ဂလတိ 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Textus Receptus
1တဖန်တုံ၊ အမွေခံ မည်သည်ကား၊ ဥစ္စာရှိသမျှ ကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ် မရောက်မှီ ကာလ အစေအပါးကျွန်နှင့် တူ၏။
1Λέγω δέ, ἐφ᾿ ὅσον χρόνον ὁ κληρονόμος νήπιός ἐστιν, οὐδὲν διαφέρει δούλου, κύριος πάντων ὤν·
2အဘ စီရင်နှင့်သော အချိန် ကာလ မ ရောက်မှီ တိုင်အောင်အစောင့် အထိန်းအအုပ်အချုပ် တို့ လက် ၌ ရှိ ၏။
2ἀλλὰ ὑπὸ ἐπιτρόπους ἐστὶ καὶ οἰκονόμους, ἄχρι τῆς προθεσμίας τοῦ πατρός.
3ထိုနည်းတူ ငါ တို့သည် အရွယ် မရောက်မှီ လောကီ တရားနုလက် ၌ ကျွန် ခံရ ကြ၏။
3Οὕτω καὶ ἡμεῖς, ὅτε ἦμεν νήπιοι, ὑπὸ τὰ στοιχεῖα τοῦ κόσμου ἦμεν δεδουλωμένοι·
4အချိန် ကာလစေ့ သောအခါ ၊ ငါတို့သည်သား ၏အခွင့်အရာကို ခံရမည်အကြောင်း၊
4ὅτε δὲ ἦλθε τὸ πλήρωμα τοῦ χρόνου, ἐξαπέστειλεν ὁ Θεὸς τὸν υἱὸν αὐτοῦ, γενόμενον ἐκ γυναικός, γενόμενον ὑπὸ νόμον,
5ပညတ် တရားလက် ၌ရှိ သောငါတို့ကို ရွေးနှုတ် စေခြင်းငှါ ၊ မိန်းမ ဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ် တရား အောက် ၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင် သည်စေလွှတ် တော်မူ၏။
5ἵνα τοὺς ὑπὸ νόμον ἐξαγοράσῃ, ἵνα τὴν υἱοθεσίαν ἀπολάβωμεν.
6ထိုသို့သင်တို့သည်သား ဖြစ် သောကြောင့် အဗ္ဗ အဘ ဟု ခေါ် တတ်သော သား တော်၏ ဝိညာဉ် တော်ကို သင်တို့စိတ် နှလုံးထဲသို့ ဘုရားသခင် စေလွှတ် တော်မူ၏။
6Ὅτι δέ ἐστε υἱοί, ἐξαπέστειλεν ὁ Θεὸς τὸ πνεῦμα τοῦ υἱοῦ αὐτοῦ εἰς τὰς καρδίας ὑμῶν, κρᾶζον, Ἀββᾶ, ὁ πατήρ.
7သို့ဖြစ်၍ သင်တို့သည် နောက်တဖန်အစေအပါး ကျွန်မ ဖြစ် ၊ သား ပင် ဖြစ်ကြ၏။ သား ဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင် ၏ အမွေခံ လည်း ဖြစ်ကြ၏။
7Ὥστε οὐκέτι εἶ δοῦλος, ἀλλ᾿ υἱός· εἰ δὲ υἱός, καὶ κληρονόμος Θεοῦ διὰ Χριστοῦ.
8သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင် ကို မ သိ သောအခါ၊ ဇာတိ အားဖြင့်ဘုရား မ ဟုတ် သော သူတို့၏အမှုကိုဆောင်ရွက် ကြ၏။
8Ἀλλὰ τότε μέν, οὐκ εἰδότες Θεόν, ἐδουλεύσατε τοῖς μὴ φύσει οὖσι θεοῖς·
9ယခု မူကား သင်တို့သည် ဘုရားသခင် ကို သိ ပြီးမှဟု၍ မဆို၊ ဘုရားသခင် သည် သင်တို့ကို သိ တော်မူပြီးမှ၊ အား မရှိ၊ ချမ်းသာ မပေးနိုင်သော တရားနု ဘက်သို့ အဘယ်ကြောင့် တဖန် ပြောင်းလဲ ကြသနည်း။ ထို လောကီ တရား၌ တဖန် ကျွန် ခံခြင်းငှါအလိုရှိ ကြပြီတကား။
9νῦν δέ, γνόντες Θεόν, μᾶλλον δὲ γνωσθέντες ὑπὸ Θεοῦ, πῶς ἐπιστρέφετε πάλιν ἐπὶ τὰ ἀσθενῆ καὶ πτωχὰ στοιχεῖα, οἷς πάλιν ἄνωθεν δουλεύειν θέλετε;
10နှစ် ၊ လ ၊ နေ့ရက် ၊ အချိန် ကာလများကို စောင့် ကြပြီတကား။
10Ἡμέρας παρατηρεῖσθε, καὶ μῆνας, καὶ καιρούς, καὶ ἐνιαυτούς.
11ငါသည်သင် တို့ဆီမှအချည်းနှီး ကြိုးစား အားထုတ်သည်ဟု သင် တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။
11Φοβοῦμαι ὑμᾶς, μήπως εἰκῇ κεκοπίακα εἰς ὑμᾶς.
12ညီအစ်ကို တို့၊ သင် တို့ကဲ့သို့ ငါ ဖြစ်၏။ ငါ ကဲ့သို့ သင်တို့ဖြစ် ကြလောဟု ငါတောင်းပန် ၏။ သင်တို့သည် ငါ့ ကိုအလျှင်း မပြစ်မှား ကြ။
12Γίνεσθε ὡς ἐγώ, ὅτι κἀγὼ ὡς ὑμεῖς, ἀδελφοί, δέομαι ὑμῶν. Οὐδέν με ἠδικήσατε·
13ငါသည် ကိုယ် နာ ခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိ တရားကို သင် တို့အား အထက် က ဟောပြော ကြောင်း ကို သင်တို့သိ ကြ၏။
13οἴδατε δὲ ὅτι δι᾿ ἀσθένειαν τῆς σαρκὸς εὐηγγελισάμην ὑμῖν τὸ πρότερον.
14ကိုယ် ကာယ၌ ငါ ခံရသော စုံစမ်း ခြင်းကို သင် တို့ သည်မထီမဲ့မြင် မ ပြု၊ ငါကိုမ ပယ် ၊ ဘုရားသခင် ၏ ကောင်းကင်တမန် ကဲ့သို့ ၎င်း ၊ ယေရှု ခရစ် ကဲ့သို့ ၎င်း၊ လက်ခံ ကြ၏။
14Καὶ τὸν πειρασμόν μου τὸν ἐν τῇ σαρκί μου οὐκ ἐξουθενήσατε οὐδὲ ἐξεπτύσατε, ἀλλ᾿ ὡς ἄγγελον Θεοῦ ἐδέξασθέ με, ὡς Χριστὸν Ἰησοῦν.
15သို့ဖြစ်လျှင် သင် တို့ခံရသောမင်္ဂလာ ကားအဘယ် မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိ ကိုထုတ် ၍ ငါ့ အား ပေးနိုင် လျှင် ၊ ပေး ခြင်းငှါ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ ၏။
15Τίς οὖν ἦν ὁ μακαρισμὸς ὑμῶν; Μαρτυρῶ γὰρ ὑμῖν ὅτι, εἰ δυνατόν, τοὺς ὀφθαλμοὺς ὑμῶν ἐξορύξαντες ἂν ἐδώκατέ μοι.
16ယခုမူကား၊ ငါသည်သမ္မာတရား ကို သင် တို့အား ဟောပြောသောကြောင့် သင် တို့၏ရန်သူ ဖြစ် သလော။
16Ὥστε ἐχθρὸς ὑμῶν γέγονα ἀληθεύων ὑμῖν;
17သူတထူးတို့သည် သင် တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ် စွာ ချစ်ကြသည်မ ဟုတ်။ သင်တို့သည်သူ တို့ကို အလွန်ချစ် မည်အကြောင်း ၊ သူတို့သည် သင် တို့ကို ပယ် ခြင်းငှါအလိုရှိ ကြ၏။
17Ζηλοῦσιν ὑμᾶς οὐ καλῶς, ἀλλὰ ἐκκλεῖσαι ὑμᾶς θέλουσιν, ἵνα αὐτοὺς ζηλοῦτε.
