ဆာလံ 102
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Berean Standard Bible
1အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာ ကို နားထောင် တော်မူပါ။ အကျွန်ုပ် အော်ဟစ် ခြင်းအသံ သည် ရှေ့ တော်သို့ ရောက် ပါစေသော။
1Hear my prayer, O LORD; let my cry for help come before You.
2ဘေး ရောက်သည်ကာလ ၌ မျက်နှာ တော်ကို အကျွန်ုပ် မှ လွှဲ တော် မ မူပါနှင့်။ အကျွန်ုပ်ခေါ် သောအခါ နားထောင် တော်မူပါ။ အလျင် အမြန်ထူး တော်မူပါ။
2Do not hide Your face from me in my day of distress. Incline Your ear to me; answer me quickly when I call.
3အကြောင်း မူကား၊ အကျွန်ုပ် ၏ နေ့ရက် ကာလ သည် မီးခိုး ကဲ့သို့ ကုန် တတ်ပါ၏။ အကျွန်ုပ် ၏ အရိုး တို့ သည် မီး ချေးကဲ့သို့ ကျွမ်း ကြပါ၏။
3For my days vanish like smoke, and my bones burn like glowing embers.
4အကျွန်ုပ် ၏နှလုံး သည် မြက်ပင် ကဲ့သို့ အထိ အခိုက်ခံရ၍ ၊ ညှိုးနွမ်း လျက် ရှိပါ၏။ အစာ စား ခြင်း ကိစ္စကို ပင် မေ့လျော့ တတ်ပါ၏။
4My heart is afflicted, and withered like grass; I even forget to eat my bread.
5ကိုယ် ညည်းတွား ခြင်း အသံ ကြောင့် ၊ အကျွန်ုပ် ၏ အရိုး တို့သည် အရေ ၌ ကပ် လျက်ရှိကြပါ၏။
5Through my loud groaning my flesh clings to my bones.
6အကျွန်ုပ်သည် လွင်ပြင် ၌ နေသော ဝံပို ကဲ့သို့၎င်း၊ တော ၌နေသောဇိကွက် ကဲ့သို့ ၎င်း ဖြစ် ပါ၏။
6I am like a desert owl, like an owl among the ruins.
7အကျွန်ုပ်သည် အိမ်မိုး ပေါ် မှာ တ ကောင်တည်း နေရသော ငှက် ကဲ့သို့ ဖြစ် ၍ စောင့် လျက်နေရပါ၏။
7I lie awake; I am like a lone bird on a housetop.
8အကျွန်ုပ် ရန်သူ တို့သည် တ နေ့လုံးကဲ့ရဲ့ ကြပါ၏။ အကျွန်ုပ် တဘက်၌ စော်ကား သောသူတို့ သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆို တတ်ကြပါ၏။
8All day long my enemies taunt me; they ridicule me and curse me.
9စိတ် တော်မပြေ၊ အမျက် ထွက်တော်မူသောကြောင့် ၊ အကျွန်ုပ်သည် ပြာ ကိုမုန့် ကဲ့သို့ စား ရပါ၏။ သောက် သောအခါလည်း ၊ မျက်ရည် ရော ၍သောက်ရပါ၏။
9For I have eaten ashes like bread and mixed my drink with tears
10ကိုယ်တော်သည် အကျွန်ုပ် ကိုချီးမြှောက် ပြီးမှ အောက်သို့ချ တော်မူပြီ။
10because of Your indignation and wrath, for You have picked me up and cast me aside.
11အကျွန်ုပ် ၏နေ့ရက် တို့သည် ရှည်လျား သော အရိပ် ကဲ့သို့ ဖြစ်၍ ၊ မြက်ပင် ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်း ပါ၏။
11My days are like lengthening shadows, and I wither away like grass.
12အိုထာဝရဘုရား ၊ ကိုယ်တော် သည် နိစ္စ ထာဝရ ဖြစ်တော်မူ၏။ နာမ တော်သည် ကာလ အစဉ်အဆက် တည် ပါ၏။
12But You, O LORD, sit enthroned forever; Your renown endures to all generations.
13ထ တော်မူပါ။ ဇိအုန် မြို့ကို သနား တော်မူပါ။ ဇိအုန် မြို့ကို ကယ် မသနားရသောအချိန် ၊ ချိန်းချက် တော်မူ သောအချိန်ရောက် ပါပြီ။
13You will rise up and have compassion on Zion, for it is time to show her favor— the appointed time has come.
