ဂလတိ

Old Testament

Chapter 5

ဂလတိ

Judson Burmese Bible (18…
vs Greek New Testamen…
Aa
Text size
Line width
Verse numbers

ဂလတိ 5

Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1ထိုကြောင့် ခရစ်တော် သည် ငါ တို့ကို လွှတ် တော်မူသောလွှတ် ခြင်းအခွင့်၌တည်နေ သဖြင့် ၊ ကျွန်ခံရာ ထမ်းဘိုး ကိုထမ်း၍ ချည်နှောင် ခြင်းကို တဖန် မ ခံကြနှင့်။
1Τῇ ἐλευθερίᾳ οὖν ᾗ Χριστὸς ἡμᾶς ἠλευθέρωσε, στήκετε, καὶ μὴ πάλιν ζυγῷ δουλείας ἐνέχεσθε.
2ငါ ပေါလု ဆို သည်ကား၊ သင် တို့သည် အရေဖျားလှီး ခြင်းကိုခံလျှင် ၊ ခရစ်တော် အားဖြင့် အဘယ် အကျိုး ကိုမျှမရနိုင်ကြ။
2Ἴδε, ἐγὼ Παῦλος λέγω ὑμῖν ὅτι ἐὰν περιτέμνησθε, Χριστὸς ὑμᾶς οὐδὲν ὠφελήσει.
3အရေဖျားလှီး ခြင်းကို ခံသောလူ အပေါင်း တို့အား ငါတဖန် သက်သေခံ သည်ကား ၊ ထိုသို့သောသူသည် ပညတ် တရားကို အကြွင်းမဲ့ ကျင့် အံ့သောငှါ ကြွေးတင် သောသူဖြစ် ၏။
3Μαρτύρομαι δὲ πάλιν παντὶ ἀνθρώπῳ περιτεμνομένῳ, ὅτι ὀφειλέτης ἐστὶν ὅλον τὸν νόμον ποιῆσαι.
4ပညတ် တရားအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော် နှင့် ကွာ ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ ကြပြီ။
4Κατηργήθητε ἀπὸ τοῦ Χριστοῦ, οἵτινες ἐν νόμῳ δικαιοῦσθε· τῆς χάριτος ἐξεπέσατε.
5ငါ တို့မူကား ၊ ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ရောက်မည်ဟု မြော်လင့် သောကျေးဇူးတော်ကို ဝိညာဉ် တော်အားဖြင့်ငံ့လင့် ၍နေကြ၏။
5Ἡμεῖς γὰρ πνεύματι ἐκ πίστεως ἐλπίδα δικαιοσύνης ἀπεκδεχόμεθα.
6ယေရှု ခရစ်တော် ၌ အရေဖျားလှီး ခြင်းအကျိုးမ ရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာ အားဖြင့် ပြုပြင် တတ်သော ယုံကြည် ခြင်းသာ အကျိုးရှိ၏။
6Ἐν γὰρ Χριστῷ Ἰησοῦ οὔτε περιτομή τι ἰσχύει, οὔτε ἀκροβυστία, ἀλλὰ πίστις δι᾿ ἀγάπης ἐνεργουμένη.
7အထက်ကသင် တို့သည် ကောင်းမွန် စွာ ပြေး ကြ၏။ သို့ဖြစ်၍သမ္မာတရား ကို နား မ ထောင်စေခြင်းငှါအဘယ်သူ ဆီးတား သနည်း။
7Ἐτρέχετε καλῶς· τίς ὑμᾶς ἀνέκοψε τῇ ἀληθείᾳ μὴ πείθεσθαι;
8ယခုယူသောအယူကား၊ သင် တို့ကို ခေါ် တော်မူသောသူ ၏ ဩဝါဒကိုအမှီပြု၍ ယူသောအယူမ ဟုတ်။
8Ἡ πεισμονὴ οὐκ ἐκ τοῦ καλοῦντος ὑμᾶς.
9အနည်းငယ် သောတဆေး သည် မုန့်စိမ်းတပုံ လုံး ကို ဖေါင်းကြွ စေတတ်၏။
9Μικρὰ ζύμη ὅλον τὸ φύραμα ζυμοῖ.
