ဆာလံ

Old Testament

Chapter 22
Judson Burmese Bible (18…
vs Berean Standard Bi…
Aa
Text size
Line width
Verse numbers

ဆာလံ 22

Judson Burmese Bible (1840)
Berean Standard Bible
1အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း။ အကျွန်ုပ် ကို မကယ်တင် ဘဲ အကျွန်ုပ် အော်ဟစ် သော စကား ကို နား မထောင်ဘဲ အဘယ်ကြောင့်အဝေး မှာနေတော်မူသနည်း။
1My God, my God, why have You forsaken me? Why are You so far from saving me, so far from my words of groaning?
2အကျွန်ုပ် ဘုရား ၊ နေ့ အခါအကျွန်ုပ်အော်ဟစ် သော်လည်း ၊ ကိုယ်တော်သည် နား မ ထောင်ပါ။ ညဉ့် အခါ အော်ဟစ်သော်လည်း သက်သာ ခြင်းသို့ မ ရောက်ပါ။
2I cry out by day, O my God, but You do not answer, and by night, but I have no rest.
3ကိုယ်တော် မူကား ၊ ဣသရေလ အမျိုးသားတို့ ချီးမွမ်း ရာ၌ ကျိန်းဝပ် လျက် သန့်ရှင်း ခြင်းရှိတော်မူ၏။
3Yet You are holy, enthroned on the praises of Israel.
4အကျွန်ုပ် တို့ဘိုးဘေး တို့သည် ကိုယ်တော် ကို ကိုးစား ကြပါ၏။ ကိုးစား ကြသည်တွင် ၊ ကိုယ်တော်သည် ကယ်တင် တော်မူ၏။
4In You our fathers trusted; they trusted and You delivered them.
5သူတို့သည် ကိုယ်တော် ကို အော်ဟစ် ၍ ကယ်တင် ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော် ကို ကိုးစား ၍ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြပါ၏။
5They cried out to You and were set free; they trusted in You and were not disappointed.
6အကျွန်ုပ် မူကား ၊ လူ မ ဟုတ်၊ ပိုး ကောင်မျှသာ ဖြစ်ပါ၏။ လူ များ ကဲ့ရဲ့ စရာ၊ လူစု အရှက် ခွဲစရာဘို့ ဖြစ်ပါ၏။
6But I am a worm and not a man, scorned by men and despised by the people.
7အကျွန်ုပ် ကိုမြင် သမျှ သောသူတို့သည် ပြက်ယယ် ပြုခြင်း၊ နှုတ်ခမ်း ဖြဲ ခြင်း၊ ခေါင်း ညိတ် ခြင်းကို ပြုကြပါ၏။
7All who see me mock me; they sneer and shake their heads:
8သူသည် ထာဝရဘုရား ကို ကိုးစား ပြီ၊ သူ့ ကို နှုတ် တော်မူပါလေစေ။ သူ ၌ အလို ရှိလျှင် ယခု ပင် ကယ်တင် တော်မူပါလေစေဟု ဆိုကြပါ၏။
8“He trusts in the LORD, let the LORD deliver him; let the LORD rescue him, since He delights in him.”
9သို့သော်လည်း ကိုယ်တော် သည် အကျွန်ုပ် ကို အမိဝမ်း ထဲ က ဆွဲယူ ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။
9Yet You brought me forth from the womb; You made me secure at my mother’s breast.
10အကျွန်ုပ်သည် ဘွား ကတည်း ကပင် လက် တော် သို့ ရောက် ပါ၏။ အမိ ဝမ်း ထဲ မှစ၍ကိုယ်တော် သည် အကျွန်ုပ် ဘုရား သခင်ဖြစ်တော်မူပါပြီ။
10From birth I was cast upon You; from my mother’s womb You have been my God.
11အကျွန်ုပ် နှင့် ဝေး ဝေးနေတော်မ မူပါနှင့်။ ဘေး အန္တရာယ် ရောက်လုနီး ပါပြီ။ မစ သောသူမ ရှိပါ။
11Be not far from me, for trouble is near and there is no one to help.
12နွားလား ဥသဘတို့သည် အကျွန်ုပ် ကိုဝိုင်း ၍၊ အားကြီး သော ဗာရှန် ဥသဘတို့သည် ဝန်းရံ လျက် နေကြ ပါ၏။
12Many bulls surround me; strong bulls of Bashan encircle me.
13ကိုက် ဖြတ်၍ ဟောက် တတ်သော ခြင်္သေ့ ကဲ့သို့အကျွန်ုပ် ကို ပစပ် ဟ ကြပါ၏။
13They open their jaws against me like lions that roar and maul.
14အကျွန်ုပ်သည် ရေ ကဲ့သို့ သွန် ခြင်းကို ခံရ၍ ၊ အရိုး အဆစ်ရှိသမျှ တို့သည် ပြုတ် ကြပါ၏။ အကျွန်ုပ် နှလုံး သည် ဘယောင်း ကဲ့သို့ ဖြစ်၍ ၊ ရင် ထဲမှာ အရည် ကျိုလျက် ရှိပါ၏။
14I am poured out like water, and all my bones are disjointed. My heart is like wax; it melts away within me.
15အကျွန်ုပ် ခွန်အား သည် အိုး ခြမ်းကဲ့သို့ ခန်းခြောက် ၍ ၊ လျှာ လည်း ပါး ရိုး၌ ကပ် လျက်ရှိပါ၏။ အကျွန်ုပ် ကို သေ မြေ တိုင်အောင်ချ တော်မူပါပြီ။
15My strength is dried up like a potsherd, and my tongue sticks to the roof of my mouth. You lay me in the dust of death.
16ခွေး တို့သည် အကျွန်ုပ် ကိုဝိုင်း လျက်၊ စုဝေး သော လူဆိုး တို့သည် ဝန်းရံ လျက်နေ၍ ၊ အကျွန်ုပ် ၏ လက် ခြေ တို့ကို ထိုးဖောက် ကြပါပြီ။
