ထွက်မြောက် 9
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင် ထံသို့ ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကို လွှတ် လော့။
1耶和華吩咐 摩西 說:「你進去見法老,對他說:『耶和華- 希伯來 人的上帝這樣說:容我的百姓去,好事奉我。
2မလွှတ်ဘူးဟုငြင်း ၍ ဆီးတား သေး လျှင် ၊
2你若不肯容他們去,仍舊強留他們,
3ထာဝရဘုရား ၏လက် တော်သည် လယ်ပြင် ၌ ရှိသောတိရစ္ဆာန် ၊ မြင်း ၊ မြည်း ၊ ကုလားအုပ် ၊ သိုး ၊ နွား တို့အပေါ် ၌ ရောက် ၍ အလွန် ပြင်းစွာ သော ရောဂါ စွဲလိမ့်မည်။
3耶和華的手加在你田間的牲畜上,就是在馬、驢、駱駝、牛群、羊群上,必有重重的瘟疫。
4ထာဝရဘုရား သည်၊ ဣသရေလ လူတို့၏ တိရစ္ဆာန် နှင့် အဲဂုတ္တု လူတို့၏ တိရစ္ဆာန် ကို ခြားနား စေသဖြင့် ၊ ဣသရေလ အမျိုးသား ပိုင်သော တိရစ္ဆာန် တကောင် မျှမ သေ ရ။
4耶和華要分別 以色列 的牲畜和 埃及 的牲畜,凡屬 以色列 人的,一樣都不死。』」
5နက်ဖြန် နေ့၊ အဲဂုတ္တုပြည် ၌ ထို အမှု ကို ထာဝရဘုရား ပြု တော်မူမည်ဟု မှန်သောအချိန် ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကိုပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
5耶和華就定了時候,說:「明天耶和華必在此地行這事。」
6နက်ဖြန် နေ့၌ ထို အမှု ကိုပြု တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ တိရစ္ဆာန် အမျိုးမျိုး သေ ကြ၏။ ဣသရေလ လူ တို့၏ တိရစ္ဆာန် တကောင် မျှမ သေ။
6第二天,耶和華就行這事。 埃及 的牲畜 幾乎 都死了,只是 以色列 人的牲畜,一個都沒有死。
7ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသရေလ အမျိုးသားတို့၏ တိရစ္ဆာန် တ ကောင်မျှ မ သေ ကြောင်းကို သိ ရ၏။ သို့သော်လည်း နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။
7法老打發人去 看 ,誰知 以色列 人的牲畜連一個都沒有死。法老的心卻是固執,不容百姓去。
8ထာဝရဘုရား ကလည်း ၊ မီးဖို ထဲကပြာ ကို လက် နှင့်ယူ ၍ မောရှေ သည် ဖါရော ဘုရင်ရှေ့ ၌ မိုဃ်းကောင်းကင် သို့ ပစ် လွှင့်စေ။
8耶和華吩咐 摩西 、 亞倫 說:「你們取幾捧爐灰, 摩西 要在法老面前向天揚起來。
9ထိုပြာသည် အဲဂုတ္တု ပြည် တရှောက်လုံး ၌ နှံ့ပြားသော အမှုန့် ဖြစ် ၍ ၊ ပြည် တရှောက်လုံး တွင် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လိမ့်မည် ဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်အတိုင်း၊
9這灰要在 埃及 全地變作塵土,在人身上和牲畜身上成了起泡的瘡。」
10သူတို့သည် မီးဖို ထဲကပြာ ကိုယူ ၍ ၊ ဖါရော ဘုရင် ရှေ့ မှာရပ် လျက် ၊ မောရှေ သည် မိုဃ်းကောင်းကင် သို့ ပစ် လွှင့်သဖြင့် ၊ ထိုပြာသည် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လေ၏။
10摩西 、 亞倫 取了爐灰,站在法老面前。 摩西 向天揚起來,就在人身上和牲畜身上成了起泡的瘡。
11ဝိဇ္ဇာဆရာ တို့သည် အနာဆိုး ကြောင့် ၊ မောရှေ ရှေ့ ၌မ ရပ် မနေနိုင်။ ထိုအနာဆိုး သည် ဝိဇ္ဇာဆရာ တို့၌ ၎င်း ၊ အဲဂုတ္တု လူအပေါင်း တို့၌ ၎င်း စွဲ သတည်း။
11行法術的在 摩西 面前站立不住,因為在他們身上和一切 埃及 人身上都有這瘡。
12ထာဝရဘုရား သည် ဖါရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသည်ဖြစ်၍ ၊ မောရှေ အား မိန့် တော်မူသည် အတိုင်း ၊ သူ တို့စကားကို နား မ ထောင်ဘဲ နေလေ၏။
12耶和華使法老的心剛硬,不聽他們,正如耶和華對 摩西 所說的。
