ထွက်မြောက်

Old Testament

Chapter 28
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ထွက်မြောက် 28

Greek New Testament: Textus Receptus has no text for this chapter yet.

1သင် ၏အစ်ကို အာရုန် ၌ ဘုန်း အသရေထင်ပေါ်စေခြင်းငှာ ၊ သန့်ရှင်း သော အဝတ် ကို လုပ် ၍ပေး ရမည်။

2အာရုန်သည် ငါ့ ရှေ့ မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရသောအခွင့်ရှိ၍၊ သူ့ ကို သန့်ရှင်း စေခြင်းငှါ ၊ ငါပေး သော ဉာဏ် ကိုရသော ပညာရှိ အပေါင်း တို့သည် ထိုအဝတ် ကို လုပ် ရမည် အကြောင်း မှာ ထားရမည်။

3လုပ် ရသော အဝတ် ဟူမူကား၊ ရင်ဖုံး ၊ သင်တိုင်း ၊ ဝတ်လုံ ၊ ချယ်လှယ်သောအင်္ကျီ ၊ ဗေါင်း ၊ ခါးပန်း တည်း ဟူသောသင် ၏အစ်ကို အာရုန် နှင့် သူ ၏သား တို့သည်၊ ငါ့ ရှေ့ မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း ၊ သန့်ရှင်း သောအဝတ် ကို လုပ် ခြင်းငှါ ၊

4ရွှေ နှင့် ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့ကို ယူ ရမည်။

5ထိုရွှေ အစရှိသည်တို့နှင့် သင်တိုင်း ကို ထူးဆန်း စွာ လုပ် ရမည်။

6သိုင်းကြိုး နှစ် ပင်ရှိ ၍၊ သင်တိုင်း အပေါ်နားချင်းတွဲ မိစေခြင်းငှာ ၊ တဘက် တချက်ကို ဆွဲချုပ် ရမည်။

7သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်း ကိုလည်း ၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေ နှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့ကို၎င်းလုပ် ရမည်။

8ရှဟံ ကျောက် နှစ် လုံးကိုယူ ၍ ၊ ဣသရေလ အမျိုး တဆယ်နှစ်မျိုးကို၊

9အသက်အကြီးအငယ် အလိုက် ၊ ကျောက် နှစ်လုံးပေါ် မှာ အမျိုးနာမည် ခြောက် ခုစီ အက္ခရာ တင် ရမည်။

10တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့၊ ကျောက် လုပ် သော အလုပ် နှင့်တကွ၊ ဣသရေလ အမျိုး ၏ နာမည် တို့ကို ထိုကျောက် နှစ် လုံးအပေါ်မှာ အက္ခရာ တင်၍ ရွှေ ကျောက်အိုး ၌ ထည့် ရမည်။

11ဣသရေလအမျိုးသား တို့ကို အောက်မေ့ စေခြင်းငှါ ၊ ထိုကျောက် နှစ် လုံးကို သင်တိုင်း သိုင်းကြိုး ပေါ် မှာ တပ် ရမည်။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့ စေခြင်းငှါ ၊ သူ တို့နာမည် များကို အာရုန် သည် ထာဝရဘုရား ရှေ့ တော်၌ မိမိ ပခုံး ပေါ် မှာ ဆောင် ရမည်။

12ကျောက် အိုးတို့ကို ရွှေ နှင့်လုပ် ရမည်။

13အဆုံး၌တပ်ရသောကြိုး နှစ် ပင်တို့ကို ရွှေ စင် နှင့်ကျစ် ၍ လုပ် ပြီးမှကျောက်အိုး ၌ တွဲ ရမည်။

14ရွှေ နှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့်၎င်း၊ သင်တိုင်း ကို လုပ် သည်နည်းတူ ၊ ဗျာဒိတ် ရင်ဖုံး ကို ထူးဆန်း စွာ လုပ် ရမည်။

