ဒေသနာ

Old Testament

Chapter 4

ဒေသနာ

Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဒေသနာ 4

Greek New Testament: Textus Receptus has no text for this chapter yet.

1တဖန်တုံ ၊ နေ အောက် မှာ ပြု သမျှ သော ညှဉ်းဆဲ ခြင်း တို့ကို ငါ ထပ်၍ဆင်ခြင် ၏။ ညှဉ်းဆဲ ခြင်းကို ခံရသောသူတို့ သည် ငိုကြွေး သော်လည်း ၊ ချမ်းသာ ပေးနိုင်သော သူမ ရှိ။ ညှဉ်းဆဲ တတ်သောသူတို့ သည် တန်ခိုး ရှိသဖြင့် ချမ်းသာ ပေးနိုင်သောသူမ ရှိ။

2သို့ဖြစ်၍ ၊ သေ လွန်ပြီး သော လူ သေသည် အသက်ရှင် သေးသော လူ ရှင်ထက် သာ၍မင်္ဂလာရှိသည် ဟု ငါ ဆို ရ၏။

3သို့ရာတွင် တခါမျှ မ ဖြစ်သေး သောသူ ၊ နေ အောက် မှာ ပြု သောဒုစရိုက် ကိုမ မြင် သေးသောသူသည် ထို နှစ်ဦး ထက် သာ၍မင်္ဂလာရှိ ၏။

4တဖန် ကြိုးစား အားထုတ်ခြင်းအမှုနှင့် ၊ ကောင်းမွန် စွာ ပြီးစီးသောအမှု အလုံးစုံ တို့ကို၎င်း၊ ထိုသို့ သော အမှု တို့ကြောင့် သူတပါး ငြူစူ ကြောင်းကို၎င်းငါဆင်ခြင် ၏။ ထို အမှုအရာသည် အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။

5မိုက် သောသူသည် မိမိ လက်ချင်း ပိုက် ထား၍ ၊ မိမိ အသား ကို စား တတ်၏။

6ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေ ကို ကျက်စား ခြင်းနှင့် ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက် သာ၍ကောင်း ၏။

7တဖန် ငါ ထပ်၍ ၊ နေ အောက် မှာအနတ္တ အမှုကို ဆင်ခြင် သောအရာဟူမူကား၊

8လူ သည်အဘော် အဘက်၊ သားသမီး ၊ ညီအစ်ကို မ ရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစား အားထုတ်၍ မ ကုန်နိုင်။ မိမိစည်းစိမ် ကိုမြင် ၍ မ ရောင့်ရဲ နိုင်။ ငါ သည် ကိုယ်ကို ညှဉ်းဆဲ ၍ ၊ အဘယ်သူ အဘို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤ အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ပင်ပန်းစေသောအမှုဖြစ်၏။

9လူသည်တယောက် တည်းထက် နှစ် ယောက် သာ၍ကောင်း ၏။ ကြိုးစား အားထုတ်လျှင် ၊ ကောင်း သော အကျိုး ကို ရ တတ်၏။

10တယောက် လဲ လျှင် တယောက်ထူ လိမ့်မည်။ တယောက် တည်းသောသူ လဲ လျှင်မူကား အကျိုးနည်း ပြီ။ ထူ သော သူမ ရှိ။

11လူသည် နှစ် ယောက်အတူအိပ် လျှင် နွေး တတ် ၏။ တယောက် တည်းသောသူမူကား၊ အဘယ် သို့နွေး နိုင် သနည်း။

12လူတယောက် သည် တယောက်ကိုနိုင် လျှင် ထို လူကိုနှစ် ယောက် ဆီးတား နိုင်၏။ သုံး လွန်းတင်သော ကြိုး သည်လည်း အလွယ် တကူမ ပြတ် တတ်။

13ဆုံးမ ခြင်းကို မ ခံ ၊ အသက်ကြီး ၍ မိုက် သော ရှင်ဘုရင် ထက်၊ ပညာ ရှိသောဆင်းရဲသား သူငယ် သည် သာ၍ မြတ် ၏။

14ထိုသို့သော သူငယ်သည် ထောင် ထဲကထွက်၍၊ နန်းတော် ပေါ် သို့ရောက် တတ်၏။ ထိုသို့သောရှင် ဘုရင်မူကား ၊ အဘ အရိပ်အရာနှင့် နန်းထိုင်သော်လည်း ၊ ဆင်းရဲ ခြင်းသို့ ရောက် တတ်၏။

15နေ အောက် မှာ ကျင်လည် သော သတ္တဝါ အပေါင်း တို့သည် မင်းအရိပ်အရာကိုခံရသောထိုဒုတိယ သူ ဘက် ၌ နေ တတ်ကြသည်ကို ငါဆင်ခြင် ၏။

16ထိုမင်းအုပ်စိုးသော သူ အပေါင်း တို့ကို ရေတွက် ၍ မကုန်နိုင်။ နောက် လာသောသူတို့သည်လည်း ၊ ထိုမင်း ကို အား မ ရဘဲနေကြလိမ့်မည်။ အကယ် စင်စစ်ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။

Tip: use the ← and → keys to turn chapters.