16For dogs surround me; a band of evil men encircles me; they have pierced my hands and feet.
17ကိုယ် အရိုး ရှိသမျှ တို့ကို အကျွန်ုပ်ရေတွက် နိုင် ပါ၏။ သူ တို့သည် အကျွန်ုပ် ကိုကြည့် မြင်၍ အား ရလျက် နေကြပါ၏။
17I can count all my bones; they stare and gloat over me.
18အကျွန်ုပ် အဝတ် ကို အချင်းချင်း ဝေဖန် ၍ ၊ အကျွန်ုပ် အင်္ကျီ ကို စာရေးတံ ချ ကြပါ၏။
18They divide my garments among them and cast lots for my clothing.
19အိုထာဝရဘုရား ၊ အကျွန်ုပ်နှင့်ဝေး ဝေးနေတော် မ မူပါနှင့်။ အကျွန်ုပ် ခွန်အား ဗလ၊ အကျွန်ုပ် ကို မစ ခြင်းငှါအလျင်အမြန်ကြွလာ တော်မူပါ။
19But You, O LORD, be not far off; O my Strength, come quickly to help me.
20အကျွန်ုပ် အသက် ကို ထား ဘေးမှ ၎င်း၊ အကျွန်ုပ် အချစ် ဆုံးကို ခွေး လက် မှ ၎င်း ကယ် လွတ်တော်မူပါ။
20Deliver my soul from the sword, my precious life from the power of wild dogs.
21ခြင်္သေ့ ခံတွင်း မှ အကျွန်ုပ် ကိုကယ် တင်၍ ၊ ကြံ့ ဦးချို ထဲ မှာ အကျွန်ုပ် ခေါ်သောအသံကို နားထောင် တော်မူ ပါ။
21Save me from the mouth of the lion; at the horns of the wild oxen You have answered me!
22အကျွန်ုပ် သည် သိတင်း တော်ကို ညီအစ် ကိုတို့ အား ကြား ပြောပါမည်။ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ပါမည်။
22I will proclaim Your name to my brothers; I will praise You in the assembly.
23ထာဝရဘုရား ကို ကြောက်ရွံ့ သော အချင်းတို့၊ ချီးမွမ်း ခြင်းကို ပြုကြလော့။ ယာကုပ် အမျိုး အပေါင်း တို့၊ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုး အပေါင်း တို့၊ ကိုယ်တော် ကို ကြောက်ရွံ့ ကြလော့။
23You who fear the LORD, praise Him! All descendants of Jacob, honor Him! All offspring of Israel, revere Him!
24အကြောင်း မူကား၊ နှိမ့်ချ လျက်ရှိသောသူ၏ နှိမ့်ချ သောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်။ မျက်နှာ တော်ကိုမ လွှဲ ၊ အော်ဟစ် သောအခါ နားထောင် တော်မူပြီ။
24For He has not despised or detested the torment of the afflicted. He has not hidden His face from him, but has attended to his cry for help.
25အကျွန်ုပ်သည် မဟာ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့ ရှေ့ မှာ၊ သစ္စာ ဂတိထားသည်အတိုင်း သစ္စာ ဝတ်ကို ဖြေပါမည်။
25My praise for You resounds in the great assembly; I will fulfill my vows before those who fear You.
26နှိမ့်ချ လျက်ရှိသောသူတို့ သည် ဝ စွာစား ရကြ လိမ့်မည်။ ထာဝရဘုရား ကိုရှာ သောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင် တို့စိတ် နှလုံးသည် အစဉ် အမြဲအား ဖြည့်ရလိမ့်မည်။
26The poor will eat and be satisfied; those who seek the LORD will praise Him. May your hearts live forever!
27မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။
27All the ends of the earth will remember and turn to the LORD. All the families of the nations will bow down before Him.
28အကြောင်း မူကား၊ ထာဝရဘုရား သည် စိုးစံ ပိုင်တော်မူ၏။ လူမျိုး တို့ကို မင်း ပြုတော်မူ၏။
28For dominion belongs to the LORD and He rules over the nations.
29မြေကြီး ပေါ်မှာ ကြွယ်ဝ သောသူအပေါင်း တို့ သည် စား ၍ ကိုးကွယ် ကြလိမ့်မည်။ ကိုယ် အသက် ကိုမ စောင့် နိုင်။ မြေမှုန့် သို့ဆင်း ရသောသူအပေါင်း တို့သည်လည်း၊ ရှေ့ တော်၌ ညွတ် ပြတ်ဝပ်တွားကြလိမ့်မည်။
29All the rich of the earth will feast and worship; all who go down to the dust will kneel before Him— even those unable to preserve their lives.
30သူ တို့အမျိုး အနွယ်သည်လည်း ဝတ် တော်ကို ပြုသဖြင့်၊ လူအစဉ် အဆက်တို့သည် ထာဝရ ဘုရား၏ သိတင်းတော်ကို ကြား ရကြလိမ့်မည်။
30Posterity will serve Him; they will declare the Lord to a new generation.
31ဤသို့ စီရင် တော်မူပြီးမှသူတို့သည်ပေါ် လာ၍ ၊ တရား သောအမှုတော်ကိုဘွား သောလူမျိုး အား ဘော်ပြ ရကြလိမ့်မည်။
31They will come and proclaim His righteousness to a people yet unborn— all that He has done.

Tip: use the ← and → keys to turn chapters.