ဆာလံ 143
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ပဌနာ ကိုကြား ၍၊ ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ သစ္စာ စောင့် ခြင်း၊ ဖြောင့်မတ် ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြော တော်မူပါ။
1O LORD, hear my prayer. In Your faithfulness, give ear to my plea; in Your righteousness, answer me.
2ကိုယ်တော် ၏ကျွန် နှင့် တရား တွေ့ တော်မ မူပါ နှင့်။ အသက်ရှင် သောသူမည် သည်ကား၊ ရှေ့ တော်၌ အပြစ် ကင်းစင်ရာသို့ မ ရောက်ရပါ။
2Do not bring Your servant into judgment, for no one alive is righteous before You.
3ရန်သူ သည်အကျွန်ုပ် ၏ဝိညာဉ် ကို ညှဉ်းဆဲ ၍၊ အသက် ကိုလည်း မြေ တိုင်အောင် နှိပ် နင်း၍၊ ကြာမြင့် စွာ သေ နေသောသူကဲ့သို့ အကျွန်ုပ် ကို မှောင်မိုက် ထဲမှာ နေ စေပါ၏။
3For the enemy has pursued my soul, crushing my life to the ground, making me dwell in darkness like those long since dead.
4အကျွန်ုပ် သည်စိတ်ပျက် လျက် ၊ ကိုယ် အထဲ ၌ နှလုံး ကြေကွဲ လျက် ရှိပါ၏။
4My spirit grows faint within me; my heart is dismayed inside me.
5ရှေး လွန်လေပြီးသော ကာလကိုအောက်မေ့ ၍၊ အလုံးစုံ သော အမှု တော်တို့ကို၎င်း၊ လက် တော်နှင့်ပြုပြင် သော အရာများကို ၎င်းဆင်ခြင် ပါ၏။
5I remember the days of old; I meditate on all Your works; I consider the work of Your hands.
6ကိုယ်တော် ထံသို့ လက် တို့ကို ဆန့် ပါ၏။ သွေ့ခြောက် သောမြေ ကဲ့သို့ အကျွန်ုပ် ၏ဝိညာဉ် သည် ကိုယ်တော် ကို တောင့်တပါ၏။
6I stretch out my hands to You; my soul thirsts for You like a parched land. Selah
7အိုထာဝရဘုရား ၊ အလျင် အမြန်နားထောင် တော်မူပါ။ အကျွန်ုပ် သည် စိတ် ပျက် ပါပြီ။ မျက်နှာ လွှဲ တော်မူသဖြင့် ၊ တွင်း ထဲသို့ဆင်း သောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မ မူပါနှင့်။
7Answer me quickly, O LORD; my spirit fails. Do not hide Your face from me, or I will be like those who descend to the Pit.
8ကရုဏာ တော်စကားသံကို အလျင် အမြန်ကြား စေတော်မူပါ။ ကိုယ်တော် ၌ ကိုးစား ပါ၏။ ကိုယ်သွား ရမည် လမ်း ကို သိ စေတော်မူပါ။ ကိုယ်တော် ကို အကျွန်ုပ် တသ ပါ၏။
8Let me hear Your loving devotion in the morning, for I have put my trust in You. Teach me the way I should walk, for to You I lift up my soul.
9အိုထာဝရဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ကို ခိုလှုံ ပါ၏။
9Deliver me from my enemies, O LORD; I flee to You for refuge.
10အလိုတော် သို့လိုက် စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ဘုရား သခင်ဖြစ်တော်မူ၏။ ကောင်းမြတ် သောဝိညာဉ် တော်သည် ဖြောင့် သောလမ်း ၌ အကျွန်ုပ် ကိုသွေးဆောင် တော်မူပါစေသော။
10Teach me to do Your will, for You are my God. May Your good Spirit lead me on level ground.
11အိုထာဝရဘုရား ၊ နာမတော် အတွက် ကြောင့်၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ ဖြောင့်မတ် တော်မူသည် နှင့်အညီ ၊ အကျွန်ုပ် ၏ ဝိညာဉ် ကိုဆင်းရဲ ဒုက္ခအထဲက နှုတ်ယူ တော်မူပါ။
11For the sake of Your name, O LORD, revive me. In Your righteousness, bring my soul out of trouble.
12ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ၏ ရန်သူ တို့ကို ပယ်ရှင်း ၍ ၊ အကျွန်ုပ်ကို ညှဉ်းဆဲ သော သူအပေါင်း တို့ကို ဖျက်ဆီး တော်မူပါ။ အကျွန်ုပ် သည် ကိုယ်တော် ၏ကျွန် ဖြစ်ပါ၏။
12And in Your loving devotion, cut off my enemies. Destroy all who afflict me, for I am Your servant.
Tip: use the ← and → keys to turn chapters.