ဆာလံ 32
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1အပြစ် မှလွှတ် ခြင်း၊ ဒုစရိုက် အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာ ရှိ၏။
1Blessed is he whose transgressions are forgiven, whose sins are covered.
2ထာဝရဘုရား အပြစ် တင် တော်မူခြင်းနှင့် လွတ် ၍ ၊ လှည့်စား တတ်သောစိတ် သဘောနှင့် ကင်းစင် သောသူ သည် မင်္ဂလာ ရှိ၏။
2Blessed is the man whose iniquity the LORD does not count against him, in whose spirit there is no deceit.
3ငါ သည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံး ညည်းတွား သောအားဖြင့် ၊ ငါ့ အရိုး တို့သည် ဆွေးမြေ့ ခြင်းသို့ ရောက်ကြ၏။
3When I kept silent, my bones became brittle from my groaning all day long.
4နေ့ ညဉ့်မပြတ် ကိုယ်တော် ၏လက် သည် အကျွန်ုပ် အပေါ် မှာ လေး ၍ ၊ အကျွန်ုပ် ၏ ချွေး ရည်သည် နွေ ကာလ၌ သွေ့ခြောက် ခြင်းကဲ့သို့ ဖြစ် ပါ၏။
4For day and night Your hand was heavy upon me; my strength was drained as in the summer heat. Selah
5တဖန် အကျွန်ုပ် သည် ကိုယ် အပြစ် ကိုရှေ့တော်၌ ဝန်ချ ပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက် ၍မ ထားပါ။ ငါ လွန်ကျူး သောအရာကို ထာဝရဘုရား အား ဘော်ပြ တောင်းပန်မည်ဟုပြော ဆိုသောအခါ၊ ကိုယ်တော် သည် အကျွန်ုပ် ပြစ်မှား ခြင်းအပြစ် ကို လွှတ် တော်မူ၏။
5Then I acknowledged my sin to You and did not hide my iniquity. I said, “I will confess my transgressions to the LORD,” and You forgave the guilt of my sin. Selah
6ထိုကြောင့် ကိုယ်တော် ကို တွေ့ သင့်သော အချိန် ကာလ ၌ ၊ သန့်ရှင်း သူအပေါင်း တို့သည် ရှေ့တော်၌ တောင်း လျှောက်ကြပါလိမ့်မည်။ အကယ် စင်စစ်လွှမ်းမိုး တတ်သောရေ ကြီး သည် သူ တို့ထံ သို့မ ချဉ်း ရပါ။
6Therefore let all the godly pray to You while You may be found. Surely when great waters rise, they will not come near.
7ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ ၏။ အကျွန်ုပ် ကို ဘေး လွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ် ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ် ကို ခြံရံ စေတော်မူ၏။
7You are my hiding place. You protect me from trouble; You surround me with songs of deliverance. Selah
8သင့် ကိုငါသွန်သင် မည်။ သင် သွား ရမည့်လမ်း ကို ပြ ညွှန်မည်။ သင့် ကိုကြည့်ရှု ပြုစုမည်။ ဉာဏ် ပညာမဲ့ သော မြင်း လား ကဲ့ သို့မ ဖြစ် နှင့်။
8I will instruct you and teach you the way you should go; I will give you counsel and watch over you.
9သူ သည်သင့် ထံ သို့မ ချဉ်းကပ် သောကြောင့်၊ ပစပ်ကို ဇက် ခွံ့၍ ၊ ဇက်ကြိုး နှင့် ဆွဲ ရမည်။
9Do not be like the horse or mule, which have no understanding; they must be controlled with bit and bridle to make them come to you.
10မတရား သောသူသည် များ စွာသောဒုက္ခ ကို ခံရ၏။ ထာဝရဘုရား ၌ ကိုးစား သောသူကိုကား ၊ ကရုဏာ တော်သည် ဝန်းရံ တတ်၏။
10Many are the sorrows of the wicked, but loving devotion surrounds him who trusts in the LORD.
11ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ၌ ဝမ်းမြောက် ရွှင်လန်းကြလော့။ သဘော ဖြောင့် သောသူ တို့၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။
11Be glad in the LORD and rejoice, O righteous ones; shout for joy, all you upright in heart.
Tip: use the ← and → keys to turn chapters.