ဆာလံ 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ခွန်အား ဗလ တည်းဟူသောကိုယ်တော် ကို အကျွန်ုပ်ချစ် ပါ၏။
1I love You, O LORD, my strength.
2ထာဝရဘုရား သည် ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကိုကယ် လွှတ်သောသခင်၊ ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏ အကွယ် အကာ၊ ငါ့ ကိုကယ်တင် သော ဦးချို ၊ ငါ ၏ရဲတိုက် ဖြစ်တော်မူ၏။
2The LORD is my rock, my fortress, and my deliverer. My God is my rock, in whom I take refuge, my shield, and the horn of my salvation, my stronghold.
3ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်း လျှောက်၍ ရန်သူ တို့ လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။
3I will call upon the LORD, who is worthy to be praised; so shall I be saved from my enemies.
4သေ ခြင်းကြိုး တို့သည် ငါ့ ကိုဝိုင်း မိ၍ ၊ ဖျက်ဆီး တတ်သော ရေစီး ခြင်းကြောင့် ငါ ကြောက်လန့် ရ၏။
4The cords of death encompassed me; the torrents of chaos overwhelmed me.
5မရဏာ နိုင်ငံ၏ ကြိုး တို့သည်ဝိုင်း ၍၊ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကိုကျော့မိ လျက် ရှိ၏။
5The cords of Sheol entangled me; the snares of death confronted me.
6ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ထာဝရဘုရား ကို ခေါ် ၍ ၊ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ် သောအသံ ကို ဗိမာန် တော်ထဲ မှာကြား တော်မူ၍ ၊ အော်ဟစ်သောအသံသည် နား တော်ထဲ သို့ ဝင် လေ၏။
6In my distress I called upon the LORD; I cried to my God for help. From His temple He heard my voice, and my cry for His help reached His ears.
7ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ တောင် အမြစ် တို့သည် တရွေ့ရွေ့လှုပ်ရှား ကြ၏။
7Then the earth shook and quaked, and the foundations of the mountains trembled; they were shaken because He burned with anger.
8နှာခေါင်း တော်ထဲ က မီးခိုး ထွက် ၍ ၊ နှုတ် တော် ထဲ က မီး လောင်သောအားဖြင့်၊ မီးခဲ တောက် လေ၏။
8Smoke rose from His nostrils, and consuming fire came from His mouth; glowing coals blazed forth.
9မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ်လေ ၏။
9He parted the heavens and came down with dark clouds beneath His feet.
10ခေရုဗိမ် ကိုစီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာလျင် စွာ ပျံတော်မူ၏။
10He mounted a cherub and flew; He soared on the wings of the wind.
11မှောင်မိုက် ထဲမှာ ပုန်း ကွယ်တော်မူ၍၊ တခဲနက် သောရေ နှင့်ထူထပ်သော မိုဃ်း တိမ် တို့သည် ကိုယ်တော် ကို ကာရံ လျက်ရှိကြ၏။
11He made darkness His hiding place, and storm clouds a canopy around Him.
12ရှေ့ တော်၌ ရောင်ခြည် ကြောင့် တိမ် ထပ်တို့သည် မိုဃ်းသီး နှင့် မီးခဲ ပါလျက် လွင့် ကြ၏။
12From the brightness of His presence His clouds advanced— hailstones and coals of fire.
13ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ် မှာ မိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရား သည် အသံ တော်ကို လွှင့် တော်မူ၏။
13The LORD thundered from heaven; the voice of the Most High resounded— hailstones and coals of fire.
14လေးမြှား တော်တို့ကိုပစ် ၍ လျှပ်စစ် ပြက်စေ သဖြင့် ၊ ရန်သူ တို့ကို အရပ်ရပ်သို့ခွဲ ၍ ရှုံး စေတော်မူ၏။
14He shot His arrows and scattered the foes; He hurled lightning and routed them.
