အာမုတ်

Old Testament

Chapter 8

အာမုတ်

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

အာမုတ် 8

Greek New Testament: Textus Receptus has no text for this chapter yet.

1တဖန် အရှင် ထာဝရဘုရား သည် ငါ့ အား ပြ တော်မူသောရူပါရုံဟူမူကား ၊ နွေ ကာလအသီးပါသောတောင်း သည် ထင်ရှား ၏။

2အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ နွေ ကာလအသီးပါသောတောင်း ကို မြင်ပါသည်ဟု ငါလျှောက် သော်၊ ထာဝရဘုရား က၊ နောက်ဆုံး ကာလသည် ငါ ၏လူ ဣသရေလ အမျိုး၌ ရောက် လေပြီ။ နောက် တဖန် သူ တို့ကို သည်း မ ခံ။

3ထိုကာလ ၌ နန်း စဉ်ကခြေသည် တို့သည် မြည်တမ်း ကြလိမ့်မည်။ အရပ်ရပ် တို့၌ များစွာ သော အသေကောင် ရှိ၍၊ လူတို့သည် တိတ်ဆိတ် စွာ ပစ်ချ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

4ငါတို့သည် စပါး ကို ရောင်း အံ့သောငှါလဆန်း နေ့လွန် ပါစေ၊ ဂျုံ ကို ရောင်း အံ့သောငှါ ဥပုသ် နေ့လွန်ပါစေဟု ဆို လျက်၊

5ဧဖာ လေးကို ငယ် စေခြင်းငှါ ၎င်း ၊ ကျပ်လေး ကိုကြီး စေခြင်းငှာ ၎င်း လုပ်၍၊ စဉ်းလဲ သော ချိန်ခွင် ကို သုံးလျက်ဆင်းရဲ သောသူကို ငွေ နှင့် ၎င်း ၊ ငတ်မွတ် သောသူကို ခြေနင်း တရံနှင့် ၎င်း ဝယ် ၍၊

6ညံ့ သော ဂျုံ ဆန်ကို ရောင်း လျက်၊ ငတ်မွတ် သောသူတို့ ကို နှိပ်နင်း ၍ ဆင်းရဲ သော ပြည်သား တို့ကို ဖြတ် ခြင်းငှါ အလွန်အလိုကြီးသောသူတို့ ၊ ဤ စကားကို နားထောင် ကြလော့။

7ထာဝရဘုရား သည် ယာကုပ် ၏ဘုန်း ကို တိုင်တည်၍ ကျိန်ဆို တော်မူသည်ကား၊ အကယ်စင်စစ်သူ တို့ ကျင့်ကြံ ပြုမူသမျှ တို့ကို ငါသည် အစဉ် မပြတ်မ မေ့လျော့ ။

8ထို အပြစ်ကြောင့် မြေ တုန်လှုပ် လိမ့်မည်မ ဟုတ်လော ။ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည် မဟုတ်လော။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ ပါသွား၍ မြုပ် လိမ့်မည်မဟုတ် လော။

9အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ အခါ မွန်းတည့် အချိန်၌ ငါသည် နေ ကိုဝင် စေမည်။ ကြည်လင် သောနေ့ ၌ မြေကြီး ကို မိုက် စေမည်။

10သင် တို့ပွဲ ခံခြင်းကို ညည်းတွား ခြင်းဖြစ်စေ မည်။ သီချင်း ဆိုခြင်းရှိသမျှ ကို ငိုကြွေး ခြင်းဖြစ်စေမည်။ လူအပေါင်းတို့သည် လျှော်တေ အဝတ်နှင့် ခါး ကိုစည်းစေခြင်းငှါ၎င်း ၊ ဆံပင် ကိုရိတ် စေခြင်းငှါ ၎င်း ငါစီရင် မည်။ တယောက် တည်းသောသား သေသည်အတွက် မြည်တမ်း ခြင်းကဲ့သို့ ၎င်း ၊ အဆုံး ၌ ခါး စွာသောနေ့ ကဲ့သို့ ၎င်း ငါဖြစ်စေ မည်။

11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ မွတ်သိပ် ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ် စေသောကာလ ရောက် လိမ့်မည်။ အစာ ခေါင်းပါး၍ မွတ်သိပ် ခြင်းဘေးမ ဟုတ်၊ ရေ ငတ် ခြင်းဘေးလည်း မ ဟုတ်၊ ထာဝရဘုရား ၏ အမိန့် တော်ကို မ ကြား ရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။

12လူတို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို ရှာ လျက်၊ ပင်လယ် တပါးမှ သည် ပင်လယ် တပါးတိုင်အောင် လှည့်လည် ၍ ၊ တောင် မြောက် ပြေး သွားသော်လည်း မ တွေ့ ရကြ။

13ထိုကာလ ၌ အဆင်း လှသော သတို့သမီး ကညာများနှင့် လုလင် များတို့သည် ရေငတ် ၍ မော ကြလိမ့်မည်။

14ရှမာရိ အပြစ် ကို တိုင်တည်၍ ကျိန်ဆို သောသူ၊ အိုဒန် ၊ သင် ၏ဘုရား အသက် ရှင်တော်မူသည်အတိုင်း ဟူ၍၎င်း ၊ ဗေရရှေဘ ဘာသာ အသက် တည်သည်အတိုင်းဟူ၍၎င်း ဆို သောသူတို့သည်၊ နောက် တဖန် မ ထ နိုင် အောင်လဲ ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ၏။

Tip: use the ← and → keys to turn chapters.