ထွက်မြောက်

Old Testament

Chapter 11
Judson Burmese Bible (18…
vs World English Bible
Aa
Text size
Line width
Verse numbers

ထွက်မြောက် 11

Judson Burmese Bible (1840)
World English Bible
1ထိုအခါ ထာဝရဘုရား က၊ ဖာရော ဘုရင်နှင့် အဲဂုတ္တု ပြည်အပေါ် မှာ ဘေး တပါး ကို ငါရောက် စေဦး မည်။ ထိုနောက် သင် တို့ကို လွှတ် လိမ့်မည်။ လွှတ် သောအခါ ၌လည်း၊ အကယ်၍သင် တို့ကို တပြိုင်နက် နှင် လိမ့်မည်။
1The LORD said to Moses, “I will bring yet one more plague on Pharaoh, and on Egypt; afterwards he will let you go. When he lets you go, he will surely thrust you out altogether.
2ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်း ယောက်ျား ၌ ၎င်း၊ မိန်းမသည် အိမ်နီးချင်း မိန်းမ ၌ ၎င်း ၊ ငွေ တန်ဆာ ၊ ရွှေ တန်ဆာ ၊ အဝတ်တန်ဆာတို့ကို တောင်း စေခြင်းငှာ ၊ လူ များတို့အား ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
2Speak now in the ears of the people, and let every man ask of his neighbor, and every woman of her neighbor, jewels of silver, and jewels of gold.”
3သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တု လူတို့သည် ပေးချင်သောစေတနာ စိတ်ကို ထာဝရဘုရား ဖြစ် စေ တော်မူ၏။ မောရှေ သည်လည်း ၊ အဲဂုတ္တု ပြည် တွင် ဖာရော ဘုရင်၏ ကျွန် များ၊ လူ များရှေ့ ၌ ကြီးစွာ သော အသရေ ရှိလေ၏။
3The LORD gave the people favor in the sight of the Egyptians. Moreover, the man Moses was very great in the land of Egypt, in the sight of Pharaoh’s servants, and in the sight of the people.
4ထိုအခါ မောရှေ က၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန်းခေါင် အချိန်၌ အဲဂုတ္တု ပြည်အလယ် သို့ ငါ ထွက်သွား မည်။
4Moses said, “This is what the LORD says: ‘About midnight I will go out into the middle of Egypt,
5နန်း ထိုင် သော ဖာရော ဘုရင်၏ သားဦး မှစ၍ ၊ ကြိတ်ဆုံ နောက်၌ ထိုင်သော ကျွန်မ ၏သားဦး တိုင်အောင် ၊ အဲဂုတ္တု ပြည် ၌ ရှိသမျှ သော သားဦး တို့နှင့် တိရစ္ဆာန် တို့၏ သားဦး ရှိသမျှ တို့သည် သေ ကြလိမ့်မည်။
5and all the firstborn in the land of Egypt shall die, from the firstborn of Pharaoh who sits on his throne, even to the firstborn of the female servant who is behind the mill, and all the firstborn of livestock.
6အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ရှေးကာလ၌ မ ဖြစ် စဖူး၊ နောင်ကာလ၌လည်း မ ဖြစ် လတံ့သော ကြီးစွာ သော ငိုကြွေး ခြင်း ဖြစ် ရလိမ့်မည်။
6There will be a great cry throughout all the land of Egypt, such as there has not been, nor will be any more.
7သို့ရာတွင် ထာဝရဘုရား သည်၊ အဲဂုတ္တု လူတို့နှင့် ဣသရေလ လူတို့ကို ခြားနား စေတော်မူကြောင်း ကို သင်တို့သိ စေခြင်းငှာ ၊ ဣသရေလ လူ တစုံတယောက်ကို ခွေး တကောင်မျှ မ ဟိန်း ရဟု မိန့် တော်မူ၏။
7But against any of the children of Israel a dog won’t even bark or move its tongue, against man or animal, that you may know that the LORD makes a distinction between the Egyptians and Israel.
8ကိုယ်တော် ၏ ကျွန် ဖြစ်သော ဤ လူအပေါင်း တို့သည်လည်း ကျွန်ုပ် ထံ သို့လာ ၍ ပြပ်ဝပ် လျက် ထွက်သွားပါ။ ကိုယ်တော် နှင့် ကိုယ်တော် နောက် ၌ လိုက်သော လူ အပေါင်း တို့ ထွက်သွား ကြပါဟု ပြောဆို ပြီးမှ ကျွန်ုပ်ထွက်သွား ပါမည်ဟု လျှောက်ဆိုသဖြင့် ၊ အမျက် ထွက်၍ ဖာရော ဘုရင်ထံမှ ထွက်သွား လေ၏။
8All these servants of yours will come down to me, and bow down themselves to me, saying, “Get out, with all the people who follow you;” and after that I will go out.’” He went out from Pharaoh in hot anger.
9ထာဝရဘုရား ကလည်း ၊ အံ့ဘွယ် သော အမှုတော်တို့သည် အဲဂုတ္တု ပြည် ၌ များပြား မည်အကြောင်း ၊ ဖာရော ဘုရင်သည် သင် တို့၏စကားကို နား မ ထောင်ဘဲနေလိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
9The LORD said to Moses, “Pharaoh won’t listen to you, that my wonders may be multiplied in the land of Egypt.”
10မောရှေ နှင့် အာရုန် တို့သည် ဖာရော ဘုရင်ရှေ့မှာ ဤ အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ပြု သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို ပြည် တော်မှ ထွက်သွားရသောအခွင့် ကို မ ပေးဘဲ နေသတည်း။
10Moses and Aaron did all these wonders before Pharaoh, but the LORD hardened Pharaoh’s heart, and he didn’t let the children of Israel go out of his land.

Tip: use the ← and → keys to turn chapters.