15ထိုအခါ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အပြစ်တင် ၍ နှာခေါင်း တော်ထဲက အသက် ရှု တော်မူသောအားဖြင့် ၊ သမုဒ္ဒရာ အောက် ပြင်နှင့် လောက တိုက် မြစ် တို့သည်ပွင့် လစ် ထင် ပေါ်လျက်ရှိကြ၏။
15The channels of the sea appeared, and the foundations of the world were exposed, at Your rebuke, O LORD, at the blast of the breath of Your nostrils.
16ထာဝရဘုရားသည် အထက် အရပ်က လက် တော်ကို ဆန့် ၍၊ တခဲ နက်သောရေ ထဲ က ငါ့ ကို ဆယ် ယူ တော်မူ၏။
16He reached down from on high and took hold of me; He drew me out of deep waters.
17ငါ့ ကိုမုန်း သောသူတည်းဟူသောငါပြိုင်၍မနိုင် နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ် လွှတ်တော်မူ၏။
17He rescued me from my powerful enemy, from foes too mighty for me.
18ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည်ငါ မှီခို ရာ ဖြစ်၍၊
18They confronted me in my day of calamity, but the LORD was my support.
19ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကို နှစ်သက် သောကြောင့် ကယ် လွှတ်တော်မူ၏။
19He brought me out into the open; He rescued me because He delighted in me.
20ငါ ဖြောင့်မတ် ခြင်းရှိသည်အလျောက် ၊ ထာဝရဘုရား သည် အကျိုး ကိုပေး ၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။
20The LORD has rewarded me according to my righteousness; He has repaid me according to the cleanness of my hands.
21အကြောင်း မူကား၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့ အစဉ်လိုက်၏။ ငါ ၏ဘုရား သခင့်ထံ မှ ပြစ်မှား ၍ မ သွား။
21For I have kept the ways of the LORD and have not wickedly departed from my God.
22စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံး အဖွဲ့တော်တို့ကို မ ပယ်၊
22For all His ordinances are before me; I have not disregarded His statutes.
23ရှေ့ တော်မှာဖြောင့်မတ် ၍ ၊ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။
23And I have been blameless before Him and kept myself from iniquity.
24ထိုကြောင့် ရှေ့ တော်မှာ ထင်ရှား သော ငါ ၏ ဖြောင့်မတ် ခြင်း၊ လက် စင်ကြယ် ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရား သည် ငါ ၌ အကျိုး ကိုပေး တော်မူပြီ။
24So the LORD has repaid me according to my righteousness, according to the cleanness of my hands in His sight.
25သနား တတ်သောသူအား ကိုယ်တော်သည် သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်း သဘောကို၎င်း၊
25To the faithful You show Yourself faithful, to the blameless You show Yourself blameless;
26သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို၎င်း ၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သောသဘော ကို၎င်းပြတော်မူ၏။
26to the pure You show Yourself pure, but to the crooked You show Yourself shrewd.
27နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော် သည် ကယ်တင် ၍ ၊ ထောင်လွှား သော မျက်နှာ ကိုမူကား ရှုတ်ချ တော်မူ၏။
27For You save an afflicted people, but You humble those with haughty eyes.
28အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ကို ထွန်း ၍၊ အကျွန်ုပ် ၏ဘုရား သခင်သည် အကျွန်ုပ် ၏မှောင်မိုက် ကို လင်း စေတော်မူ၏။
28For You, O LORD, light my lamp; my God lights up my darkness.
29အကျွန်ုပ်သည် ကိုယ်တော် ကို အမှီပြု ၍ ၊ တပ်ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြု လျက် မြို့ရိုး ကို ကျော် ၍ ဝင်ပါပြီ။
29For in You I can charge an army, and with my God I can scale a wall.
30ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သော သူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။
30As for God, His way is perfect; the word of the LORD is flawless. He is a shield to all who take refuge in Him.
31ထာဝရဘုရား မှ တပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ် မည်သော ကျောက် ရှိသနည်း။
31For who is God besides the LORD? And who is the Rock except our God?
32ထိုဘုရား သခင်သည် ငါ့ ကိုခွန်အား ခါးပန်းနှင့် စည်း ၍ ငါ သွားရာ လမ်း ကို ဖြောင့် စေ တော်မူ၏။
32It is God who arms me with strength and makes my way clear.
33ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင် ထားတော်မူ၏။
33He makes my feet like those of a deer and stations me upon the heights.
34ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင်၏။
34He trains my hands for battle; my arms can bend a bow of bronze.
35ကိုယ်တော် သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကို အပ် ၍ ၊ လက်ျာ လက်တော်အားဖြင့် မစ တော်မူ ၏။ သည်းခံ တော်မူခြင်းအားဖြင့် အကျွန်ုပ် သည် ချီးမြှောက် ခြင်းသို့ ရောက်ပါ။
35You have given me Your shield of salvation; Your right hand upholds me, and Your gentleness exalts me.
36အကျွန်ုပ် သွားသောလမ်း ကို ရှင်းလင်း ၍ ခြေ မ ချော် စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
36You broaden the path beneath me so that my ankles do not give way.
37အကျွန်ုပ် သည် ရန်သူ တို့ကို လိုက် ၍ မှီ သဖြင့် ၊ သူ တို့ကို မ ပယ်ရှင်း မှီတိုင်အောင်မ ပြန် ပါ။
37I pursued my enemies and overtook them; I did not turn back until they were consumed.
38သူ တို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ် နင်းပါ၏။
38I crushed them so they could not rise; they have fallen under my feet.
39အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော် သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။
39You have armed me with strength for battle; You have subdued my foes beneath me.
40အကျွန်ုပ် ကို မုန်း သောရန်သူတို့၏ လည်ပင်း ကို အကျွန်ုပ် ၌ အပ်၍၊ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။
40You have made my enemies retreat before me; I put an end to those who hated me.
41သူတို့သည် အော်ဟစ် ကြသောအခါ ၊ ကယ်တင် သောသူ မရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။
41They cried for help, but there was no one to save them— to the LORD, but He did not answer.
42ထိုအခါအကျွန်ုပ်သည် သူ တို့ကို လေတိုက် သော မြေမှုန့် ကိုကဲ့သို့ ၊ ညက်ညက် ချေပြီးမှ ၊ လမ်း ၌အမှိုက် ကို ကဲ့သို့ သွန်ပစ် လေ၏။
42I ground them as dust in the face of the wind; I trampled them like mud in the streets.
43လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍၊ တပါးအမျိုးသား တို့၏ အကဲအမှူး အရာ ၌ ခန့်ထား တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည်အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
43You have delivered me from the strife of the people; You have made me the head of nations; a people I had not known shall serve me.
44အကျွန်ုပ် စကား သံကို ကြား သည်ခဏခြင်းတွင် နားထောင် ပါ၏။ တပါး အမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ကြပါ၏။
44When they hear me, they obey me; foreigners cower before me.
45ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲ က တုန်လှုပ် လျက် ထွက်ကြပါ၏။
45Foreigners lose heart and come trembling from their strongholds.
46ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ၊ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
46The LORD lives, and blessed be my Rock! And may the God of my salvation be exalted—
47ငါ့ ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့ အောက် မှာ နှိမ့်ချ သောသူ ကား ဘုရား သခင်ပေတည်း။
47the God who avenges me and subdues nations beneath me,
48ရန်သူ တို့လက်မှ ငါ့ ကို ကယ် လွှတ်တော်မူ၏။ အကျွန်ုပ် တဘက်၌ ထ သောသူတို့အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကိုမြှောက် တင်၍၊ လုယူ ဖျက်ဆီးတတ် သောသူ ၏လက်မှ ကယ် လွှတ်တော်မူ၏။
48who delivers me from my enemies. You exalt me above my foes; You rescue me from violent men.
49ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ ၊ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်။
49Therefore I will praise You, O LORD, among the nations; I will sing praises to Your name.
50ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီး ကို အထူး သဖြင့်ကယ် လွှတ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍ အမျိုး အနွယ်အား ကာလအစဉ် အဆက် ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။
50Great salvation He brings to His king. He shows loving devotion to His anointed, to David and his descendants forever.
Tip: use the ← and → keys to turn chapters.