ဆာလံ

Old Testament

Chapter 86
Judson Burmese Bible (18…
vs Berean Standard Bi…
Aa
Text size
Line width
Verse numbers

ဆာလံ 86

Judson Burmese Bible (1840)
Berean Standard Bible
1အိုထာဝရဘုရား ၊ နား တော်ကို လှည့်၍ အကျွန်ုပ် စကားကို နားထောင် တော်မူပါ။ အကျွန်ုပ် သည် ဆင်းရဲ ငတ်မွတ် ပါ၏။
1Incline Your ear, O LORD, and answer me, for I am poor and needy.
2အကျွန်ုပ် ၏ ဘုရား သခင်၊ သန့်ရှင်း သူတို့အဝင် ဖြစ်သော အကျွန်ုပ် ၏ ဝိညာဉ် ကိုစောင့်မ ၍၊ ကိုယ်တော် ကို ကိုးစား သော ကိုယ်တော် ၏ကျွန် ကို ကယ်တင် တော်မူပါ။
2Preserve my soul, for I am godly. You are my God; save Your servant who trusts in You.
3အို ထာဝရ ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော် ကို အစဉ် အော်ဟစ် ပါသည်ဖြစ်၍ ၊ ကယ် မသနားတော်မူပါ။
3Be merciful to me, O Lord, for I call to You all day long.
4အို ထာဝရ ဘုရား၊ ကိုယ်တော် ကို အကျွန်ုပ် တသ ပါသည်ဖြစ်၍၊ ကိုယ်တော် ၏ကျွန် သည် ဝမ်းမြောက် မည်အကြောင်းပြုတော်မူပါ။
4Bring joy to Your servant, for to You, O Lord, I lift up my soul.
5အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကောင်း သောသဘော၊ သည်းခံ တတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော် ကို ပဌနာ ပြုသော သူအပေါင်း တို့အား ကရုဏာ တော်ကြွယ်ဝ ပါ၏။
5For You, O Lord, are kind and forgiving, rich in loving devotion to all who call on You.
6အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာ စကားကို နားထောင် တော်မူပါ။ အသနား တော်ခံသော စကား သံကို မှတ် တော်မူပါ။ ဘေး ရောက်သည် ကာလ ၊ ကိုယ်တော် ကို ခေါ် ပါမည်။
6Hear my prayer, O LORD, and attend to my plea for mercy.
7ကိုယ်တော်လည်း ထူး တော်မူ တတ်ပါ၏။
7In the day of my distress I call on You, because You answer me.
8အို ထာဝရ ဘုရား၊ ဘုရား တို့တွင် ကိုယ်တော် နှင့် တူသော ဘုရားမ ရှိပါ။ အမှု တော်နှင့် တူသော အမှုလည်း မ ရှိပါ။
8O Lord, there is none like You among the gods, nor any works like Yours.
9အို ထာဝရ ဘုရား၊ ဖန်ဆင်း တော်မူသောလူမျိုး အပေါင်း တို့သည် ချဉ်းကပ် လျက် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ နာမ တော်ကို ချီးမြှောက် ကြပါလိမ့်မည်။
9All the nations You have made will come and bow before You, O Lord, and they will glorify Your name.
10ကိုယ်တော် သည် ကြီးမြတ် ၍ အံ့ဩ ဘွယ်တို့ကို ပြု တော်မူ၏။ ကိုယ်တော် တပါး တည်းသာလျှင် ဘုရား သခင် ဖြစ်တော်မူ၏။
10For You are great and perform wonders; You alone are God.
11အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်း ကို အကျွန်ုပ် အား ပြညွှန် တော်မူပါ။ ကိုယ်တော် ၏ သမ္မာတရား လမ်းသို့ လိုက်သွား ပါမည်။ နာမ တော်ကို ကြောက်ရွံ့ မည်အကြောင်း ၊ အကျွန်ုပ် ၏နှလုံး ကို စေ့စပ် စေတော်မူပါ။
11Teach me Your way, O LORD, that I may walk in Your truth. Give me an undivided heart, that I may fear Your name.
12အကျွန်ုပ် ၏ ဘုရား သခင်ထာဝရ ဘုရား၊ အကျွန်ုပ် သည် ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍ ၊ နာမ တော်ကို အစဉ် အမြဲချီးမြှောက် ပါမည်။
12I will praise You, O Lord my God, with all my heart; I will glorify Your name forever.
13အကျွန်ုပ် ခံရ သောကရုဏာ တော်ကြီး လှပါ၏။ အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏ နိုင်ငံအောက် အရပ်ထဲက ကယ်နှုတ် တော်မူပြီ။
13For great is Your loving devotion to me; You have delivered me from the depths of Sheol.
14အို ဘုရား သခင်၊ မာန ကြီးသောသူတို့ သည် အကျွန်ုပ် တဘက် ၌ ထ ကြ၍ ၊ ကြမ်းတမ်း သော လူ အစု အဝေးတို့သည် ကိုယ်တော် ကို မျက်မှောက် မ ပြုဘဲ၊ အကျွန်ုပ် အသက် ကို ရှာ ကြပါ၏။
14The arrogant rise against me, O God; a band of ruthless men seeks my life, with no regard for You.
15အို ထာဝရ ဘုရား၊ ကိုယ်တော် သည် သနား စုံမက် တတ် သော သဘော၊ ကျေးဇူး ပြုတတ် သော သဘော၊ သည်းခံ တတ်သောသဘော၊ ကရုဏာ နှင့် သစ္စာ ကြွယ်ဝသော သဘောနှင့် ပြည့်စုံ သောဘုရား ဖြစ်တော်မူ၏။
15But You, O Lord, are a compassionate and gracious God, slow to anger, abounding in loving devotion and faithfulness.
16အကျွန်ုပ် ကို မျက်နှာ ပြု၍ ကယ် မသနားတော်မူ ပါ။ ကိုယ်တော် ၏ကျွန် အား တန်ခိုး တော်ကိုပေး ၍၊ ကိုယ်တော် ၏ ကျွန် မသား ကို ကယ်တင် တော်မူပါ။
16Turn to me and have mercy; grant Your strength to Your servant; save the son of Your maidservant.
17အကျွန်ုပ် အား ကောင်း သော နိမိတ် လက္ခဏာကို ပြ တော်မူပါ။ အကျွန်ုပ် ကို မုန်း သောသူတို့သည် မြင် ၍ ရှက်ကြောက် ကြပါစေ။ အကြောင်း မူကား၊ အိုထာဝရ ဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို မစ ၍ ချမ်းသာ ပေးတော်မူ၏။
17Show me a sign of Your goodness, that my enemies may see and be ashamed; for You, O LORD, have helped me and comforted me.

Tip: use the ← and → keys to turn chapters.