ဆာလံ 67
Greek New Testament: Textus Receptus has no text for this chapter yet.
1ဘုရား သခင်သည် အကျွန်ုပ် တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ၊ ကောင်းကြီး ပေး၍ မျက်နှာ တော်၏အလင်း ကို လွှတ်တော်မူပါစေသော။
2ထိုသို့သောအားဖြင့် မြေကြီး သားတို့သည် အမှု တော်တို့ကို သိ ၍ ၊ ခပ်သိမ်း သော လူမျိုး တို့သည် ကယ်တင် တော်မူခြင်း ကျေးဇူးကိုခံ ရကြပါစေသော။
3အို ဘုရား သခင်၊ လူ များတို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။ လူ များအပေါင်း တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။
4လူ အမျိုးမျိုးတို့သည် ဝမ်းမြောက် ၍ ရွှင်လန်း စွာ သီချင်းဆိုကြပါစေသော။ အကြောင်း မူကား၊ ကိုယ်တော်သည် လူ တို့ကို ဖြောင့်မတ် စွာ တရား စီရင်၍ ၊ မြေကြီး ပေါ် မှာ ရှိသောလူမျိုး တို့ကို ချမ်းသာ ပေးတော်မူမည်။
5အို ဘုရား သခင်၊ လူ များတို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။ လူ များအပေါင်း တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။
6မြေ သည် မိမိ ဘဏ္ဍာ ကို ပေး ၍၊ ဘုရား သခင်တည်းဟူသောငါ တို့၏ဘုရား သခင်သည် ငါ တို့ကို ကောင်းကြီး ပေးတော်မူ၏။
7ဘုရား သခင်သည် ငါ တို့ကို ကောင်းကြီး ပေးတော်မူဦးမည်။ မြေကြီး စွန်း အပေါင်း တို့သည်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။
Tip: use the ← and → keys to turn chapters.