ဂလတိ 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1လူ နှင့်မ စပ်ဆိုင်၊ လူ ၏အခွင့် မ ရှိဘဲလျက်၊ ယေရှု ခရစ် ၏အခွင့် နှင့် ၎င်း၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင် ၏ အခွင့်နှင့် ၎င်း၊ တမန်တော် ဖြစ်သောငါ ပေါလုမှစ၍ ၊
1Παῦλος ἀπόστολος οὐκ ἀπ᾿ ἀνθρώπων, οὐδὲ δι᾿ ἀνθρώπου, ἀλλὰ διὰ Ἰησοῦ Χριστοῦ, καὶ Θεοῦ πατρὸς τοῦ ἐγείραντος αὐτὸν ἐκ νεκρῶν,
2ငါ့ ထံမှာရှိသော ညီအစ်ကို အပေါင်း တို့သည် ဂလာတိ ပြည်၌ရှိသော အသင်းတော် များကို ကြား လိုက် ပါ၏။
2καὶ οἱ σὺν ἐμοὶ πάντες ἀδελφοί, ταῖς ἐκκλησίαις τῆς Γαλατίας·
3သခင် ယေရှု ခရစ် နှင့် ခမည်းတော် ဘုရား ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
3χάρις ὑμῖν καὶ εἰρήνη ἀπὸ Θεοῦ πατρός, καὶ Κυρίου ἡμῶν Ἰησοῦ Χριστοῦ,
4ထိုသခင် သည် ငါ တို့အဘ တည်းဟူသောဘုရားသခင် ၏အလို တော်နှင့်အညီ ဆိုးညစ် သော ဤပစ္စုပ္ပန် ဘဝ မှ ငါ တို့ကို ကယ်နှုတ် ခြင်းငှာ ၊ ငါ တို့အပြစ် ကြောင့် ကိုယ်ကိုကိုယ် အပ်ပေး တော်မူ၏။
4τοῦ δόντος ἑαυτὸν ὑπὲρ τῶν ἁμαρτιῶν ἡμῶν, ὅπως ἐξέληται ἡμᾶς ἐκ τοῦ ἐνεστῶτος αἰῶνος πονηροῦ, κατὰ τὸ θέλημα τοῦ Θεοῦ καὶ πατρὸς ἡμῶν·
5ထိုဘုရားသခင် သည်ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။
5ᾧ ἡ δόξα εἰς τοὺς αἰῶνας τῶν αἰώνων. Ἀμήν.
6ခရစ်တော် ၏ ကျေးဇူး အားဖြင့် သင် တို့ကို ခေါ် တော်မူသောသူ နှင့် ဤမျှလောက်မြန်မြန် ခွါ ၍ သင်တို့သည်အခြား သော ဧဝံဂေလိ တရားကို ခံယူကြရသောကြောင့်ငါသည်အံ့ဩ ခြင်းရှိ၏။
6Θαυμάζω ὅτι οὕτω ταχέως μετατίθεσθε ἀπὸ τοῦ καλέσαντος ὑμᾶς ἐν χάριτι Χριστοῦ εἰς ἕτερον εὐαγγέλιον·
7ထိုဧဝံဂေလိ တရားသည် ဧဝံဂေလိ တရားမ ဟုတ် ။ သင် တို့ကို နှောက်ယှက် ၍ ခရစ်တော် ၏ ဧဝံဂေလိ တရားကို မှောက် လှန်ချင် သောသူ အချို့ ရှိ ကြ၏။
7ὃ οὐκ ἔστιν ἄλλο, εἰ μή τινές εἰσιν οἱ ταράσσοντες ὑμᾶς καὶ θέλοντες μεταστρέψαι τὸ εὐαγγέλιον τοῦ Χριστοῦ.
8သို့သော်လည်း ၊ သင် တို့အားငါ ဟောပြောသော ဧဝံဂေလိတရားမှတစ်ပါးအခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင် ဘုံမှ လာသောကောင်းကင်တမန် ဟောပြော သော်၎င်း၊ ဟောပြောသောသူသည် ကျိန် တော်မူခြင်းကိုခံ စေ။
8Ἀλλὰ καὶ ἐὰν ἡμεῖς ἢ ἄγγελος ἐξ οὐρανοῦ εὐαγγελίζηται ὑμῖν παρ᾿ ὃ εὐηγγελισάμεθα ὑμῖν, ἀνάθεμα ἔστω.
