ဆာလံ

Old Testament

Chapter 33
Judson Burmese Bible (18…
vs Berean Standard Bi…
Aa
Text size
Line width
Verse numbers

ဆာလံ 33

Judson Burmese Bible (1840)
Berean Standard Bible
1ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း စွာ သီချင်းဆိုကြလော့။ ထောမနာ ပြုခြင်း အကျင့်သည် သဘောဖြောင့် သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။
1Rejoice in the LORD, O righteous ones; it is fitting for the upright to praise Him.
2စောင်း တီး၍ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ကြိုးဆယ် ပင်ရှိသောတူရိယာ နှင့် ထောမနာသီချင်း ဆို ကြလော့။
2Praise the LORD with the harp; make music to Him with ten strings.
3ရှေ့ တော်၌အသစ် သောသီချင်း ကို ဆို ကြလော့။ တံပိုး မှုတ်ခြင်းနှင့်တကွ သာယာ စွာ တီး ကြလော့။
3Sing to Him a new song; play skillfully with a shout of joy.
4အကြောင်း မူကား၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ် ပေ၏။ စီရင်တော်မူသမျှ သော အမှု တို့သည်လည်း သစ္စာ တရား နှင့် ညီကြ၏။
4For the word of the LORD is upright, and all His work is trustworthy.
5ဖြောင့်မတ် စွာကျင့်ခြင်းနှင့် တရား သဖြင့် စီရင်ခြင်း ကို နှစ်သက် တော်မူ၏။ ပထဝီမြေကြီး သည် ထာဝရဘုရား ၏ ကျေးဇူး တော်နှင့် ပြည့်ဝ လျက်ရှိ၏။
5The LORD loves righteousness and justice; the earth is full of His loving devotion.
6ထာဝရဘုရား ၏ နှုတ်ကပတ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို၎င်း၊ နှုတ် တော်အသက် အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာ များကို၎င်းဖန်ဆင်း တော်မူ၏။
6By the word of the LORD the heavens were made, and all the stars by the breath of His mouth.
7သမုဒ္ဒရာ ရေ ကို စုပုံ စုဝေး စေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံ ရာအရပ်တို့၌ သိုထား တော်မူ ၏။
7He piles up the waters of the sea; He puts the depths into storehouses.
8ထာဝရဘုရား ကို မြေကြီး တပြင်လုံး ကြောက်ရွံ့ စေ။ လောကီ နိုင်ငံ သားအပေါင်း တို့သည် ရိုသေ လေးမြတ်ကြစေ။
8Let all the earth fear the LORD; let all the people of the world revere Him.
9အကြောင်း မူကား၊ ထာဝရ ဘုရားမြွက်ဆို ၍ ၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ ၍၊ မိန့် တော်မူသည်အတိုင်း တည် လျက်နေ၏။
9For He spoke, and it came to be; He commanded, and it stood firm.
10ထာဝရဘုရား သည် တပါးအမျိုးသား တို့၏ တိုင်ပင် ခြင်းကို ပယ် တော်မူ၏။ လူစု တို့၏ကြံစည် ခြင်းကိုလည်း ဖျက်ဆီး တော်မူ၏။
10The LORD frustrates the plans of the nations; He thwarts the devices of the peoples.
11ထာဝရဘုရား ၏ ပြဌာန်း တော်မူခြင်းသည် ကာလ အနန္တနှင့် ဆိုင်၍၊ စိတ် နှလုံးတော်၏ အကြံ အစည်တို့သည် သား စဉ်မြေးဆက်အဆုံးတိုင်အောင် တည် ကြ လိမ့်မည်။
11The counsel of the LORD stands forever, the purposes of His heart to all generations.
12ထာဝရဘုရား သည် အကြင် အမျိုး ၏ ဘုရား ဖြစ်၍၊ အကြင်လူစု ကို မိမိ အမွေ ဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထို လူစုသည် မင်္ဂလာ ရှိ၏။
12Blessed is the nation whose God is the LORD, the people He has chosen as His inheritance!
13ထာဝရဘုရား သည် ကောင်းကင် ဘုံက ကြည့်ရှု ၍၊ လူ သား အပေါင်း တို့ကို မြင် တော်မူ၏။
13The LORD looks down from heaven; He sees all the sons of men.
14ကျိန်းဝပ် တော်မူရာ အရပ် က ကြည့်ရှု ၍၊ မြေကြီး ပေါ် မှာနေ သောသတ္တဝါအပေါင်း တို့ကို မှတ် တော်မူ၏။
14From His dwelling place He gazes on all who inhabit the earth.
15သူ တို့၏ စိတ် နှလုံးရှိသမျှ တို့ကို ဖန်ဆင်း ၍၊ သူ တို့ကျင့်သမျှ သောအကျင့် တို့ကိုလည်း ဆင်ခြင် တော်မူ ၏။
15He shapes the hearts of each; He considers all their works.
16ရှင်ဘုရင် မည်သည်ကား၊ များစွာ သောအလုံး အရင်းအားဖြင့် ချမ်းသာ မ ရ။ သူရဲ သည်လည်း ခွန်အား ကြီး သောအားဖြင့် ကယ်လွှတ် ခြင်းသို့မ ရောက်။
16No king is saved by his vast army; no warrior is delivered by his great strength.
17မြင်း သော်လည်း ဘေး လွတ်ခြင်းအမှုကို မ တတ် နိုင်။ ကြီးစွာ သော ခွန်အား ဗလဖြင့် မ ကယ် ယူနိုင်။
17A horse is a vain hope for salvation; even its great strength cannot save.
18ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ နှင့် ကရုဏာ တော်ကို ခိုလှုံ သောသူတို့သည်၊
18Surely the eyes of the LORD are on those who fear Him, on those whose hope is in His loving devotion
19သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ အစာ ခေါင်းပါး သည် ကာလ၌ အသက် ရှင်မည်အကြောင်း ၊ သူ တို့ကိုကြည့်ရှု လျက် ရှိတော်မူ၏။
19to deliver them from death and keep them alive in famine.
20ငါ တို့၏ဝိညာဉ် သည် ထာဝရဘုရား ကို မြော်လင့် လျက်နေ၏။ ထိုဘုရား သည် ငါ တို့ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။
20Our soul waits for the LORD; He is our help and our shield.
21သန့်ရှင်း သောနာမ တော်ကို ခိုလှုံ သောကြောင့် ၊ ငါ တို့သည် ထာဝရ ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြ၏။
21For our hearts rejoice in Him, since we trust in His holy name.
22အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစား သည်နှင့်အညီ ၊ အကျွန်ုပ် တို့အပေါ် မှာ ကရုဏာ တော် သက်ရောက် ပါစေသော။
22May Your loving devotion rest on us, O LORD, as we put our hope in You.

Tip: use the ← and → keys to turn chapters.