ထွက်မြောက်

Old Testament

Chapter 1
Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

ထွက်မြောက် 1

Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1မိမိ တို့ အိမ်သူအိမ်သား ပါ လျက်၊ အဘယာကုပ် နှင့်အတူ အဲဂုတ္တု ပြည်သို့ ရောက် လာသောဣသရေလ သား တို့၏အမည် ဟူမူကား၊
1以色列 的眾子,各帶家眷,和 雅各 一同來到 埃及 。他們的名字記在下面。
2ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ၊
2有 呂便 、 西緬 、 利未 、 猶大 、
3ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန်၊
3以薩迦 、 西布倫 、 便雅憫 、
4ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာ တည်း။
4但 、 拿弗他利 、 迦得 、 亞設 。
5ယာကုပ် အမျိုးသား ပေါင်း ကား၊ ခုနစ်ဆယ် တည်း။ ယောသပ် သည် အဲဂုတ္တု ပြည်၌ ရှိ နှင့်သတည်း။
5凡從 雅各 而生的,共有七十人。 約瑟 已經在 埃及 。
6ယောသပ် နှင့် အစ်ကို များမှစ၍ ၊ ထို ကာလ အမျိုးသားအပေါင်း တို့သည် သေ ကြကုန်၏။
6約瑟 和他的弟兄,並那一代的人,都死了。
7ဣသရေလ အမျိုးသား တို့သည် သားကိုဘွား ၍ အလွန်တိုး ပွား များပြား သဖြင့် ၊ အလွန် အားကြီး၍ တပြည် လုံး၌ နှံ့ပြား ကြလေ၏။
7以色列 人生養眾多,並且繁茂,極其強盛,滿了那地。
8ထိုနောက် မှအဲဂုတ္တု ပြည်၌ ယောသပ် ကို မ သိ သော ရှင်ဘုရင် သစ် ပေါ် လာ၏။
8有不認識 約瑟 的新王起來,治理 埃及 ,
9ထိုရှင်ဘုရင်ကလည်း၊ ဣသရေလ အမျိုးသား တို့သည် ငါ တို့ထက် သာ၍များ ကြ၏။ သာ၍အားကြီး ကြ၏။
9對他的百姓說:「看哪,這 以色列 民比我們還多,又比我們強盛。
10လာ ကြ၊ သူ တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ လူ တို့အား ဆို လေ၏။
10來吧,我們不如用巧計待他們,恐怕他們多起來,日後若遇甚麼爭戰的事,就連合我們的仇敵攻擊我們,離開這地去了。」
11ထို့ကြောင့် အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာ နှိပ်စက် ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ် ခန့်ထား ကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သို ထားဘို့ ၊ ပိသုံ မြို့ နှင့် ရာမသက် မြို့ကို တည်ဆောက် ရကြ၏။
11於是 埃及 人派督工的轄制他們,加重擔苦害他們。他們為法老建造兩座積貨城,就是 比東 和 蘭塞 。
12သို့သော်လည်း ၊ နှိပ်စက် ခြင်းကိုခံရသည်အတိုင်း ၊ တိုးပွား များပြား လျက် ရှိကြ၏။ သူ တို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍၊
12只是越發苦害他們,他們越發多起來,越發蔓延; 埃及 人就因 以色列 人愁煩。
13အလွန် ကြမ်းတမ်းစွာညှဉ်းဆဲ ကြ၏။
13埃及 人嚴嚴地使 以色列 人做工,
14သရွတ် နှင့် အုတ် လုပ် သောအမှု၊ လယ် လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌ လည်း ခဲယဉ်း စွာ စေခိုင်းကြ၏။
14使他們因做苦工覺得命苦;無論是和泥,是做磚,是做田間各樣的工,在一切的工上都嚴嚴地待他們。
15ရှိဖရ နှင့် ပုအာ အမည် ရှိသောဟေဗြဲ ဝမ်းဆွဲမတို့ကို ၊ အဲဂုတ္တု ရှင်ဘုရင် က၊
15有 希伯來 的兩個收生婆,一名 施弗拉 ,一名 普阿 ; 埃及 王對她們說:
16သင် တို့သည် ဟေဗြဲ မိန်းမတို့အား ဝမ်းဆွဲ လုပ်၍ မွေးရာ အရပ်၌ စောင့် နေသောအခါ ၊ ယောက်ျား ဖြစ်လျှင် သေ စေ၊ မိန်းမ ဖြစ်လျှင် အသက်ရှင် စေဟု အမိန့် တော် ရှိ၏။
16「你們為 希伯來 婦人收生,看她們臨盆的時候,若是男孩,就把他殺了;若是女孩,就留她存活。」
17ဝမ်းဆွဲ မတို့သည် ဘုရားသခင် ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တု ရှင်ဘုရင် မိန့် တော်မူသည်အတိုင်း မ ပြု ၊ ယောက်ျား တို့ကို အသက်ချမ်းသာ ပေးကြ၏။
17但是收生婆敬畏上帝,不照 埃及 王的吩咐行,竟存留男孩的性命。
18အဲဂုတ္တု ရှင်ဘုရင် သည်လည်း ၊ ဝမ်းဆွဲမ တို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု သနည်း။ ယောက်ျား တို့ကိုအဘယ်ကြောင့်အသက် ချမ်းသာပေးသနည်းဟုမေး စစ်သော်၊
18埃及 王召了收生婆來,說:「你們為甚麼做這事,存留男孩的性命呢?」
19ဝမ်းဆွဲမ တို့က၊ ဟေဗြဲ မိန်းမတို့သည်၊ အဲဂုတ္တု ၊ မိန်းမ ကဲ့သို့ မဟုတ် ၊ သန်စွမ်း သောကြောင့် ၊ ဝမ်းဆွဲမ မ ရောက် မှီ သား ကိုဘွားတတ်ကြ၏ဟု ပြန်လျှောက် လေ၏။
19收生婆對法老說:「因為 希伯來 婦人與 埃及 婦人不同; 希伯來 婦人本是健壯的,收生婆還沒有到,她們已經生產了。」
20ထိုကြောင့် ဘုရားသခင် သည် ဝမ်းဆွဲမ တို့ကို ကျေးဇူးပြု တော်မူ၏။ ထိုလူ အမျိုးသည်လည်း များပြား ၍ အလွန် အားကြီး ကြလေ၏။
20上帝厚待收生婆。 以色列 人多起來,極其強盛。
21ဝမ်းဆွဲမ တို့သည် ဘုရားသခင် ကို ကြောက်ရွံ့ သောကြောင့် ၊ သူ တို့အိမ်သူအိမ်သား များကို ပြုစု တော်မူ ၏။
21收生婆因為敬畏上帝,上帝便叫她們成立家室。
22ဖာရော ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင် သောသူငယ် ယောက်ျား အပေါင်းတို့ကို မြစ် ထဲသို့ ချပစ် စေ။ မိန်းမ ကိုမူကား အသက်ရှင် စေဟု မိမိ လူ အပေါင်း တို့ကို မှာ ထားတော်မူ၏။
22法老吩咐他的眾民說:「 以色列 人所生的男孩,你們都要丟在河裏;一切的女孩,你們要存留她的性命。」

Tip: use the ← and → keys to turn chapters.