18သို့သော်လည်း သင် တို့နှင့်အတူ ငါ ရှိ နေစဉ် တွင်သာ ကောင်း သောအရာကို အလွန်ချစ်အပ်သည် မ ဟုတ်။ အစဉ်မပြတ် အလွန်ချစ်အပ်၏။
18Καλὸν δὲ τὸ ζηλοῦσθαι ἐν καλῷ πάντοτε, καὶ μὴ μόνον ἐν τῷ παρεῖναί με πρὸς ὑμᾶς.
19ခရစ်တော် သည်သင် တို့အထဲ ၌ တည် လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာ ကို ငါခံရသောငါ့ ချစ်သား တို့၊
19Τεκνία μου, οὓς πάλιν ὠδίνω, ἄχρις οὗ μορφωθῇ Χριστὸς ἐν ὑμῖν,
20သင် တို့ကို ငါယုံမှား ခြင်းရှိသောကြောင့် ၊ ယခု သင် တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါအလိုရှိ၏။
20ἤθελον δὲ παρεῖναι πρὸς ὑμᾶς ἄρτι, καὶ ἀλλάξαι τὴν φωνήν μου, ὅτι ἀποροῦμαι ἐν ὑμῖν.
21ပညတ် တရားအောက် ၌နေ ချင် သောသူ တို့၊ သင်တို့သည် ပညတ် တရားကိုနား မ လည်ကြသလော။
21Λέγετέ μοι, οἱ ὑπὸ νόμον θέλοντες εἶναι, τὸν νόμον οὐκ ἀκούετε;
22ပညတ္တိကျမ်းစာ၌ လာ သည်ကား ၊ အာဗြဟံ ၌ သား နှစ် ယောက်ရှိ ၏။ သားတစ် ယောက်ကား၊ ကျွန် မ၏ သားဖြစ်၏။ တစ် ယောက်ကား ကျွန် မမဟုတ်သော မိန်းမ၏ သားဖြစ်၏ဟု လာသတည်း။
22Γέγραπται γάρ, ὅτι Ἀβραὰμ δύο υἱοὺς ἔσχεν· ἕνα ἐκ τῆς παιδίσκης, καὶ ἕνα ἐκ τῆς ἐλευθέρας.
23ကျွန် မ၏ သား သည် ဇာတိ ပကတိအားဖြင့် ဘွား သောသားဖြစ်၏။ ကျွန် မဟုတ်သော မိန်းမ၏ သား သည် ဂတိ တော်အားဖြင့် ဘွားသောသားဖြစ်၏။
23Ἀλλ᾿ ὁ μὲν ἐκ τῆς παιδίσκης κατὰ σάρκα γεγέννηται, ὁ δὲ ἐκ τῆς ἐλευθέρας διὰ τῆς ἐπαγγελίας.
24ထို အကြောင်းအရာကို ပုံပမာ အားဖြင့်ဆို သော်၊ ထို မိန်းမနှစ်ယောက်ကား ၊ ပဋိညာဉ် တရားနှစ် ပါးကို ဆိုလို သတည်း။ ဟာဂရ အမည်ရှိ သောမိန်းမ တည်းဟူသောပဋိညာဉ်တရားတပါး သည် သိနာ တောင် ပေါ်မှာစီရင်၍၊ ကျွန် များကိုဘွား တတ်သောတရားဖြစ်၏။
24Ἅτινά ἐστιν ἀλληγορούμενα· αὗται γάρ εἰσιν αἱ δύο διαθῆκαι· μία μὲν ἀπὸ ὄρους Σινᾶ, εἰς δουλείαν γεννῶσα, ἥτις ἐστὶν Ἅγαρ.
