ဆာလံ

Old Testament

Chapter 9
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 9

Greek New Testament: Textus Receptus has no text for this chapter yet.

1အိုထာဝရဘုရား ၊ အကျွန်ုပ် သည် စိတ် နှလုံးအကြွင်းမဲ့ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အံ့ဘွယ် သော အမှုတော်ရှိသမျှ တို့ကို ပြ ညွှန်ပါမည်။

2ကိုယ်တော် ကို အမှီပြု ၍ ဝမ်းသာ ရွှင်လန်း ပါမည်။ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်၊ အမြင့်ဆုံး သောဘုရား။

3အကြောင်း မူကား၊ အကျွန်ုပ် ၏ရန်သူ တို့သည် ပြန် ဆုတ် ၍ လဲ ကြပါ၏။ ရှေ့တော် ၌ ပျက်စီး ကြပါ၏။

4ကိုယ်တော် သည် အကျွန်ုပ် ဘက်မှာ တရား ဆုံးဖြတ် တော်မူပြီ။ ပလ္လင် တော်ပေါ် မှာ ထိုင် ၍ဖြောင့်မတ် စွာ စီရင် တော်မူပြီ။

5တပါး အမျိုးသားတို့ကို ဆုံးမ တော်မူပြီ။ ဆိုး သောသူတို့ ကို ဖျက်ဆီး ၍ သူ တို့ နာမ ကိုကာလ အစဉ်အဆက် ချေ ဖျောက်တော်မူပြီ။

6ရန်သူ တို့သည် အကုန် အစင်ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။ မြို့ တို့ကို ဖြိုဖျက် တော်မူ၍ ၊ သူ တို့အမှတ် မျှမရှိပျောက် ပါပြီ။

7ထာဝရဘုရား မူကား ၊ ကာလအစဉ် အဆက် တည် တော်မူ၏။ တရား ပလ္လင် တော်ကို ပြင်ဆင် ၍၊

8မြေကြီး သားတို့ကို တရား သဖြင့် စီရင် တော်မူ၏။ လူမျိုး တို့အား ဖြောင့်မတ် စွာသော စီရင် ခြင်းကို ပြုတော်မူ၏။

9ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသောသူ တို့ ၏ခိုလှုံ ရာ၊ ဘေး အန္တရာယ်ရောက် သည် ကာလ ခိုလှုံ ရာဖြစ်တော်မူ၏။

10နာမ တော်ကို သိ သောသူတို့သည် ကိုယ်တော် ကို ယုံကြည် ကြပါလိမ့်မည်။ အကြောင်း မူကား၊ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကိုရှာ သောသူတို့ ကိုစွန့် ပစ်တော်မ မူ တတ်ပါ။

11ဇိအုန် မြို့မှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ကို ထောမနာသီချင်း ဆိုကြလော့။ အမှု တော်များကို လူမျိုး တို့အား ဟော ပြောကြလော့။

12လူအသက်သတ် ခြင်းအမှုကို စစ် တော်မူ၍ ၊ အသေခံရသောသူ တို့ကို အောက်မေ့ တော်မူ၏။ နှိမ့်ချ လျက်ရှိသောသူတို့ ၏အော်ဟစ် ခြင်း အသံကိုမေ့လျော့ တော်မ မူတတ်ပါ။

13အိုထာဝရဘုရား ၊ အကျွန်ုပ် ကို ကယ်မ သနား တော်မူပါ။ အကျွန်ုပ် ကို မုန်း သောသူတို့၏ ညှဉ်းဆဲ ခြင်းအမှုကိုကြည့်ရှု ၍၊ သေမင်း လက် မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။

14သို့ဖြစ်၍ ဂုဏ် ကျေးဇူးတော်အပေါင်း ကို ဇိအုန် မြို့ တံခါး ဝမှာ အကျွန်ုပ်ပြ ညွှန်ပါမည်။ ကယ်တင် တော်မူ ခြင်းကျေးဇူးကို အမှီပြု ၍ ဝမ်းမြောက် ပါမည်။

15တပါးအမျိုးသား တို့သည် ကိုယ်တူး သော တွင်း ထဲ သို့ ကိုယ်ကျ ကြ၏။ ကိုယ်ဝှက်ထား သော ကျော့ကွင်း ထဲ မှာ ကိုယ် ခြေ တို့သည် ကျော့ မိကြ၏။

16ထာဝရဘုရား သည် တရား စီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှား တော်မူ၏။ မတရား သောသူသည် မိမိ လုပ် သော အလုပ် ထဲမှာ ကျော့မိ ခြင်းကိုခံရ၏။

17မတရား သောသူတို့နှင့် ဘုရား သခင်ကို မေ့လျော့ သော အမျိုးသား အပေါင်း တို့သည် မရဏာ နိုင်ငံသို့ နှင် ခြင်းကိုခံရကြလိမ့်မည်။

18ငတ်မွတ် သောသူတို့ ကို အစဉ် မေ့လျော့ တော် မ မူ။ ဆင်းရဲ သောသူတို့ သည် မြော်လင့် ၍ မရဘဲ အစဉ် မ နေရကြ။

19အိုထာဝရဘုရား ၊ ထ တော်မူပါ။ လူ မ နိုင် ပါစေနှင့်။ တပါးအမျိုးသား တို့သည် ရှေ့ တော်၌ စစ်ကြော စီရင်ခြင်းကိုခံရကြပါစေသော။

20အိုထာဝရဘုရား ၊ သူ တို့ကို ချောက် လှန့်တော်မူ ပါ။ သို့ဖြစ်၍မိမိတို့သည် လူ သက်သက်ဖြစ်သည်ကို လူမျိုး တို့သည် သိ ကြပါလိမ့်မည်။

Tip: use the ← and → keys to turn chapters.