ထွက်မြောက်

Old Testament

Chapter 1
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ထွက်မြောက် 1

Greek New Testament: Textus Receptus has no text for this chapter yet.

1မိမိ တို့ အိမ်သူအိမ်သား ပါ လျက်၊ အဘယာကုပ် နှင့်အတူ အဲဂုတ္တု ပြည်သို့ ရောက် လာသောဣသရေလ သား တို့၏အမည် ဟူမူကား၊

2ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ၊

3ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန်၊

4ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။

5ယာကုပ် အမျိုးသား ပေါင်း ကား၊ ခုနစ်ဆယ် တည်း။ ယောသပ် သည် အဲဂုတ္တု ပြည်၌ ရှိ နှင့်သတည်း။

6ယောသပ် နှင့် အစ်ကို များမှစ၍ ၊ ထို ကာလ အမျိုးသားအပေါင်း တို့သည် သေ ကြကုန်၏။

7ဣသရေလ အမျိုးသား တို့သည် သားကိုဘွား ၍ အလွန်တိုး ပွား များပြား သဖြင့် ၊ အလွန် အားကြီး၍ တပြည် လုံး၌ နှံ့ပြား ကြလေ၏။

8ထိုနောက် မှအဲဂုတ္တု ပြည်၌ ယောသပ် ကို မ သိ သော ရှင်ဘုရင် သစ် ပေါ် လာ၏။

9ထိုရှင်ဘုရင်ကလည်း၊ ဣသရေလ အမျိုးသား တို့သည် ငါ တို့ထက် သာ၍များ ကြ၏။ သာ၍အားကြီး ကြ၏။

10လာ ကြ၊ သူ တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ လူ တို့အား ဆို လေ၏။

11ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။

12သို့သော်လည်း ၊ နှိပ်စက် ခြင်းကိုခံရသည်အတိုင်း ၊ တိုးပွား များပြား လျက် ရှိကြ၏။ သူ တို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍၊

13အလွန် ကြမ်းတမ်းစွာညှဉ်းဆဲ ကြ၏။

14သရွတ် နှင့် အုတ် လုပ် သောအမှု၊ လယ် လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌ လည်း ခဲယဉ်း စွာ စေခိုင်းကြ၏။

15ရှိဖရ နှင့် ပုအာ အမည် ရှိသောဟေဗြဲ ဝမ်းဆွဲမတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် က၊

16သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။

17ဝမ်းဆွဲ မတို့သည် ဘုရားသခင် ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တု ရှင်ဘုရင် မိန့် တော်မူသည်အတိုင်း မ ပြု ၊ ယောက်ျား တို့ကို အသက်ချမ်းသာ ပေးကြ၏။

18အဲဂုတ္တု ရှင်ဘုရင် သည်လည်း ၊ ဝမ်းဆွဲမ တို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု သနည်း။ ယောက်ျား တို့ကိုအဘယ်ကြောင့်အသက် ချမ်းသာပေးသနည်းဟုမေး စစ်သော်၊

19ဝမ်းဆွဲမ တို့က၊ ဟေဗြဲ မိန်းမတို့သည်၊ အဲဂုတ္တု ၊ မိန်းမ ကဲ့သို့ မဟုတ် ၊ သန်စွမ်း သောကြောင့် ၊ ဝမ်းဆွဲမ မ ရောက် မှီ သား ကိုဘွားတတ်ကြ၏ဟု ပြန်လျှောက် လေ၏။

20ထိုကြောင့် ဘုရားသခင် သည် ဝမ်းဆွဲမ တို့ကို ကျေးဇူးပြု တော်မူ၏။ ထိုလူ အမျိုးသည်လည်း များပြား ၍ အလွန် အားကြီး ကြလေ၏။

21ဝမ်းဆွဲမ တို့သည် ဘုရားသခင် ကို ကြောက်ရွံ့ သောကြောင့် ၊ သူ တို့အိမ်သူအိမ်သား များကို ပြုစု တော်မူ ၏။

22ဖာရော ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင် သောသူငယ် ယောက်ျား အပေါင်းတို့ကို မြစ် ထဲသို့ ချပစ် စေ။ မိန်းမ ကိုမူကား အသက်ရှင် စေဟု မိမိ လူ အပေါင်း တို့ကို မှာ ထားတော်မူ၏။

Tip: use the ← and → keys to turn chapters.