10သင် တို့သည် ကွဲပြားသောအယူ ရှိသမျှကို ပယ် လိမ့်မည်ဟု သခင် ဘုရားကို ငါ အမှီပြု ၍ စိတ် စွဲလမ်းခြင်းရှိ၏။ သင် တို့ကို နှောက်ယှက် သော သူ မည်သည်ကား၊ မိမိ အပြစ် ဒဏ်ကိုခံရ လိမ့်မည်။
10Ἐγὼ πέποιθα εἰς ὑμᾶς ἐν Κυρίῳ, ὅτι οὐδὲν ἄλλο φρονήσετε· ὁ δὲ ταράσσων ὑμᾶς βαστάσει τὸ κρίμα, ὅστις ἂν ᾖ.
11တဖန်တုံ ၊ ညီအစ်ကို တို့၊ ငါသည် အရေဖျားလှီး ခြင်းတရားကို ဟောပြော သေး သည်မှန်လျှင် ၊ အဘယ်ကြောင့် ညှဉ်းဆဲ ခြင်းကို ခံရသေး သနည်း။ ထိုသို့ပြောလျှင်၊ လက်ဝါးကပ်တိုင် တော်ကို ထိမိ ၍လဲစရာအကြောင်း ပယ်ရှင်း လျက်ရှိ၏။
11Ἐγὼ δέ, ἀδελφοί, εἰ περιτομὴν ἔτι κηρύσσω, τί ἔτι διώκομαι; Ἄρα κατήργηται τὸ σκάνδαλον τοῦ σταυροῦ.
12သင် တို့ကို မှောက်မှား စေသောသူ တို့ကို ပယ်ရှား နှင်ထုတ်စေခြင်းငှါငါအလိုရှိ ၏။
12Ὄφελον καὶ ἀποκόψονται οἱ ἀναστατοῦντες ὑμᾶς.
13ညီအစ်ကို တို့၊ သင် တို့သည်လွှတ် ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်းဇာတိ ပကတိအား အခွင့် ကိုပေး၍၊ ထိုလွှတ် ခြင်းကို မ သုံးကြနှင့်။ အချင်းချင်း ချစ် ၍ အမှု ချင်းကို ဆောင်ရွက်ကြလော့။
13Ὑμεῖς γὰρ ἐπ᾿ ἐλευθερίᾳ ἐκλήθητε, ἀδελφοί· μόνον μὴ τὴν ἐλευθερίαν εἰς ἀφορμὴν τῇ σαρκί, ἀλλὰ διὰ τῆς ἀγάπης δουλεύετε ἀλλήλοις.
14အကြောင်းမူကား ၊ ကိုယ် နှင့်စပ်ဆိုင်သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ် တရားရှိသမျှ ကို အကြွင်းမဲ့ ကျင့်ရာ ရောက်၏။
14Ὁ γὰρ πᾶς νόμος ἐν ἑνὶ λόγῳ πληροῦται, ἐν τῷ, Ἀγαπήσεις τὸν πλησίον σου ὡς ἑαυτόν.
15သို့မဟုတ်အချင်းချင်း ကိုက် စား လျှင် အချင်းချင်း ဖျက်ဆီး မည်ဟု စိုးရိမ်၍သတိ ရှိကြလော့။
15Εἰ δὲ ἀλλήλους δάκνετε καὶ κατεσθίετε, βλέπετε μὴ ὑπὸ ἀλλήλων ἀναλωθῆτε.
16ငါပညတ် သည်ကား၊ ဝိညာဉ် ပကတိအတိုင်း ကျင့် ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိ ပကတိ၏အလို သို့ မ လိုက် ဘဲနေကြလိမ့်မည်။
16Λέγω δέ, πνεύματι περιπατεῖτε, καὶ ἐπιθυμίαν σαρκὸς οὐ μὴ τελέσητε.
17အကြောင်းမူကား ၊ ဇာတိ ပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင် သော အလိုရှိ ကြ၏။ တပါး နှင့်တပါး ဆန့်ကျင်ဘက် ဖြစ်၍၊ သင်တို့သည် ကျင့်ချင် သော အကျင့် ကို မ ကျင့် နိုင်ကြ။
17Ἡ γὰρ σὰρξ ἐπιθυμεῖ κατὰ τοῦ πνεύματος, τὸ δὲ πνεῦμα κατὰ τῆς σαρκός· ταῦτα δὲ ἀντίκειται ἀλλήλοις, ἵνα μὴ ἃ ἂν θέλητε, ταῦτα ποιῆτε.
18သို့သော် ဝိညာဉ် ပကတိအလိုသို့ လိုက် လျှင် ပညတ် တရားနှင့် လွတ် ကြ၏။
18Εἰ δὲ πνεύματι ἄγεσθε, οὐκ ἐστὲ ὑπὸ νόμον.
