ဆာလံ 52
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1အားကြီး သော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွား သနည်း။ ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် မပြတ်တည်၏။
1Why do you boast of evil, O mighty man? The loving devotion of God endures all day long.
2သင် ၏လျှာ သည် ထက် သောသင်တုန်း ကဲ့သို့ လှည့်စား သဖြင့်၊ သူ့အကျိုး ကို ဖျက်ခြင်းအမှု ကို ပြုစု တတ်၏။
2Your tongue devises destruction like a sharpened razor, O worker of deceit.
3သင်သည် သုစရိုက် ထက် ဒုစရိုက် ကို၎င်း၊ ဖြောင့်မတ် သောစကား ထက် မုသာ စကားကို၎င်းသာ၍နှစ်သက် တတ်၏။
3You love evil more than good, falsehood more than speaking truth. Selah
4အိုလှည့်စား တတ်သောလျှာ ၊ သင်သည် ပျက်စီး သော စကား ရှိသမျှ တို့ကို နှစ်သက် တတ်၏။
4You love every word that devours, O deceitful tongue.
5အကယ် စင်စစ်ဘုရား သခင်သည် သင့် ကို အစဉ် အမြဲချိုးဖျက် ပယ်ရှင်းလျက် ၊ သင် ၏နေရာ ထဲက နှင်ထုတ် ၍ ၊ အသက် ရှင်သောသူတို့၏ နေရာ ထဲက နှုတ် ပစ်တော်မူမည်။
5Surely God will bring you down to everlasting ruin; He will snatch you up and tear you away from your tent; He will uproot you from the land of the living. Selah
6ဖြောင့်မတ် သောသူတို့ သည်မြင် ၍ ကြောက်ရွံ့ ကြလိမ့်မည်။
6The righteous will see and fear; they will mock the evildoer, saying,
7ဘုရား သခင်ကိုမ ခိုလှုံ ၊ မိမိ ဥစ္စာ ကြွယ်ဝ ခြင်း၌ ကိုးစား ၍ ၊ မိမိ ဒုစရိုက် ၌ ခိုင်ခံ့ သောသူကို ကြည့် ပါဟူ၍သူ ၌ ရယ် ကြလိမ့်မည်။
7“Look at the man who did not make God his refuge, but trusted in the abundance of his wealth and strengthened himself by destruction.”
8ငါ မူကား ၊ ဘုရား သခင်၏အိမ် တော်၌ စိမ်းလန်း သောသံလွင် ပင်ကဲ့သို့ ဖြစ်၍၊ ဘုရား သခင်၏ ကရုဏာ တော်၌ ကာလ အစဉ်အမြဲကိုးစား မည်။
8But I am like an olive tree flourishing in the house of God; I trust in the loving devotion of God forever and ever.
9ကိုယ်တော်စီရင် တော်မူသောကြောင့် ၊ အကျွန်ုပ် သည် ကိုယ်တော် ကို ကာလ အစဉ်အမြဲ ချီးမွမ်း ပါမည်။ ကောင်းမြတ် တော်မူသောကြောင့် ၊ ကိုယ်တော် ၏သန့်ရှင်း သူတို့ရှေ့ မှာ နာမတော် ကို မြော်လင့် ပါမည်။
9I will praise You forever, because You have done it. I will wait on Your name— for it is good— in the presence of Your saints.
Tip: use the ← and → keys to turn chapters.