ဆာလံ

Old Testament

Chapter 27
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 27

Greek New Testament: Textus Receptus has no text for this chapter yet.

1ထာဝရဘုရား သည် ငါ ၏အလင်း ၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက် ရအံ့နည်း။ ထာဝရဘုရား သည် ငါ ၏ အသက် ခိုလှုံ ရာဖြစ်တော်မူ၏။ ငါသည် အဘယ် သူကိုမျှ ကြောက်လန့် ရအံ့နည်း။

2ငါ့ ကိုအငြိုး ထားသော ရန်သူ လူဆိုးတို့သည် ငါ့ အသား ကို ကိုက်စား မည်ဟု လာ ကြသောအခါ ၊ ခြေ တိုက်မိ ၍ လဲ ကြ၏။

3ငါ တဘက် ၌ တပ်ချ ကြသော်လည်း ၊ ငါ့ နှလုံး မ ကြောက် တတ်။ စစ်ချီ ၍လာကြသော်လည်း ၊ ထို အမှုတွင် ပင် တည်ကြည် သောစိတ် ရှိလိမ့်မည်။

4ထာဝရဘုရား ၏ တင့်တယ် ခြင်း အသရေတော် ကို ဖူးမြင် ၍ ၊ ဗိမာန် တော်၌ မွေ့လျော် ခြင်း အလိုငှါ၊ ထာဝရဘုရား ၏ အိမ် တော်မှာ တသက်လုံး နေ ရမည် အကြောင်းတည်းဟူသောအခွင့်တခု ကို ထာဝရဘုရား ၌ ငါဆုတောင်း ပြီ။ ထို အခွင့်ကို ရှာ ရဦးမည်။

5အကြောင်း မူကား၊ ဘေး အန္တရာယ်ရောက်သည့် ကာလ ၊ တဲ တော်တွင် ငါ့ ကို ကွယ်ကာ တော်မူမည်။ ဗိမာန် တော်အတွင်း အရပ်၌ ၊ ငါ့ ကို ဝှက် ထားတော်မူမည်။ ကျောက် ပေါ် မှာလည်း ငါ့ ကိုတင် ထားတော်မူမည်။

6ယခု ပင် ငါ့ ပတ်လည် ၌ရှိသောရန်သူ တို့၏ အပေါ် သို့ ငါ့ ၏ဦးခေါင်း ကို ချီးမြှောက် တော်မူ၏။ ထိုကြောင့်ဗိမာန် တော်မှာ တံပိုး မှုတ်ခြင်းနှင့်တကွယဇ် ပူဇော်ပါမည်။ သီချင်း ဆိုပါမည်။ ထာဝရဘုရား ကို ထောမနာသီချင်း ဆိုပါမည်။

7အိုထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ်သော အသံ ကိုနား ထောင်တော်မူပါ။ အကျွန်ုပ် ကို သနား ၍ ထူး တော်မူပါ။

8ငါ ၏မျက်နှာ ကို ရှာ ကြလော့ဟူသောအမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ် သည် သတိ ပြုလျက်၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မျက်နှာ ကို ရှာ ပါမည်။

9အကျွန်ုပ် ကို မျက်နှာ လွှဲ တော်မ မူပါနှင့်။ အမျက်ထွက် ၍ ကိုယ်တော် ၏ ကျွန် ကိုပယ် တော်မ မူပါနှင့်။ အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို မစ တော်မူဘူးသည်ဖြစ် ၍ ၊ အကျွန်ုပ် ကို စွန့်ပစ် တော်မ မူပါနှင့်။

10ကိုယ် မိဘ တို့သည် အကျွန်ုပ် ကိုစွန့် သော်လည်း ၊ ထာဝရဘုရား သည် အကျွန်ုပ် ကို ချီ ယူတော်မူမည်။

11အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း ကို အကျွန်ုပ် အား ပြသ သွန်သင်တော်မူပါ။ အကျွန်ုပ် ၏ ရန်သူ တို့ ကြောင့် ဖြောင့် သောလမ်း ထဲ ၌အကျွန်ုပ် ကို ပို့ဆောင် တော်မူပါ။

12မ မှန်သောသက်သေ ကို ခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူ သောသူတို့ သည် အကျွန်ုပ် တဘက် ၌ ထ ကြသည်ဖြစ်၍ ၊ ရန်သူ တို့အလို သို့ အကျွန်ုပ် ကို အပ်နှံ တော်မ မူပါနှင့်။

13အကယ်စင်စစ်အသက် ရှင်သောသူတို့၏ နေရာ တွင် ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ငါ တွေ့ မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။

14ထာဝရဘုရား ကို မြော်လင့် လော့။ အား ယူ၍ ရဲရင့် သော စိတ် နှလုံးရှိလော့။ ထာဝရဘုရား ကို မြော်လင့် လျက်နေလော့။

Tip: use the ← and → keys to turn chapters.