အာမုတ်

Old Testament

Chapter 1

အာမုတ်

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

အာမုတ် 1

Greek New Testament: Textus Receptus has no text for this chapter yet.

1ယုဒ ရှင်ဘုရင် ဩဇိ မင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ ၏သား ယေရောဗောင် မင်းတို့လက်ထက် ၊ မြေကြီး မ လှုပ် မှီနှစ် နှစ် အထက်က၊ သိုးထိန်း စုအဝင်ဖြစ်သော တေကော ရွာသားအာမုတ် သည် ဣသရေလ ပြည်အတွက် ခံရ သောဗျာဒိတ်တော်စကား ဟူမူကား၊

2ထာဝရဘုရား သည် ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရုရှလင် မြို့ထဲက အသံ ကို လွှင့် တော်မူသောကြောင့် ၊ သိုးထိန်း နေရာ တို့သည် ညှိုးငယ် ၍ ၊ ကရမေလ တောင်ထိပ် သည် နွမ်းရိ လိမ့်မည်။

3ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဒမာသက် မြို့သည် ဂိလဒ် ပြည်ကို စပါးနယ်ရာ သံ ယန္တရား စက်တို့ နှင့် ကြိတ်နယ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။

4ဟာဇေလ မင်းမျိုး အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ဗင်္ဟာဒဒ် မင်း၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။

5ဒမာသက် မြို့ တံခါးကန့်လန့်ကျင် တို့ကိုချိုး မည်။ အာဝင်ချိုင့် သား တို့ကို၎င်း၊ ဗေသေဒင် မြို့၌ မင်း ပြုသောသူတို့ ကို၎င်း ပယ်ဖြတ် မည်။ ရှုရိ ပြည်သား တို့သည် ကိရ မြို့သို့ သိမ်း သွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

6တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဂါဇ မြို့သည် ချုပ်ထား သောသူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် ခြင်းငှါ သိမ်း သွားသောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။

7ဂါဇ မြို့ရိုး အပေါ် သို့ မီး ကိုလွှတ် ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။

8အာဇုတ် မြို့သား တို့ကို ၎င်း ၊ အာရှကေလုန် မြို့၌ မင်း ပြုသောသူတို့ကို၎င်း ပယ်ဖြတ် မည်။ ဧကြုန် မြို့ကိုလည်း တိုက် ၍ ကျန်ကြွင်း သော ဖိလိတ္တိ လူတို့သည် ပျက်စီး ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

9တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တုရု မြို့သည် ညီအစ်ကို ချင်းဖွဲ့သောမိဿဟာယ ကို မ စောင့် ၊ ချုပ် ထားသော သူ အပေါင်း တို့ကို ဧဒုံ မင်း၌ အပ် သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။

10တုရု မြို့ရိုး အပေါ် သို့ မီး ကိုလွှတ် ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။

11တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဧဒုံ ပြည်သည် သနား သောစိတ်ကိုချုပ်တည်း ၍ ၊ ညီအစ်ကို ကို ထား နှင့် လိုက် သောအပြစ်၊ ဒေါသ စိတ်နှင့် အစဉ်အမြဲ ဆွဲဖြတ် ၍ အစဉ်အမြဲ အငြိုး ထား သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။

12တေမန် မြို့အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ဗောဇရ မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။

13တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အမ္မုန် ပြည်သား တို့သည် မိမိ တို့နေရာ ကို ကျယ် စေခြင်းငှါ ၊ ကိုယ်ဝန် ဆောင်သော ဂိလဒ် ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲ သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည် ဒဏ် မ ပေးဘဲမနေ။

14ရဗ္ဗာ မြို့ရိုး ကို မီး ရှို့ ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။ စစ်တိုက် သောနေ့ ၌ အော်ဟစ် ခြင်း၊ မိုဃ်းသက်မုန်တိုင်း ရောက်သောနေ့ ၌ လွင့်သွားခြင်း ရှိလိမ့်မည်။

15သူ တို့ရှင်ဘုရင် ကိုယ်တိုင်မှစ၍ ၊ မှူး တော်မတ်တော်များတို့သည် သိမ်း သွားခြင်းကို ခံရ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.