9တစ်ဖန်တုံ ၊ သင် တို့ခံယူ ပြီးသော ဧဝံဂေလိ တရားမှတစ်ပါးအခြားသော ဧဝံဂေလိ တရားကို တစ်စုံတစ်ယောက် သောသူဟောပြောလျှင် ၊ ထိုသူသည် ကျိန် တော်မူခြင်းကို ခံ စေဟု ငါတို့ဆို ခဲ့ပြီးသည်အတိုင်း ယခု ငါထပ် ၍ဆို သေး၏။
9Ὡς προειρήκαμεν, καὶ ἄρτι πάλιν λέγω, εἴ τις ὑμᾶς εὐαγγελίζεται παρ᾿ ὃ παρελάβετε, ἀνάθεμα ἔστω.
10အကြောင်းမူကား ၊ ယခု တွင် ငါသည် လူ တို့၏ အလို သို့လိုက်သလော။ ဘုရားသခင် ၏ အလိုတော်ကို လိုက်သလော။ လူတို့ စိတ် ကို နူးညွတ်စေခြင်းငှာရှာကြသလော။ လူတို့ စိတ် ကိုနူးညွတ်စေခြင်းငှာရှာကြံ သေးလျှင် ၊ ခရစ်တော် ၏ အစေခံ ကျွန်မ ဟုတ် ပြီ။
10Ἄρτι γὰρ ἀνθρώπους πείθω ἢ τὸν Θεόν; Ἢ ζητῶ ἀνθρώποις ἀρέσκειν; Εἰ γὰρ ἔτι ἀνθρώποις ἤρεσκον, Χριστοῦ δοῦλος οὐκ ἂν ἤμην.
11ညီအစ်ကို တို့၊ ငါ ဟောပြော သော ဧဝံဂေလိ တရားသည် လူ တို့၏တရားမ ဟုတ် ။
11Γνωρίζω δὲ ὑμῖν, ἀδελφοί, τὸ εὐαγγέλιον τὸ εὐαγγελισθὲν ὑπ᾿ ἐμοῦ, ὅτι οὐκ ἔστι κατὰ ἄνθρωπον.
12လူ ထံမှာ ငါ ခံရ သည်မ ဟုတ်။ ယေရှု ခရစ် ၏ ဗျာဒိတ် တော်မှတပါး အခြားသောဥပဒေသကို ငါမ ခံ သည်အကြောင်းကို သင်တို့အား ငါကြား လိုက်၏။
12Οὐδὲ γὰρ ἐγὼ παρὰ ἀνθρώπου παρέλαβον αὐτό, οὔτε ἐδιδάχθην, ἀλλὰ δι᾿ ἀποκαλύψεως Ἰησοῦ Χριστοῦ.
13အဘယ်သို့ နည်းဟူမူကား၊ အထက် က ယုဒ ဘာသာ၌ နေ၍ ငါ ကျင့်သောအကျင့် တည်းဟူသောဘုရားသခင် ၏အသင်းတော် ကို အတိုင်း ထက်အလွန် ညှဉ်းဆဲ ဖျက်ဆီး ကြောင်းကို၎င်း ၊
13Ἠκούσατε γὰρ τὴν ἐμὴν ἀναστροφήν ποτε ἐν τῷ Ἰουδαϊσμῷ, ὅτι καθ᾿ ὑπερβολὴν ἐδίωκον τὴν ἐκκλησίαν τοῦ Θεοῦ, καὶ ἐπόρθουν αὐτήν·
14ဘိုးဘေး တို့၏လက်မှ ငါ ခံရ သောနည်းဥပဒေသ ဘက်၌ အထူးသဖြင့်စိတ်အားသန် လျက် ၊ ငါ ၏ လူမျိုး ထဲ တွင် ငါ့ရွယ်တူ ချင်းအများ တို့ထက် ယုဒ ဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို၎င်း သင်တို့ကြားသိကြရပြီ။
14καὶ προέκοπτον ἐν τῷ Ἰουδαϊσμῷ ὑπὲρ πολλοὺς συνηλικιώτας ἐν τῷ γένει μου, περισσοτέρως ζηλωτὴς ὑπάρχων τῶν πατρικῶν μου παραδόσεων.
