ဆာလံ 94
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်ထာဝရဘုရား ၊ အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
1O LORD, God of vengeance, O God of vengeance, shine forth.
2မြေကြီး သားတို့ကို တရား ဆုံးဖြတ်တော်မူသောအရှင်၊ ထ တော်မူပါ။ မာနကြီး သောသူတို့ အား အကျိုး အပြစ် ကို ဆပ်ပေး တော်မူပါ။
2Rise up, O Judge of the earth; render a reward to the proud.
3အိုထာဝရဘုရား ၊ မ တရားသောသူတို့ သည် အဘယ် မျှကာလ ပတ်လုံး ဝမ်းမြောက် ကြပါလိမ့်မည်နည်း။
3How long will the wicked, O LORD, how long will the wicked exult?
4အဓမ္မ အမှုကို ပြု သမျှ သောသူတို့သည် စော်ကား ၍၊ ကြမ်းတမ်း သော စကားကိုပြော လျက်၊ အဘယ် မျှ ကာလ ပတ်လုံး ဝါကြွား ကြပါလိမ့်မည်နည်း။
4They pour out arrogant words; all workers of iniquity boast.
5အိုထာဝရဘုရား ၊ သူတို့သည် ကိုယ်တော် ၏ လူ တို့ကို နှိပ်စက် ၍ ၊ အမွေ တော်ကို ညှဉ်းဆဲ ကြပါ၏။
5They crush Your people, O LORD; they oppress Your heritage.
6မုတ်ဆိုးမ နှင့် ဧည့်သည် ကို၎င်း၊ မိဘ မရှိသော သူငယ်ကို၎င်း သတ် ကြပါ၏။
6They kill the widow and the foreigner; they murder the fatherless.
7သို့ရာတွင် ၊ ထာဝရ ဘုရားသည် မ မှတ် တတ်ဟု ဆို ကြပါ၏။
7They say, “The LORD does not see; the God of Jacob pays no heed.”
8တိရစ္ဆာန် သဘောရှိသောသူ တို့၊ နားလည် ကြလော့။ လူမိုက် တို့၊ အဘယ် ကာလမှ ပညာ သတိကို ရကြလိမ့်မည်နည်း။
8Take notice, O senseless among the people! O fools, when will you be wise?
9နား ကို စိုက် ထားတော်မူသောသူသည် မ ကြား ရ သလော ။ မျက်စိ ကို ဖန်ဆင်း တော်မူသောသူသည် မ မြင် ရသလော။
9He who affixed the ear, can He not hear? He who formed the eye, can He not see?
10လူ အမျိုးမျိုးတို့ကို ဆုံးမ တော်မူသောသူသည် အပြစ် မ ပေးရသလော။ လူ တို့အား ပညာ အတတ်ကို သွန်သင် တော်မူသောသူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။
10He who admonishes the nations, does He not discipline? He who teaches man, does He lack knowledge?
11လူ တို့၏အကြံအစည် သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရဘုရား သိ တော်မူ၏။
11The LORD knows the thoughts of man, that they are futile.
12အို ထာဝရ ဘုရား၊ မတရား သောသူတို့အဘို့ တွင်း တူး စဉ်အခါ ၊ ဒုက္ခ နေ့ရက် ကာလနှင့် လွတ် ခြင်းချမ်းသာကို ပေးအံ့သောငှါ၊
12Blessed is the man You discipline, O LORD, and teach from Your law,
13ကိုယ်တော် ဆုံးမ ၍ ၊ တရား တော်ကိုသွန်သင် တော်မူသော သူ သည် မင်္ဂလာ ရှိပါ၏။
13to grant him relief from days of trouble, until a pit is dug for the wicked.
14ထာဝရဘုရား သည် မိမိ လူ တို့ကိုမ ပယ် ၊ အမွေ တော်ကို စွန့်ပစ် တော်မ မူ။
14For the LORD will not forsake His people; He will never abandon His heritage.
15တဖန် ဖြောင့်မတ် ခြင်းတရားဘက် ၌ စီရင် ဆုံးဖြတ်တော်မူ၍ ၊ သဘော ဖြောင့် သောသူအပေါင်း တို့ သည် နောက် တော်သို့လိုက်ကြပါလိမ့်မည်။
15Surely judgment will again be righteous, and all the upright in heart will follow it.
16လူဆိုး တို့ကို ဆီးတား၍ ငါ့ ဘက် မှာ အဘယ်သူ ထ မည်နည်း။ မ တရားသောသူတို့ ကို ဆီးတား ၍ ၊ ငါ့ ဘက် မှာ အဘယ်သူ နေ မည်နည်း။
16Who will rise up for me against the wicked? Who will stand for me against the workers of iniquity?
17ထာဝရဘုရား သည် ငါ့ ကိုမစ တော်မ မူလျှင်၊ ငါ့ ဝိညာဉ် သည် ဆိတ်ညံ ရာအရပ်၌ မ ကြာမမြင့်မှီနေရာ ကျရလိမ့်မည်။
17Unless the LORD had been my helper, I would soon have dwelt in the abode of silence.
18ငါ့ ခြေ ချော် လျက်ရှိသည်ဟု အကျွန်ုပ်ဆို သောအခါ ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ကရုဏာ သည် အကျွန်ုပ် ကိုထောက် မပါ၏။
18If I say, “My foot is slipping,” Your loving devotion, O LORD, supports me.
19အကျွန်ုပ် ၏ နှလုံး ထဲမှာ စိတ် များပြား သောအခါ ၊ ကိုယ်တော် သည် သက်သာ စေတော်မူသဖြင့်၊ အကျွန်ုပ် ၏ ဝိညာဉ် သည် ရွှင်လန်း ပါ၏။
19When anxiety overwhelms me, Your consolation delights my soul.
20မ တရားသောအကြံကို မင်း ၏အခွင့်နှင့် ပြုစု တတ်သော အဓမ္မ ရာဇ ပလ္လင်သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရပါမည်လော။
20Can a corrupt throne be Your ally— one devising mischief by decree?
21ဖြောင့်မတ် သောသူ၏အသက် ကို သတ်ခြင်းငှါစုဝေး ကြပါ၏။ အပြစ် မရှိသောသူကို သေ စေခြင်းငှါ စီရင် ကြပါ၏။
21They band together against the righteous and condemn the innocent to death.
22သို့သော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ ရဲတိုက် ဖြစ်တော်မူ၏။ ငါ ၏ဘုရား သခင်သည် ငါ ခိုလှုံ ရာ ကျောက် ဖြစ်တော်မူ၏။
22But the LORD has been my stronghold, and my God is my rock of refuge.
23သူ တို့၏အပြစ် ကို သူ တို့အပေါ် သို့ ရောက် စေတော်မူမည်။ အဓမ္မ အမှုကို ပြုစဉ်တွင်ပင် ပယ် ဖြတ်တော်မူ မည်။ ငါ တို့၏ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို ပယ် ဖြတ်တော်မူမည်။
23He will bring upon them their own iniquity and destroy them for their wickedness. The LORD our God will destroy them.
Tip: use the ← and → keys to turn chapters.