13တဖန် ထာဝရဘုရား က၊ နံနက် စောစော ထ၍ ၊ ဖါရော ဘုရင်ရှေ့ မှာရပ် လျက် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင် ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေးလော့။
13耶和華對 摩西 說:「你清早起來,站在法老面前,對他說:『耶和華- 希伯來 人的上帝這樣說:容我的百姓去,好事奉我。
14သို့မဟုတ် ယခု ကာလ အခါ သင် ၏နှလုံး ၌ ၎င်း ၊ သင် ၏ကျွန် များ၊ လူ များ၌ ၎င်း ၊ ငါ ၏ဘေးဒဏ် အလုံးစုံ တို့ကို သင့် ရောက်စေမည်။ မြေကြီး တရှောက်လုံး ၌ ငါ ကဲ့သို့ သောသူ မရှိ ကြောင်းကို သင်သည် သိ ရလိမ့်မည်။
14因為這一次我要叫一切的災殃臨到你和你臣僕並你百姓的身上,叫你知道在普天下沒有像我的。
15ငါ့ လက် ကို ငါဆန့် ၍ သင် နှင့် သင် ၏လူ တို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။ သင့်ကိုလည်း မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းမည်။
15我若伸手用瘟疫攻擊你和你的百姓,你早就從地上除滅了。
16အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
16其實,我叫你存立,是特要向你顯我的大能,並要使我的名傳遍天下。
17သင် သည် ငါ ၏လူ တို့ကိုမ လွှတ် ဘဲ၊ သူ တို့ကို စော်ကား သေး သလော။
17你還向我的百姓自高,不容他們去嗎?
18ကြည့်ရှု လော့။ အဲဂုတ္တု ပြည် တည် သည်ကာလ မှ စ၍ယခု တိုင်အောင် မ ရွာ ဘူးသော အလွန် ကြီးစွာ သော မိုဃ်းသီး ရွာခြင်းကို နက်ဖြန် နေ့ ဤအချိန် ၌ ငါ ဖြစ် စေမည်။
18到明天約在這時候,我必叫重大的冰雹降下,自從 埃及 開國以來,沒有這樣的冰雹。
19ထိုကြောင့် ယခု စေလွှတ် ၍ ၊ လယ်ပြင် ၌ ရှိသောတိရစ္ဆာန် များနှင့် ရှိလေသမျှ တို့ကို သိမ်း ယူလော့။ အိမ် သို့ မ ဆောင် လျင်၊ လယ်ပြင် ၌ တွေ့ သမျှ သောလူ နှင့် တိရစ္ဆာန် တို့အပေါ် မှာ မိုဃ်းသီး ကျ ၍ ၊ သူတို့သည် သေ ကြလိမ့်မည်အကြောင်းကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
19現在你要打發人把你的牲畜和你田間一切所有的催進來;凡在田間不收回家的,無論是人是牲畜,冰雹必降在他們身上,他們就必死。』」
20ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြောက်ရွံ့ သော ဖာရော ဘုရင်၏ ကျွန် တို့သည်၊ မိမိ ကျွန် နှင့် မိမိ တိရစ္ဆာန် တို့ကို အိမ် သို့ ပြေး စေကြ၏။
20法老的臣僕中,懼怕耶和華這話的,便叫他的奴僕和牲畜跑進家來。
21ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပမာဏ မ ပြုသောသူတို့သည်၊ မိမိ ကျွန် ၊ မိမိ တိရစ္ဆာန် တို့ကို လယ်ပြင် ၌ ထား ကြ၏။
21但那不把耶和華這話放在心上的,就將他的奴僕和牲畜留在田裏。
22ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ လူ တို့အပေါ်မှာ ၎င်း ၊ တိရစ္ဆာန် တို့အပေါ် မှာ၎င်း ၊ လယ်ပြင် ၌ ရှိလေသမျှ သော အပင် များအပေါ် မှာ၎င်း၊ မိုဃ်းသီး ရွာ စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူ၏။
22耶和華對 摩西 說:「你向天伸杖,使 埃及 遍地的人身上和牲畜身上,並田間各樣菜蔬上,都有冰雹。」
23မောရှေ သည် မိမိ လှံတံ ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ ထာဝရဘုရား သည် မိုဃ်းကြိုး နှင့် မိုဃ်းသီး ကို လွှတ် တော်မူ၏။ မီး သည်လည်း မြေ ပေါ် မှာပြေး လေ၏။ ထိုသို့ ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် ၌ မိုဃ်းသီး ရွာ စေတော်မူသဖြင့်၊
