျှာ ၊ သင်သည် ပျက်စီး သော စကား ရှိသမျှ တို့ကို နှစ်သက် တတ်၏။
5အကယ် စင်စစ်ဘုရား သခင်သည် သင့် ကို အစဉ် အမြဲချိုးဖျက် ပယ်ရှင်းလျက် ၊ သင် ၏နေရာ ထဲက နှင်ထုတ် ၍ ၊ အသက် ရှင်သောသူတို့၏ နေရာ ထဲက နှုတ် ပစ်တော်မူမည်။
6ဖြောင့်မတ် သောသူတို့ သည်မြင် ၍ ကြောက်ရွံ့ ကြလိမ့်မည်။
7ဘုရား သခင်ကိုမ ခိုလှုံ ၊ မိမိ ဥစ္စာ ကြွယ်ဝ ခြင်း၌ ကိုးစား ၍ ၊ မိမိ ဒုစရိုက် ၌ ခိုင်ခံ့ သောသူကို ကြည့် ပါဟူ၍သူ ၌ ရယ် ကြလိမ့်မည်။
8ငါ မူကား ၊ ဘုရား သခင်၏အိမ် တော်၌ စိမ်းလန်း သောသံလွင် ပင်ကဲ့သို့ ဖြစ်၍၊ ဘုရား သခင်၏ ကရုဏာ တော်၌ ကာလ အစဉ်အမြဲကိုးစား မည်။
9ကိုယ်တော်စီရင် တော်မူသောကြောင့် ၊ အကျွန်ုပ် သည် ကိုယ်တော် ကို ကာလ အစဉ်အမြဲ ချီးမွမ်း ပါမည်။ ကောင်းမြတ် တော်မူသောကြောင့် ၊ ကိုယ်တော် ၏သန့်ရှင်း သူတို့ရှေ့ မှာ နာမတော် ကို မြော်လင့် ပါမည်။
Tip: use the ← and → keys to turn chapters.