နာဟုံ

Old Testament

Chapter 1

နာဟုံ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

နာဟုံ 1

Greek New Testament: Textus Receptus has no text for this chapter yet.

1ဧလကောရှ ရွာသား နာဟုံ ခံရ၍၊ နိနေဝေ မြို့နှင့် ဆိုင်သော ဗျာဒိတ် တော်အချက်ဟူမူကား၊

2အပြစ်ရှိသည်ဟု ထာဝရဘုရား သည် ယုံ လွယ်၍ ဒဏ် ပေးသော ဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဒဏ် ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက် ပြုသောသူတို့ကို ဒဏ် ပေး၍ ၊ ရန်သူ တို့ကို အငြိုး ထားတော်မူ၏။

3ထာဝရဘုရား သည် စိတ် ရှည်တော်မူ၏။ တန်ခိုး လည်း ကြီး တော်မူ၏။ သို့ရာတွင် ၊ အပြစ်တည်သော သူတို့ ကို အပြစ် မှ လွှတ်တော်မ မူ။ ထာဝရဘုရား သည် လေဘွေ ၌ ၎င်း ၊ မိုဃ်းသက် မုန်တိုင်း၌ ၎င်း ကြွ တော်မူ၍ ၊ မိုဃ်း တိမ် တို့သည် စက် တော်အောက်၌ မြေမှုန့် ကဲ့သို့ဖြစ်ကြ၏။

4ပင်လယ် ကို ဆုံးမ ၍ ခန်းခြောက် စေတော်မူ၏။ ခပ်သိမ်း သော မြစ် ရေကိုလည်း ကုန် စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလ တောင်တို့သည် ညှိုးနွမ်း ကြ၏။ လေဗနုန် အပွင့် လည်း ညှိုးနွမ်း ၏။

5ကိုယ်တော် ကြောင့် တောင် တို့သည် တုန်လှုပ် လျက် ၊ ကုန်း တို့သည် အရည် ကျိုလျက် ၊ ရှေ့ တော်၌ မြေကြီး နှင့် လောကဓါတ် မှစ၍ လောက သားအပေါင်း တို့သည် ရွေ့ လျက်ရှိကြ၏။

6အမျက် တော်ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။ အမျက် တော်အရှိန် ကို အဘယ်သူ ဆီးတား နိုင်သနည်း။ မီး လောင်သကဲ့သို့ အမျက် ထွက် ၍ ၊ ကျောက် တို့ကို ဖြို ချ တော်မူ၏။

7ထာဝရဘုရား သည် ကောင်း တော်မူ၏။ အမှု ရောက်သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံ သောသူတို့ ကို သိ မှတ်တော်မူ၏။

8ရန်သူ နေရာ ကို လွှမ်းမိုး သော မြစ် ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့် ၊ ရန်သူ တို့ကို မှောင်မိုက် လိုက် လိမ့်မည်။

9ထာဝရဘုရား တဘက် ၌ အဘယ်သို့ ကြံစည် ကြသနည်း ။ အပြီး ဆုံးရှုံးစေတော်မူမည်။ တဖန် နှိပ် နင်းစရာ အကြောင်းမ ရှိ ရ။

10သူတို့သည် ဆူး ပင်ကဲ့သို့အချင်းချင်းညိတွယ် လျက် ၊ စပျစ်ရည် နှင့် ယစ်မူး သကဲ့သို့ ဖြစ်လျက်၊ သွေ့ခြောက် သောအမှိုက် ကဲ့သို့ မီး လောင်ခြင်းကိုခံရကြ လိမ့်မည်။

11ထာဝရဘုရား တဘက် ၌ မ ကောင်းသော အကြံ ကို ကြံစည် သောအဓမ္မ တိုင်ပင်အမတ်သည် သင့် အထဲ က ပေါ် လာပြီ။

12ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတို့သည် စုံလင် ၍ အရေအတွက်အားဖြင့်များပြား သော်လည်း ၊ ဆုံးရှုံး ၍ ကွယ်ပျောက် ရကြလိမ့်မည်။ သင့် ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက် တဖန် မ ညှဉ်းဆဲ ။

13ယခု မှာ သင် ၌ သူ တင်သော ထမ်းဘိုး ကို ငါချိုး ပယ်၍ ၊ ချည်နှောင်သော ကြိုး တို့ကိုလည်း ဖြတ် မည်။

14သင် ၏အမှု ၌ ထာဝရဘုရား စီရင် တော်မူသည် ကား၊ သင် ၏အမျိုး မ ဆက် မနွှယ်ရ။ ထုသော ရုပ်တု နှင့် သွန်း သော ရုပ်တုတို့ကို သင် ၏ဘုရား ကျောင်း မှ ငါပယ် ရှင်းမည်။ သင်သည် ယုတ်မာ သောကြောင့် သင် ၏ သင်္ချိုင်း ကို ငါလုပ် မည်။

15ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာသိတင်း စကားကို ကြား ပြောသောသူ ၏ခြေ တို့ကို တောင် ပေါ် မှာ ကြည့် ကြလော့။ အိုယုဒ အမျိုး၊ သင် ၏ ဓမ္မပွဲကို ခံ လော့။ သစ္စာ ဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေ လော့။ အဓမ္မ လူသည် ရှင်းရှင်း ပယ် ဖြတ်ခြင်းကို ခံရသောကြောင့် ၊ နောက် တဖန်သင့် ကို မ ကျော် မနင်းရ။

Tip: use the ← and → keys to turn chapters.