ထွက်မြောက် 26
Greek New Testament: Textus Receptus has no text for this chapter yet.
1တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ် လှယ်သော၊ ပိတ် ချောကုလားကာ ဆယ် ထည်ဖြင့် တဲ တော်ကို လုပ် ရမည်။
2ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင်၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံ တူ ရမည်။
3ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် ရမည်။
4ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ရမည်။ အခြား သော ကုလားကာပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ လည်း ထိုအတူ လုပ် ရမည်။
5ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြား သောကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို ၎င်း၊ ကွင်း ချင်း ဆိုင် မိအောင် လုပ် ရမည်။
6ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် ၊ တဲ တော် တဆောင် တည်း ဖြစ် ရမည်။
7တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် ရမည်။
8ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ဆယ် တ ထည်တို့သည် အလျား အနံချင်း တူ ရမည်။
9ကုလားကာ ငါး ထည် တစပ် ၊ ခြောက် ထည် တစပ် တည်း ချုပ် ၍ ၊ ဆဌမ ကုလားကာ ကို တဲ တော်ဦး ၌ ခေါက် ထားရမည်။
10ကုလားကာများ ဆက် မှီရာ ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည် အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်း၊ ဆက် မှီသော အခြား ကုလားကာ အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်းလုပ် ရမည်။
11ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ကွင်း တို့၌ လျှို ပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲ သဖြင့် ၊ တဲ တဆောင် တည်း ဖြစ် ရမည်။
12ထိုအပေါ်တဲ ၌ ပို သော ကုလားကာ တဝက် ကိုကား၊ တဲ တော်နောက်ဖေး မှာ တွဲလွဲ ဆွဲ ထားရမည်။
13အပေါ်တဲ၌ ပို သော ကုလားကာ အလျား နှစ်တောင်တွင်၊ တဲ တော်ဖုံးအုပ် ဘို့ တဘက်တချက် တတောင် စီ တွဲလွဲဆွဲ ထားရမည်။
14အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသောသိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် ရမည်။
15တဲ တော်ကာရန် ထောင် ထားရသောအကာရှ ပျဉ်ပြားတို့ကိုလည်း လုပ် ရမည်။
16ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိရမည်။
17ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက် နှစ် ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် ရမည်။
18တဲ တော်တောင် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ကို လုပ် ရမည်။
19ထိုပျဉ်ပြား နှစ်ဆယ် တွင် ၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် ရမည်။
20ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ရှိရမည်။
21ထိုပျဉ်ပြား ၌ လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြားနှစ် ခုစီ ရှိရမည်။
22တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
23ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် ရမည်။
24အထက် ၌ ၎င်း ၊ အောက် ၌၎င်း၊ ကွင်း ကိုတပ်၍ စေ့စပ်လျက် ထောင့် နှစ်ခုကို ပြီး စေရမည်။
25ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြားနှစ် ခုစီ ရှိ ရမည်။
26တဲတော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို တဘက် ငါး ချောင်းစီ လုပ် ရမည်။
27တဲ တော်နောက် ဖေး၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်ရမည်။
28အလယ် ကန့်လန့်ကျင် ကို၊ ထောင့်တဘက် တချက်၌ ဆုံး စေရမည်။
29ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။ ကန့်လန့်ကျင် လျှို ဘို့ ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ၊ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။
30တောင် ပေါ် မှာ သင့်အားပြ သော ပုံ နှင့်အညီ ၊ တဲ တော်ကို တည်ဆောက် ရမည်။
31တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ တထည်ကို ချုပ် ရမည်။
32ရွှေ ချ သော အကာရှ သား တိုင် လေး တိုင်အပေါ် မှာ၊ ထိုကုလားကာ ကို ဆွဲ ထားရမည်။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့်၎င်း၊ ငွေ ခြေစွပ် လေး ခုနှင့်၎င်း ပြည့်စုံရမည်။
33သက်သေခံ ချက်ထားသော သေတ္တာ ကို၊ ကုလားကာ အတွင်း သို့ သွင်း စရာဘို့ ထိုကုလားကာ ကို ရွှေချောင်း ဖြင့် ဆွဲကာ ၍ ၊ ဟဂျာ အရပ်၊ ဟဂျာဟဂျုံ အရပ် နှစ်ပါးစပ်ကြား ၌ အပိုင်း အခြား ဖြစ်ရမည်။
34ဟဂျာဟဂျုံ အရပ်၌ သက်သေခံ ချက်သေတ္တာ အပေါ် မှာ၊ သေတ္တာအဖုံး ကို တင် ထားရမည်။
35ကုလားကာ ပြင် မှာ စားပွဲ ကို ထားရမည်။ တဲ တော်တောင် ဘက်နား မှာ မီးခုံ ကို၎င်း ၊ မြောက် ဘက်နား မှာ စားပွဲ ကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထား ရမည်။
36တဲ တော်တံခါးဝ ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ချယ်လှယ် သော ကုလားကာ တထည်ကို လုပ် ရမည်။
37ထိုကုလားကာ ဘို့ ရွှေ တံစို့ နှင့်ပြည့်စုံသော အကာရှ တိုင် ငါး တိုင်ကို လုပ် ၍ ရွှေနှင့်မွမ်းမံ ရမည်။ ကြေးဝါ ခြေစွပ် ငါး ခုကိုလည်း သွန်း ရမည်။
Tip: use the ← and → keys to turn chapters.