23摩西 向天伸杖,耶和華就打雷下雹,有火閃到地上;耶和華下雹在 埃及 地上。
24အဲဂုတ္တု ပြည် တည်ထောင် သည်ကာလမှစ၍ တခါမျှ မဖြစ် ဘူးသော မိုဃ်းသီး ၊ မီး နှင့်ရော၍ အလွန် ပြင်းထန် စွာသော မိုဃ်းသီး ဖြစ် လေ၏။
24那時,雹與火攙雜,甚是厲害,自從 埃及 成國以來,遍地沒有這樣的。
25အဲဂုတ္တု ပြည် တရှောက်လုံး ၌ ၊ လယ်ပြင် မှာ ရှိသမျှ သော လူ နှင့် တိရစ္ဆာန် များ၊ မြက်ပင် များ၊ သစ်ပင် များ တို့ကို မိုဃ်းသီး ထိ လေ၏။
25在 埃及 遍地,雹擊打了田間所有的人和牲畜,並一切的菜蔬,又打壞田間一切的樹木。
26သို့ရာတွင် ဣသရေလ အမျိုးသား နေရာ ဂေါရှင် ပြည် ၌ မိုဃ်းသီး မ ကျ မရွာ။
26惟獨 以色列 人所住的 歌珊 地沒有冰雹。
27ထိုအခါ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ ဤအမှု၌ ငါပြစ်မှား ပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါ နှင့် ငါ ၏လူ တို့သည် အပြစ် များပါ၏။
27法老打發人召 摩西 、 亞倫 來,對他們說:「這一次我犯了罪了。耶和華是公義的;我和我的百姓是邪惡的。
28တန် ပါပြီ။ အားကြီး သော မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲမည်အကြောင်း၊ ထာဝရဘုရား ကို တောင်းပန် ပါ။ သင် တို့ကို ငါမ ဆီးမတား အလျင်အမြန်လွှတ် မည်ဟု ဆို လေ၏။
28這雷轟和冰雹已經夠了。請你們求耶和華,我就容你們去,不再留住你們。」
29မောရှေ ကလည်း ၊ မြို့ ထဲက ကျွန်ုပ် ထွက် သွားသောအခါ ၊ ထာဝရဘုရား ရှေ့တော်၌ ကျွန်ုပ် လက်ဝါး တို့ကို ဖြန့် ပါမည်။ ထာဝရဘုရား သည် မြေကြီး ကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ မိုဃ်းကြိုး စဲ လိမ့်မည်။ မိုဃ်းသီး လည်း မ ကျ မရွာရ။
29摩西 對他說:「我一出城,就要向耶和華舉手 禱告 ;雷必止住,也不再有冰雹,叫你知道全地都是屬耶和華的。
30သို့သော်လည်း ကိုယ်တော် နှင့် ကိုယ်တော် ၏ကျွန် တို့သည်၊ ထာဝရ အရှင်ဘုရား သခင်ကို မ ကြောက် သေး ကြောင်းကို အကျွန်ုပ်သိ ပါသည်ဟု လျှောက်ဆို ၏။
30至於你和你的臣僕,我知道你們還是不懼怕耶和華上帝。」(
31ပိုက်ဆန် ပင်၊ မုယော ပင်ကို မိုဃ်းသီးထိ ၏။ မုယော ပင်သည် အသီး အနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန် ပင်လည်း အသီးမှည့် ပြီ။
31那時,麻和大麥被 雹 擊打;因為大麥已經吐穗,麻也開了花。
32ဂ ျုံ စပါး၊ ကောက် စပါးပင်ကိုကား မ ထိ။ ထို အပင်တို့သည် မ ပေါက်ကြသေး။
32只是小麥和粗麥沒有被擊打,因為還沒有長成。)
33မောရှေ သည် ဖာရော ဘုရင်ထံမှ ထွက် ၍ မြို့ ပြင်သို့သွားပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ လက်ဝါး တို့ကို ဖြန့် သဖြင့် ၊ မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲ လေ၏။ မြေ ပေါ်၌ လည်း မိုဃ်း မ ရွာ။
33摩西 離了法老出城,向耶和華舉手 禱告 ;雷和雹就止住,雨也不再澆在地上了。
34ထိုသို့ မိုဃ်း မရွာ၍ မိုဃ်းသီး နှင့် မိုဃ်းကြိုး စဲ သည်ကို ဖာရော ဘုရင်မြင် လျှင် ၊ တဖန် ပြစ်မှား ၍ ၊ ကျွန် များနှင့်တကွ နှလုံး ခိုင်မာ လျက်နေ၏။
34法老見雨和雹與雷止住,就越發犯罪;他和他的臣僕都硬着心。
35ထိုသို့ ဖာရောဘုရင်သည် နှလုံး ခိုင်မာ သည်ဖြစ်၍ ၊ မောရှေ ၌ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်သတည်း။
35法老的心剛硬,不容 以色列 人去,正如耶和華藉着 摩西 所說的。
Tip: use the ← and → keys to turn chapters.