ဟဗက္ကုတ်

Old Testament

Chapter 1

ဟဗက္ကုတ်

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဟဗက္ကုတ် 1

Greek New Testament: Textus Receptus has no text for this chapter yet.

1ပရောဖက် ဟဗက္ကုတ် ခံရ သော ဗျာဒိတ် တော် အချက်ဟူမူကား၊

2အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကြား တော် မ မူဘဲ၊ အဘယ် မျှကာလ ပတ်လုံးအကျွန်ုပ်အော်ဟစ် ရပါ မည်နည်း။ ကယ်တင် တော်မ မူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ် ရပါမည်နည်း။

3မတရား သောအမှုကို အကျွန်ုပ် အား အဘယ်ကြောင့် ပြ တော်မူသနည်း။ အဓမ္မ အမှုကို အဘယ်ကြောင့် မြင် စေတော်မူသနည်း။ လုယူ ခြင်း၊ အနိုင် အထက်ပြုခြင်း အမှုသည် အကျွန်ုပ် ရှေ့ မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံ ခြင်း၊ ရန်တွေ့ ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြု ရပါသနည်း။

4သို့ဖြစ်၍ တရား လျော့ ပါ၏။ တရား သဖြင့် စီရင် ဆုံးဖြတ်ခြင်းမ ရှိ ပါ။ မ တရားသောသူတို့ သည် ဖြောင့်မတ် သောသူတို့ကို ဝိုင်း သောကြောင့် ၊ မ တရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။

5သစ္စာပျက်သောသူတို့၊ ကြည့်ရှု ဆင်ခြင် ၍ အလွန်မှိုင်တွေ ကြလော့။ အကြောင်း မူကား၊ သင်တို့အား သူတပါး ပြ ညွှန်သော်လည်း သင်တို့မ ယုံ သော အမှုကို သင် တို့လက်ထက် ကာလ၌ ငါပြု ၏။

6ပြင်းထန် လျင်မြန် သော ခါလဒဲ အမျိုး ကို ငါ နှိုးဆော် ၏။ ကိုယ် မ ပိုင်သော နေရာ အရပ်တို့ကို သိမ်း ယူ ခြင်းငှါ မြေ တပြင်လုံး ၌ ချီ သွားကြလိမ့်မည်။

7အလွန်ကြောက်မက် ဘွယ်သောသူဖြစ်၍ကိုယ် အလိုအလျောက်တရား စီရင်ဆုံးဖြတ်ကြ၏။

8သူ တို့၏ မြင်း သည် ကျားသစ် ထက် လျင်မြန် ၏။ ညဉ့် ၌ လည်သော တောခွေး ထက် ကြမ်းတမ်း ၏။ မြင်းစီးသူရဲ တို့သည် အဝေး က လာ၍ ခုန် ကြလိမ့်မည်။ အကောင်ကို ကိုက်စား ခြင်းငှါ လျင်မြန် သော ရွှေလင်းတ ကဲ့သို့ ပျံ လာ ကြလိမ့်မည်။

9ထိုသူ အပေါင်း တို့သည် ညှဉ်းဆဲ ခြင်းငှါ လာ ကြ ၏။ ရှေ့ သို့ သာ မျက်နှာ ပြုသော အလုံး အရင်းဖြစ်၍၊ ဘမ်းမိ သောသူတို့ကို သဲ လုံးနှင့်အမျှ စုဝေး စေကြလိမ့်မည်။

10ရှင်ဘုရင် တို့ကို အား မနာ၊ မင်း များတို့ကို ပြက်ယယ်ပြု ကြလိမ့်မည်။ ရဲတိုက် ရှိသမျှ တို့ကို ကဲ့ရဲ့ လျက် ၊ မြေမှုန့် ကို ပုံ ထား၍ တိုက် ယူကြလိမ့်မည်။

11ထိုနောက် ၊ သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး ၍ အပြစ်ခံရကြလိမ့်မည်။ မိမိ တို့ တန်ခိုး သည် မိမိ တို့ ဘုရား ဖြစ်လေသည်တကား။

12အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ဘုရား သခင်၊ သန့်ရှင်း တော်မူသောဘုရား၊ ကိုယ်တော် သည် နိစ္စ ထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေ ခြင်းနှင့် ကင်းလွတ် ကြပါမည်။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို စစ်ကြော စေခြင်းငှါ သူ တို့ကို ခန့် ထားတော်မူပြီ။ အိုကျောက် ထရံ၊ ဆုံးမ စေခြင်းငှါ သူ တို့ကို နေရာ ချတော်မူပြီ။

13ကိုယ်တော်သည် ဒုစရိုက် ကို ကြည့်ရှု တော်မမူ။ သန့်ရှင်း သော မျက်စိ ရှိတော်မူ၏။ အဓမ္မ အမှုကို ကြည့်ရှု ၍ နေတော်မ မူတတ် ပါ။ သို့ဖြစ်၍ ၊ သစ္စာ ပျက်သောသူတို့ ကို အဘယ်ကြောင့် ကြည့်ရှု ၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိ ထက် ဖြောင့်မတ် သောသူကို ကိုက်စား သောအခါ ၊ အဘယ်ကြောင့်တိတ်ဆိတ် စွာ နေတော်မူသနည်း။

14လူ သတ္တဝါတို့ကိုလည်း ပင်လယ် ငါး ကဲ့သို့ ၎င်း ၊ မင်း မ ရှိသော ပိုး ကောင်ကဲ့သို့ ၎င်း အဘယ်ကြောင့်ဖြစ် စေတော်မူသနည်း။

15ရန်သူသည် ထိုသူ အပေါင်း တို့ကို ငါးမျှား နှင့် မျှား လျက်၊ ကွန် နှင့် အုပ် လျက် ၊ ပိုက် နှင့် လှောင် လျက် ဝမ်းမြောက် ရွှင်လန်း တတ်၏။

16မိမိ ကွန် အား ယဇ် ပူဇော်၍ ၊ မိမိ ပိုက် အား နံ့သာပေါင်းကို မီးရှို့ တတ်၏။ အကြောင်း မူကား၊ ထို တန်ဆာအားဖြင့် ဥစ္စာ ရတတ်၍ ဝ စွာစားရ၏။

17သို့ဖြစ်၍ ၊ သူ သည် ပိုက်ကွန် ထဲက ငါးတို့ကို သွန်းလောင်း ရပါမည်လော။ လူ အမျိုးမျိုးတို့ကို မ နှမြော ဘဲ အစဉ် လုပ်ကြံ ရပါမည်လော။

Tip: use the ← and → keys to turn chapters.