25အကြောင်းမူကား၊ ဟာဂရ သည် အာရပ် ပြည်၌ ရှိသော သိနာ တောင် ဖြစ် ၏။ ယခု ရှိသောယေရုရှလင် မြို့နှင့် တူ၏၊ မိမိ သား များနှင့်တကွ ကျွန် ခံရ၏။
25Τὸ γὰρ Ἅγαρ Σινᾶ ὄρος ἐστὶν ἐν τῇ Ἀραβίᾳ, συστοιχεῖ δὲ τῇ νῦν Ἱερουσαλήμ, δουλεύει δὲ μετὰ τῶν τέκνων αὐτῆς.
26အပေါ်မှာ ရှိသော ယေရုရှလင် မြို့မူကား ၊ ခပ်သိမ်းသော ငါ တို့၏ အမိ တည်းဟူသောကျွန် မမဟုတ် သော မိန်းမဖြစ် သတည်း။
26Ἡ δὲ ἄνω Ἱερουσαλὴμ ἐλευθέρα ἐστίν, ἥτις ἐστὶ μήτηρ πάντων ἡμῶν·
27ကျမ်းစာလာ သည်ကား ၊ သားမ ဘွား သော အမြုံမ ၊ ဝမ်းမြောက် လော့။ သားဘွားခြင်းဝေဒနာ ကိုမ ခံသေးသောမိန်းမ ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား ၊ စွန့် ထားသောမိန်းမသည်လင် ရှိ သော မိန်းမ ထက် သာ၍ များ သော သား တို့ကို ဘွားမြင်ပြီဟု လာသတည်း။
27γέγραπται γάρ, Εὐφράνθητι, στεῖρα, ἡ οὐ τίκτουσα· ῥῆξον καὶ βόησον, ἡ οὐκ ὠδίνουσα· ὅτι πολλὰ τὰ τέκνα τῆς ἐρήμου μᾶλλον ἢ τῆς ἐχούσης τὸν ἄνδρα.
28ညီအစ်ကို တို့၊ ငါတို့သည်ဣဇာက် ကဲ့သို့ ဂတိ တော်နှင့်စပ်ဆိုင်သော သား ဖြစ် ကြ၏။
28Ἡμεῖς δέ, ἀδελφοί, κατὰ Ἰσαάκ, ἐπαγγελίας τέκνα ἐσμέν.
29ထိုအခါ ဇာတိ ပကတိအားဖြင့် ဘွား သောသား သည် ဝိညာဉ် တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့ ၊ ထိုနည်းတူ ယခုပင် ဖြစ်၏။
29Ἀλλ᾿ ὥσπερ τότε ὁ κατὰ σάρκα γεννηθεὶς ἐδίωκε τὸν κατὰ πνεῦμα, οὕτω καὶ νῦν.
30သို့သော်လည်း အဘယ်သို့ ကျမ်းစာ လာသနည်းဟူမူကား၊ ကျွန် မနှင့် သူ ၏သား ကိုနှင်ထုတ် လော့။ ကျွန် မ၏သား သည် ကျွန် မမဟုတ်သော မိန်းမ၏သား နှင့်အတူ အမွေ မ ခံရဟုလာသတည်း။
30Ἀλλὰ τί λέγει ἡ γραφή; Ἔκβαλε τὴν παιδίσκην καὶ τὸν υἱὸν αὐτῆς, οὐ γὰρ μὴ κληρονομήσῃ ὁ υἱὸς τῆς παιδίσκης μετὰ τοῦ υἱοῦ τῆς ἐλευθέρας.
31ယခုတွင်ညီအစ်ကို တို့၊ ငါတို့သည် ကျွန် မ၏ သားမ ဟုတ်၊ ကျွန် မမဟုတ်သော မိန်းမ၏ သား ဖြစ် ကြ၏။
31Ἄρα, ἀδελφοί, οὐκ ἐσμὲν παιδίσκης τέκνα, ἀλλὰ τῆς ἐλευθέρας.
Tip: use the ← and → keys to turn chapters.