15နှစ်ထပ်ခေါက် လျက်၊ အလျား တထွာ၊ အနံ တထွာ၊ စတုရန်း လေးထောင့် ဖြစ် ရမည်။

16ထိုရင်ဖုံး ၌ ကျောက် မြတ်ကို လေး တန်း စီ ရမည်။ ပဌမ အတန်း ကား၊ ကျောက်နီ ၊ ဥဿဖရား ၊ ပတ္တမြား၊

17ဒုတိယ အတန်း ကား ၊ မြ ၊ နီလာ ၊ စိန် ၊

18တတိယ အတန်း ကား ၊ ဝှါကိန္တု ၊ မဟူရာ ၊ ဂေါ်မိတ်။

19စတုတ္ထ အတန်း ကား ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ဖြစ်၍ ၊ အသီးအသီး တို့ကို ရွှေ အိုး၌ စီ ရမည်။

20ဣသရေလ အမျိုး တဆယ် နှစ် မျိုး ရှိ သည်အတိုင်း၊ တံဆိပ် ပေါ်မှာ အက္ခရာ တင်သကဲ့သို့ထိုကျောက် တို့၌၊ ထို တဆယ့်နှစ်ပါးသော နာမည် အသီးသီးတို့ကို တင်လျက်၊ ကျောက်တ လုံးလျှင်နာမည် တပါးစီပါ ရမည်။

21ရင်ဖုံး အပေါ်ထောင့် နှစ် ခု၌ ရွှေ နှစ် ကွင်း ကို၎င်း၊ ကျစ် သောရွှေ ကြိုး နှစ်ပင်ကို၎င်း လုပ် ပြီးမှ၊ ထိုရွှေကွင်း ၌တပ် ၍၊ သင်တိုင်း သိုင်းကြိုး ပေါ်မှာ ရှိသောကျောက်အိုးတို့၌ တွဲ ရမည်။

26တဖန် ရွှေ နှစ် ကွင်း ကိုလုပ် ၍ သင်တိုင်း အောက်နား မှာ ရှိသော ရင်ဖုံး အောက် ထောင့် နှစ် ခု၌ တပ် ရမည်။

27အခြားသော ရွှေ နှစ် ကွင်း ကိုလည်း လုပ် ၍ ၊ သင်တိုင်း ရှေ့ ဘက်အောက် နား၌ ထူးဆန်းသော ရင်စည်း အပေါ် နားဆက်မှီ ရာတွင် ၊ သင်တိုင်း ကိုယ် တဘက် တချက်၌ တပ် ရမည်။

28ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်း နှင့်တွဲ၍၊ ပြာ သောကြိုး ဖြင့် ပြီးစေရမည်။ ထိုသို့ ရင်ဖုံး ကို ထူးဆန်းသော ရင်စည်း အပေါ်နားမှာ ဆွဲ ၍၊ သင်တိုင်း နှင့်မ ကွာ အမြဲရှိစေရမည်။

29အာရုန် သည်လည်း ၊ သန့်ရှင်း ရာအရပ်ဌာနတော်ထဲသို့ ဝင် သောအခါ ၊ ဣသရေလ အမျိုးသား တို့ကို ထာဝရဘုရား အစဉ် အောက်မေ့ တော်မူစေခြင်းငှါ ၊ ဗျာဒိတ် ရင်ဖုံး ၌ ပါသောသူတို့ နာမည် များကို မိမိ နှလုံး ပေါ် မှာ ဆောင် ရမည်။

30ဗျာဒိတ် ရင်ဖုံး အထဲ ၌ ဥရိမ် နှင့် သုမိမ် ကို သွင်း ထားရမည်။ အာရုန် သည် ထာဝရဘုရား ရှေ့ တော်သို့ ဝင် သောအခါ ၊ မိမိနှလုံး အပေါ် မှာ ဥရိမ်နှင့် သုမိမ်ပါ သည်ဖြစ်၍ ၊ ဣသရေလ အမျိုးသား တို့အမှု၌ စီရင် တော်မူချက်ကို ထာဝရဘုရား ရှေ့ ၊ မိမိ နှလုံး ပေါ် မှာ ဆောင် ရမည်။

