ဆာလံ

Old Testament

Chapter 53
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 53

Greek New Testament: Textus Receptus has no text for this chapter yet.

1ဘုရား သခင်မ ရှိဟု မိုက် သောသူသည် ထင် တတ် ၏။ ထိုသို့သောသူတို့ သည် ဆွေးမြေ့ ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက် ကို ပြုတတ်ကြ၏။ ကောင်း သောအမှု ကို ပြု သောသူတယောက် မျှမရှိ။

2နားလည် သောသူ၊ ဘုရား သခင်ကိုရှာ သောသူ တစုံတယောက်ရှိ သည် မ ရှိသည်ကို သိ မြင်ခြင်းငှါ ဘုရား သခင် သည် ကောင်းကင် ပေါ်က လူ သား တို့ကို ငုံ့၍ ကြည့်ရှု တော်မူ၍၊

3လူ အပေါင်း တို့သည် ဆုတ် သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့် သောသူမ ရှိ။ တ ယောက်မျှ မ ရှိ။

4မုန့် ကိုစား သကဲ့သို့ငါ ၏လူ တို့ကို ကိုက်စား ၍၊ ဘုရား သခင်ကို ပဌနာ မ ပြုသော အဓမ္မ လူ တို့သည် မ သိ ဘဲနေရကြသလော့။

5သို့ဖြစ်၍ကြောက်လန့် စရာမ ရှိ သော်လည်း၊ အလွန် ကြောက်လန့် ကြလိမ့်မည်။ အကြောင်း မူကား၊ သင့် ကိုဝန်းရံ၍ တပ်ချ သောသူ၏ အရိုး တို့ကို ဘုရား သခင်သည် ဖရိုဖရဲကွဲပြား စေတော်မူမည်။ သူ တို့ကို ဘုရား သခင် ရှုတ်ချ တော်မူသောကြောင့် ၊ သင်သည် သူတို့ကို အရှက် ခွဲရလိမ့်မည်။

6ဣသရေလ အမျိုးကို ကယ်တင် ခြင်း ကျေးဇူးတော်သည် ဇိအုန် တောင်ပေါ် မှာ ပေါ်ထွန်း ပါစေသော။ သိမ်း သွားခြင်းကို ခံရသောလူမျိုး တော်ကို တဖန် ဘုရား သခင် သည် ဆောင် ခဲ့တော်မူသောအခါ ၊ ယာကုပ် သည် ဝမ်းမြောက် ခြင်း၊ ဣသရေလ သည်လည်း ရွှင်လန်း ခြင်း ရှိလိမ့်မည်။

Tip: use the ← and → keys to turn chapters.