ဒေသနာ

Old Testament

Chapter 1

ဒေသနာ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဒေသနာ 1

Greek New Testament: Textus Receptus has no text for this chapter yet.

1ဒါဝိဒ် ၏သား တော်၊ ဓမ္မဒေသနာဆရာ ဖြစ်သော ယေရုရှလင် မင်းကြီး ၏စကား ဟူမူကား၊

2အနတ္တ သက်သက်၊ အနတ္တ သက်သက်၊ ခပ်သိမ်း သောအရာတို့သည် အနတ္တ ဖြစ်ကြ၏။

3လူသည် နေ အောက် မှာ ကြိုးစား အားထုတ်သမျှ တို့ ၌ အဘယ် အကျိုး ရှိသနည်း။

4လူ တဆက်လွန် သွား၏။ တဆက် ပေါ် လာ၏။ မြေကြီး မူကား အစဉ် အမြဲတည် ၏။

5နေ လည်းထွက် လျက် ဝင် လျက် ၊ ထွက် ရာအရပ် သို့ တဖန် ပြေးလျက်၊ တောင် လမ်းသို့ လိုက် ၍ ၊ တဖန် မြောက် လမ်းသို့ ပြန် လည်တတ်၏။

6လေ သည်လည်း အစဉ်လည် သွား၍၊ လည်ပြီး သောအရပ် သို့ တဖန်ပြန်၍လည် ပြန်တတ်၏။

7ခပ်သိမ်း သော မြစ် တို့သည် ပင်လယ် ထဲသို့ ရောက် ကြ၏။ သို့သော်လည်း ၊ ပင်လယ် သည် မ ပြည့် တတ်။ မြစ် ရေသည် စီး ထွက်ရာအရပ် သို့ တဖန်ပြန် သွား တတ်၏။

8ခပ်သိမ်း သော အရာ တို့သည် လူ မ ပြော နိုင် အောင် ပင်ပန်း ခြင်းနှင့် ယှဉ်ကြ၏။ မျက်စိ သည် မြင် ၍ မ ကုန် တတ်။ နား သည်လည်း ကြား ၍ မ ဝ တတ်။

9ဖြစ် ဘူးသော အရာ သည် ဖြစ် လတံ့သောအရာ နှင့်တူ၏။ ယခုပြု သော အမှု သည် ပြု လတံ့သော အမှု နှင့်တူ၏။ နေ အောက်မှာ အသစ် သောအမှုအရာမ ရှိ။

10ကြည့် ပါ။ အသစ် ဖြစ်၏ဟုဆို ရသော အမှုအရာ တစုံတခုရှိ သလော။ ထို အမှုအရာသည် ငါ တို့အရင် ၊ ရှေး ကာလ၌ ဖြစ် ဘူးပြီ။

11ရှေး ဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက် ဖြစ် လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက် ၌ ဖြစ် လတံ့သောသူတို့ သည် မေ့လျော့ကြလိမ့်မည်။

12ငါ ဓမ္မဒေသနာဆရာ သည်၊ ယေရုရှလင် မြို့၌ ဣသရေလ ရှင်ဘုရင် ဖြစ် စဉ်တွင်၊

13မိုဃ်း ကောင်းကင်အောက် ၌ ပြု သမျှ တို့ကို ဉာဏ် ပညာ အားဖြင့် ၊ ရှာဖွေ စစ်ဆေးခြင်းငှါ နှလုံး ထား ၏။ လူ သား တို့ ကျင်လည် ရာဘို့ ထို ပင်ပန်း စေသောအမှု ကို ဘုရား သခင် ပေး တော်မူပြီ။

14နေ အောက် မှာ ပြု လေသမျှ သော အမှု အရာ တို့ကို ငါမြင် ပြီ။ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကို ကျက်စား သော အမှုဖြစ်ကြ၏။

15ကောက် သောအရာကို မ ဖြောင့် စေနိုင်။ ချို့တဲ့ သောအရာကို မ ရေတွက် ရာ။

16ငါ သည် ကိုယ် စိတ် နှလုံးထဲမှာ ပြောဆို သည် ကား၊ ငါ သည်ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသောသူ အပေါင်း တို့ထက် ကြီးမြင့် ၍ ပညာ ရှိ ၏။ အကယ်စင်စစ်ငါ့ စိတ် နှလုံးသည် ပညာ အတတ်များကို အထူးသဖြင့် လေ့ကျက် ၏။

17ပညာ တရားကို၎င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်းပိုင်းခြား ၍ သိ အံ့သောငှါ ငါ သည်နှလုံး ထား ၏။ ထို အမှုသည်လည်း ၊ လေ ကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ ၏။

18အကြောင်း မူကား၊ ပညာ များ လျှင် ၊ ငြိုငြင် စရာ အကြောင်းများ ၏။ သိပ္ပံ အတတ် တိုးပွား သောသူသည် ဝမ်းနည်း ခြင်း တိုးပွား တတ်၏။

Tip: use the ← and → keys to turn chapters.