31သင်တိုင်း နှင့်ဆိုင်သော ဝတ်လုံ ကို၊ ပြာ သောအထည်နှင့်သာ လုပ် ရမည်။

32ဝတ်လုံ ၌ လည်စွပ်ပါ ၍ လည်စွပ် ကို မ စုပ် စေခြင်းငှါ ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့ ၊ ရက် သောအထည် နှင့် ကွပ်ရမည်။

33ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်နှင့် လုပ်သော သလဲ သီးများကို၎င်း ၊ ရွှေ ဆည်းလည်း များကို၎င်း၊ ဝတ်လုံ အောက်စွန်းနားပတ်လည် ၌ ၊

34သလဲ သီးတလုံး၊ ရွှေ ဆည်းလည်း တလုံးစီခြားလျက်၊ အစဉ်အတိုင်းဆွဲထားရမည်။

35အာရုန် သည် အမှု တော်ကို ဆောင်၍ ၊ သန့်ရှင်း ရာအရပ် ဌာနတော်ထဲမှာ ၊ ထာဝရဘုရား ရှေ့ တော်၌ ထွက် ဝင် သောအခါ ၊ သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ ထိုဝတ်လုံကို ဝတ်၍ သူ၏ အသံ ကို ကြား ရမည်။

36ရွှေ စင် သင်းကျစ် ကိုလည်း လုပ် ၍ ၊ တံဆိပ် ပေါ် မှာ အက္ခရာတင် သကဲ့သို့၊ ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု အက္ခရာတင် ၍၊

37ပြာ သောကြိုး နှင့်ဗေါင်း ရှေ့ ၌ ချည် ထားရမည်။

38အာရုန် သည် ထိုသင်းကျစ်ကို နဖူး ၌ ဆင် သဖြင့် ၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အလှူ ဒါနနှင့်ဆိုင်၍၊ သန့်ရှင်း စေသမျှသော အရာ တို့၌ ပါသောအပြစ် ကို ဆောင် ရမည်။ သူ တို့သည် ထာဝရဘုရား ၏ စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ အာရုန် ၏ နဖူး ၌ အစဉ် ဆင် ရမည်။

39ပိတ်ချော အင်္ကျီ ကိုလည်း လုပ် ၍ ချယ်လှယ်ရမည်။ ဗေါင်း ကိုလည်း ပိတ်ချော နှင့်လုပ် ရမည်။ ခါးပန်း ကိုလည်း ချယ်လှယ် သော အလုပ် နှင့် ပြီး စေရမည်။

40အာရုန် ၏သား တို့ ဘုန်း အသရေ ကို ထင်ပေါ်စေခြင်းငှါ ၊ အင်္ကျီ ၊ ခါးပန်း ၊ ဦးထုပ် များကို လုပ် ပေးရမည်။

41ထိုသို့ သင် ၏ အစ်ကို အာရုန် နှင့် သူ ၏သား တို့ကို ဝတ်ဆင် စေပြီးမှ ၊ သူ တို့သည် ငါ့ ရှေ့ မှာ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူ တို့ကို ဆီ နှင့်လိမ်းသဖြင့် အရာ၌ ခန့်ထား၍ သန့်ရှင်း စေရမည်။

42သူ တို့၌ ရှက် စရာအကြောင်း၊ မ ထင်မပေါ်စေခြင်းငှါ ၊ ခါး မှ ပေါင် သို့အထိ ပိတ် ပေါင်းဘီ ကို ချုပ် ၍ ပေးရမည်။

43အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်ထဲသို့ ဝင် သော် ၎င်း၊ သန့်ရှင်း ရာအရပ် ဌာန၌ ယဇ် ပလ္လင်အနားသို့ ချည်းကပ် သော် ၎င်း ၊ အပြစ် ရောက် ၍ မ သေ စေခြင်းငှါ ထိုသို့ ဝတ် ရမည်။ အာရုန် မှစ၍ သူ ၏အမျိုး အစဉ်အဆက်တို့သည် စောင့်ရသောပညတ် တော် ဖြစ်သတည်း။

Tip: use the ← and → keys to turn chapters.