19ဇာတိ ပကတိအကျင့် တို့သည်ထင်ရှား ကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့ မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူး စွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊
19Φανερὰ δέ ἐστι τὰ ἔργα τῆς σαρκός, ἅτινά ἐστι μοιχεία, πορνεία, ἀκαθαρσία, ἀσέλγεια,
20ရုပ်တု ကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစား ခြင်း၊ ရန်ငြိုး ဖွဲ့ခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်း၊ အမျက်ထွက် ခြင်း၊ ငြင်းခုန် ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲ ခြင်း၊
20εἰδωλολατρεία, φαρμακεία, ἔχθραι, ἔρεις, ζῆλοι, θυμοί, ἐριθεῖαι, διχοστασίαι, αἱρέσεις,
21သူ့ အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုး ကို သောက်ကြူးခြင်း၊ ပွဲ လုပ်ခြင်းမှစ၍ထိုသို့သောအကျင့် ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့် သောသူ တို့သည် ဘုရားသခင် ၏နိုင်ငံ တော်ကို အမွေ မ ခံကြရဟု အထက်ကငါပြော နှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြော နှင့်၏။
21φθόνοι, φόνοι, μέθαι, κῶμοι, καὶ τὰ ὅμοια τούτοις· ἃ προλέγω ὑμῖν, καθὼς καὶ προεῖπον, ὅτι οἱ τὰ τοιαῦτα πράσσοντες βασιλείαν Θεοῦ οὐ κληρονομήσουσιν.
22ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊
22Ὁ δὲ καρπὸς τοῦ πνεύματός ἐστιν ἀγάπη, χαρά, εἰρήνη, μακροθυμία, χρηστότης, ἀγαθωσύνη, πίστις,
233နူးညံ့ သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့် ကို အဘယ်တရား မျှ မ မြစ်တား ။
23πρᾳότης, ἐγκράτεια· κατὰ τῶν τοιούτων οὐκ ἔστι νόμος.
24ခရစ်တော် နှင့်စပ်ဆိုင်သောသူ တို့သည် ဇာတိ ပကတိကို၎င်း၊ ဇာတိ ပကတိစိတ်များနှင့် အလိုဆန္ဒ များ ကို၎င်း၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြပြီ။
24Οἱ δὲ τοῦ Χριστοῦ, τὴν σάρκα ἐσταύρωσαν σὺν τοῖς παθήμασι καὶ ταῖς ἐπιθυμίαις.
25သို့ဖြစ်၍ငါတို့သည်ဝိညာဉ် ပကတိကြောင့် အသက် ရှင်လျှင် ၊ ဝိညာဉ် ပကတိအတိုင်းကျင့် ကြကုန်အံ့။
25Εἰ ζῶμεν πνεύματι, πνεύματι καὶ στοιχῶμεν.
26အချည်းနှီး သော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချုပ်ချယ် နှောင့်ရှက်ခြင်း၊ အချင်းချင်း ငြူစူ ခြင်းတို့ကို ရှောင် ၍နေ ကြကုန်အံ့။
26Μὴ γινώμεθα κενόδοξοι, ἀλλήλους προκαλούμενοι, ἀλλήλοις φθονοῦντες.

Tip: use the ← and → keys to turn chapters.