14ကိုယ်တော် ၏ ကျွန် တို့သည် ထိုမြို့ ၏ ကျောက်ခဲ တို့ကိုပင် နှစ်သက် ၍ ၊ သူ ၏မြေမှုန့် ကိုပင် စုံမက် ကြပါ၏။
14For Your servants delight in her stones and take pity on her dust.
15တပါးအမျိုးသား တို့သည် ထာဝရဘုရား ၏ နာမ တော်ကို၎င်း ၊ လောကီ ရှင် ဘုရင်အပေါင်း တို့သည် ဘုန်း တော်ကို၎င်း ကြောက်ရွံ ကြပါလိမ့်မည်။
15So the nations will fear the name of the LORD, and all the kings of the earth will fear Your glory.
16ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် ၍၊ ဘုန်း တော်နှင့်တကွ ထင်ရှား တော်မူလိမ့်မည်။
16For the LORD will rebuild Zion; He has appeared in His glory.
17ကိုးကွယ် ရာ မဲ့ သောသူတို့ ဆုတောင်းခြင်း အကြောင်း ကို မထီမဲ့မြင် မ ပြု၊ သူ တို့၏ ပဌနာ ကို မှတ် တော်မူလိမ့်မည်။
17He will turn toward the prayer of the destitute; He will not despise their prayer.
18ထို အကြောင်းအရာကို နောက် ဖြစ်လတံ့သော လူမျိုး အဘို့ ရေးမှတ် ရမည်။ ပြုပြင် တော်မူလတံ့သော လူ တို့သည် ထာဝရ ဘုရားကို ချီးမွမ်း ကြလိမ့်မည်။
18Let this be written for the generation to come, so that a people not yet created may praise the LORD.
19ချုပ်ထား သောသူ၏ ညည်းတွား သံကို နားထောင် ခြင်းငှါ ၎င်း၊ သေ ရမည့် သူ တို့ကို လွှတ် ခြင်းငှါ ၎င်း၊
19For He looked down from the heights of His sanctuary; the LORD gazed out from heaven to earth
20အတိုင်းတိုင်း အပြည်ပြည်သော လူမျိုး တို့သည် ထာဝရဘုရား ၏ဝတ် ကိုပြုလျက်စုဝေး ကြသောအခါ၊
20to hear a prisoner’s groaning, to release those condemned to death,
21ဇိအုန် တောင်ပေါ် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ၏ နာမ တော်နှင့် ဂုဏ် ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ ၎င်း၊
21that they may proclaim the name of the LORD in Zion and praise Him in Jerusalem,
22သန့်ရှင်း ရာ ဌာနတော်အထွဋ် က ငုံ့ ကြည့်တော်မူ၍၊ ကောင်းကင် ပေါ်က ထာဝရဘုရား သည် မြေကြီး ကို ရှုမှတ် တော်မူ၏။
22when peoples and kingdoms assemble to serve the LORD.
23လမ်း ခရီး၌ ငါ ၏အစွမ်း ကို လျော့ စေခြင်းငှါ၎င်း၊ ငါ ၏နေ့ရက် ကာလကို တို စေခြင်းငှါ၎င်း ပြုတော်မူသောအခါ၊
23He has broken my strength on the way; He has cut short my days.
24ငါလျှောက် သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ် ကို အသက် ပျို စဉ် ပင် ပယ်ရှင်း တော် မ မူပါနှင့်။ ကိုယ်တော် ၏ နှစ် တို့သည် ကာလ အစဉ် အဆက်မြဲကြပါ၏။
24I say: “O my God, do not take me in the midst of my days! Your years go on through all generations.
25ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာဖြစ်ပါ၏။
25In the beginning You laid the foundations of the earth, and the heavens are the work of Your hands.
26ထို အရာတို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ၊ ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထို အရာ ရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကိုလဲ သကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲ ခြင်းရှိကြသော်လည်း၊
26They will perish, but You remain; they will all wear out like a garment. Like clothing You will change them, and they will be passed on.
27ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း မ ကုန် မဆုံးရပါ။
27But You remain the same, and Your years will never end.
28ကိုယ်တော် ကျွန် တို့၏သား မြေးတို့သည် တည် ၍ ၊ အမျိုးအနွယ် သည်လည်း ရှေ့ တော်၌ မြဲမြံ ပါလိမ့်မည်။
28The children of Your servants will dwell securely, and their descendants will be established before You.”
Tip: use the ← and → keys to turn chapters.