ထွက်မြောက်

Old Testament

Chapter 11
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ထွက်မြောက် 11

Greek New Testament: Textus Receptus has no text for this chapter yet.

1ထိုအခါ ထာဝရဘုရား က၊ ဖာရော ဘုရင်နှင့် အဲဂုတ္တု ပြည်အပေါ် မှာ ဘေး တပါး ကို ငါရောက် စေဦး မည်။ ထိုနောက် သင် တို့ကို လွှတ် လိမ့်မည်။ လွှတ် သောအခါ ၌လည်း၊ အကယ်၍သင် တို့ကို တပြိုင်နက် နှင် လိမ့်မည်။

2ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်း ယောက်ျား ၌ ၎င်း၊ မိန်းမသည် အိမ်နီးချင်း မိန်းမ ၌ ၎င်း ၊ ငွေ တန်ဆာ ၊ ရွှေ တန်ဆာ ၊ အဝတ်တန်ဆာတို့ကို တောင်း စေခြင်းငှာ ၊ လူ များတို့အား ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။

3သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တု လူတို့သည် ပေးချင်သောစေတနာ စိတ်ကို ထာဝရဘုရား ဖြစ် စေ တော်မူ၏။ မောရှေ သည်လည်း ၊ အဲဂုတ္တု ပြည် တွင် ဖာရော ဘုရင်၏ ကျွန် များ၊ လူ များရှေ့ ၌ ကြီးစွာ သော အသရေ ရှိလေ၏။

4ထိုအခါ မောရှေ က၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန်းခေါင် အချိန်၌ အဲဂုတ္တု ပြည်အလယ် သို့ ငါ ထွက်သွား မည်။

5နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ၊ ကြိတ်ဆုံ နောက်၌ ထိုင်သော ကျွန်မ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ ရှိသမျှ သော သားဦး တို့နှင့် တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ တို့သည် သေ ကြလိမ့်မည်။

6အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ရှေးကာလ၌ မ ဖြစ် စဖူး၊ နောင်ကာလ၌လည်း မ ဖြစ် လတံ့သော ကြီးစွာ သော ငိုကြွေး ခြင်း ဖြစ် ရလိမ့်မည်။

7သို့ရာတွင် ထာဝရဘုရား သည်၊ အဲဂုတ္တု လူတို့နှင့် ဣသရေလ လူတို့ကို ခြားနား စေတော်မူကြောင်း ကို သင်တို့သိ စေခြင်းငှာ ၊ ဣသရေလ လူ တစုံတယောက်ကို ခွေး တကောင်မျှ မ ဟိန်း ရဟု မိန့် တော်မူ၏။

8ကိုယ်တော် ၏ ကျွန် ဖြစ်သော ဤ လူအပေါင်း တို့သည်လည်း ကျွန်ုပ် ထံ သို့လာ ၍ ပြပ်ဝပ် လျက် ထွက်သွားပါ။ ကိုယ်တော် နှင့် ကိုယ်တော် နောက် ၌ လိုက်သော လူ အပေါင်း တို့ ထွက်သွား ကြပါဟု ပြောဆို ပြီးမှ ကျွန်ုပ်ထွက်သွား ပါမည်ဟု လျှောက်ဆိုသဖြင့် ၊ အမျက် ထွက်၍ ဖာရော ဘုရင်ထံမှ ထွက်သွား လေ၏။

9ထာဝရဘုရား ကလည်း ၊ အံ့ဘွယ် သော အမှုတော်တို့သည် အဲဂုတ္တု ပြည် ၌ များပြား မည်အကြောင်း ၊ ဖာရော ဘုရင်သည် သင် တို့၏စကားကို နား မ ထောင်ဘဲနေလိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊

10မောရှေ နှင့် အာရုန် တို့သည် ဖာရော ဘုရင်ရှေ့မှာ ဤ အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ပြု သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို ပြည် တော်မှ ထွက်သွားရသောအခွင့် ကို မ ပေးဘဲ နေသတည်း။

Tip: use the ← and → keys to turn chapters.