ဆာလံ 81
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1ငါ တို့ အစွမ်း သတ္တိတည်းဟူသော ဘုရား သခင်အား ရွှင်လန်းစွာ သီချင်း ဆိုကြလော့။ ယာကုပ် အမျိုး၏ ဘုရား သခင်အား ကျူးဧ သောအသံကို ပြုကြလော့။
1Sing for joy to God our strength; make a joyful noise to the God of Jacob.
2တုရိယာ မျိုးကိုဆောင် ကြ။ ပတ်သာ ကို၎င်း၊ သာယာ သော စောင်း နှင့် တယော ကို၎င်း ယူ ခဲ့ကြ။
2Lift up a song, strike the tambourine, play the sweet-sounding harp and lyre.
3လဆန်း နေ့၊ လပြည့် နေ့၊ ပွဲသဘင် နေ့ ၌ တံပိုး မှုတ်ကြ။
3Sound the ram’s horn at the New Moon, and at the full moon on the day of our Feast.
4ထိုသို့ ဣသရေလ အမျိုး၌ ထုံးဖွဲ့ ၍၊ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ဆုံးဖြတ် တော်မူ၏။
4For this is a statute for Israel, an ordinance of the God of Jacob.
5နား မ လည်သော စကား ကိုကြား ရာအရပ်၊ အဲဂုတ္တု ပြည် တဘက် ၌ ကြွသွား တော်မူသောအခါ ၊ ယောသပ် အမျိုး၌ ထိုသို့ သော သက်သေခံ ချက်ကို စီရင် တော်မူ၏။
5He ordained it as a testimony for Joseph when he went out over the land of Egypt, where I heard an unfamiliar language:
6ငါသည်သူ ၏ ပခုံး ကိုဝန် နှင့် လွတ် စေ၏။ သူ ၏ လက် ကိုလည်း ကယ်တင်ခြင်းတို့ အထဲ က နှုတ် ယူ၏။
6“I relieved his shoulder of the burden; his hands were freed from the basket.
7သင်သည်ဒုက္ခ ကိုခံရသောအခါ ၊ ငါ့ကိုခေါ် ၍ ငါသည်ချမ်းသာ ပေး၏။ မ ထင်ရှားသော မိုဃ်းကြိုး နေရာ ၌ ငါပြန် ပြော၏။ မေရိဘ ရေ နား မှာ သင့် ကို ငါစုံစမ်း ၏။
7You called out in distress, and I rescued you; I answered you from the cloud of thunder; I tested you at the waters of Meribah. Selah
8ငါ ၏လူစု ၊ နားထောင် လော့။ ငါမှာ ထားမည်။ အိုဣသရေလ အမျိုး၊ သင်သည် ငါ့ စကားကို နားထောင် ပါစေသော။
8Hear, O My people, and I will warn you: O Israel, if only you would listen to Me!
9သင် ၌ တပါး အမျိုး၏ ဘုရား မ ရှိ ရ။ တကျွန်း တနိုင်ငံဘုရား ကို မ ကိုးကွယ် ရ။
9There must be no strange god among you, nor shall you bow to a foreign god.
10ငါ သည်သင့် ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ သင် ၏နှုတ် ကို ကျယ်ကျယ်ဖွင့် လော့။ ဝပြော စွာ ကျွေး မည်။
10I am the LORD your God, who brought you up out of Egypt. Open wide your mouth, and I will fill it.
11ငါ ၏လူ များမူကား ၊ ငါ့ စကား ကို နား မ ထောင်ကြ။ ဣသရေလ အမျိုးသည် ငါ့ ကို အလို မ ရှိကြပါတကား။
11But My people would not listen to Me, and Israel would not obey Me.
12ငါသည်လည်း ထိုသူ တို့ကို သူ တို့ နှလုံး ခိုင်မာ ခြင်း၌ အပ် ၍၊ သူတို့သည် မိမိ တို့အလို သို့ လိုက် ကြ၏။
12So I gave them up to their stubborn hearts to follow their own devices.
13ငါ ၏လူစု သည် ငါ့ စကားကို နားထောင် ၍၊ ဣသရေလ အမျိုးသည် ငါ့ လမ်း ၌ လိုက် ပါစေသော။
13If only My people would listen to Me, if Israel would follow My ways,
14လိုက်လျှင် ငါသည်သူ တို့ရန်သူ များကို အလျင် အမြန် နှိပ်စက် ၍ ၊ ရန်ဘက် ပြုသောသူတို့ကို ဒဏ်ခတ် မည်။
14how soon I would subdue their enemies and turn My hand against their foes!
15ထာဝရဘုရား ကို မုန်း သောသူတို့သည် တောင်းပန် ခြင်းကို ပြု၍၊ ငါ၏ လူတို့သည်လည်း၊ အစဉ် အမြဲတည် ရသောအခွင့်ရှိ ကြလိမ့်မည်။
15Those who hate the LORD would feign obedience, and their doom would last forever.
16အကောင်း ဆုံးသော ဆန် စပါးနှင့် ငါကျွေး မည်။ ကျောက် ထဲ က ထွက်သောပျားရည် နှင့် လည်း ဝပြော စေမည်။
16But I would feed you the finest wheat; with honey from the rock I would satisfy you.”
Tip: use the ← and → keys to turn chapters.