15သို့သော်လည်း ၊ ငါ့ ကိုအမိ ဝမ်း ထဲက ပင်ရွေးချယ် ခွဲထား၍ ကျေးဇူး တော်အားဖြင့် ခေါ် တော်မူသော ဘုရားသခင် သည်၊
15Ὅτε δὲ εὐδόκησεν ὁ Θεὸς ὁ ἀφορίσας με ἐκ κοιλίας μητρός μου καὶ καλέσας διὰ τῆς χάριτος αὐτοῦ,
16သားတော်၏ ဧဝံဂေလိတရားကို တစ်ပါး အမျိုးသားတို့၌ ဟောပြော စေမည်အကြောင်း ၊ မိမိ အလိုတော် နှင့်အညီသား တော်ကို ငါ့ အားပြ တော်မူသောအခါ၊ ငါသည်အသွေး အသား နှင့် တိုင်ပင် ခြင်းကိုမ ပြု။
16ἀποκαλύψαι τὸν υἱὸν αὐτοῦ ἐν ἐμοὶ ἵνα εὐαγγελίζωμαι αὐτὸν ἐν τοῖς ἔθνεσιν, εὐθέως οὐ προσανεθέμην σαρκὶ καὶ αἵματι·
17ငါ့ အရင် တမန်တော် ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင် မြို့ သို့ လည်း မ သွား ၊ အာရပ် ပြည်သို့ ချက်ခြင်း သွား ၍ တစ်ဖန် ဒမာသက် မြို့သို့ ပြန် လေ၏။
17οὐδὲ ἀνῆλθον εἰς Ἱεροσόλυμα πρὸς τοὺς πρὸ ἐμοῦ ἀποστόλους, ἀλλ᾿ ἀπῆλθον εἰς Ἀραβίαν, καὶ πάλιν ὑπέστρεψα εἰς Δαμασκόν.
18ထိုနောက် သုံး နှစ် လွန် ပြီးမှပေတရု ကို အကျွမ်းဝင် လိုသောငှာ၊ ယေရုရှလင် မြို့သို့ သွား ၍ သူ နှင့်အတူ တစ်ဆယ်ငါး ရက် နေ ၏။
18Ἔπειτα μετὰ ἔτη τρία ἀνῆλθον εἰς Ἱεροσόλυμα ἱστορῆσαι Πέτρον, καὶ ἐπέμεινα πρὸς αὐτὸν ἡμέρας δεκαπέντε.
19သူနှင့်သခင် ဘုရား၏ ညီ တော် ယာကုပ် မှတစ်ပါး အခြား သော တမန်တော် တစ်ယောက်ကိုမျှငါမ တွေ့ မမြင်။
19Ἕτερον δὲ τῶν ἀποστόλων οὐκ εἶδον, εἰ μὴ Ἰάκωβον τὸν ἀδελφὸν τοῦ Κυρίου.
20ဤသို့ သင် တို့အား ငါရေး ၍ ကြား လိုက်သည် တွင် မုသာ စကားကို ငါမ ပြောမသုံးဟု ဘုရားသခင် ရှေ့ တော်၌ငါဆို၏။
20Ἃ δὲ γράφω ὑμῖν, ἰδοὺ ἐνώπιον τοῦ Θεοῦ ὅτι οὐ ψεύδομαι.
21ထိုနောက် ရှုရိ ပြည်၊ ကိလိကိ ပြည်သို့ ငါသွား ၍ ၊
21Ἔπειτα ἦλθον εἰς τὰ κλίματα τῆς Συρίας καὶ τῆς Κιλικίας.
22ယုဒ ပြည်၌ ခရစ်တော် ၏ဘာသာကို ခံယူသော သင်းဝင် သူ တို့သည် ငါ့မျက်နှာ ကိုမျှမ သိမမှတ်ဘဲနေ ၍ ၊
22Ἤμην δὲ ἀγνοούμενος τῷ προσώπῳ ταῖς ἐκκλησίαις τῆς Ἰουδαίας ταῖς ἐν Χριστῷ·
23ငါ တို့ကိုညှင်းဆဲ ဘူးသောသူ သည် အထက် က မိမိ ဖျက်ဆီး သော ယုံကြည် ခြင်းတရားကို ယခု မိမိ ဟောပြော သည်ဟု သူတို့ကြား ရုံရှိ ကာမျှနှင့် ၊
23μόνον δὲ ἀκούοντες ἦσαν ὅτι Ὁ διώκων ἡμᾶς ποτέ, νῦν εὐαγγελίζεται τὴν πίστιν ἥν ποτε ἐπόρθει.
24ငါ့ အကြောင်းကြောင့် ဘုရားသခင် ကို ချီးမွမ်း ကြ၏။
24Καὶ ἐδόξαζον ἐν ἐμοὶ τὸν Θεόν.
Tip: use the ← and → keys to turn chapters.