ဆာလံ 75
Greek New Testament: Textus Receptus has no text for this chapter yet.
1အိုဘုရား သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါ၏။ နာမတော် နီး ကြောင်း ကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံ ကြသည်ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်း ကြပါ၏။
2ချိန်းချက် သော အချိန်ကာလနှင့် ငါ တွေ့ကြုံ သောအခါ ဖြောင့်မတ် စွာ တရား စီရင်မည်။
3မြေကြီး နှင့် မြေကြီး သားအပေါင်း တို့သည် လှုပ်ရှား ခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင် တို့ကို ငါထောက် ခံရ၏။
4မိုက်သောအကျင့် ကို မ ကျင့်ကြနှင့်ဟု မိုက် သောသူတို့ အား ၎င်း၊ ဦးချို ကို မ မြှောက် ကြနှင့်။
5သင် တို့၏ ဦးချို ကို မ ချီးမြှောက် ကြနှင့်။ လည်ပင်း ခိုင်မာ လျက် မပြော ကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။
6အရှေ့ ၊ အနောက် ၊ တောင် အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူး မ ပြုနိုင်။
7ဘုရား သခင်သည် စီရင် ပိုင်တော်မူ၏။ တ ယောက် ကို နှိမ့်ချ ၍ ၊ တ ယောက်ကို ချီးမြှောက် တော်မူ ၏။
8ထာဝရဘုရား ၏လက် တော်၌ ဖလား ရှိ၏။ နီ သောစပျစ် ရည်ပါ၏။ ဆေး မျိုးနှင့်ရောလျက်ရှိ၏။ ထို စပျစ်ရည်ကို လောင်း တော်မူ၏။ အနည် အဖတ်ကိုလည်း မတရား သော မြေ သားအပေါင်း တို့သည် ညှစ် ၍ သောက် ရကြ၏။
9ငါ မူကား အစဉ် မပြတ်ချီးမွမ်း ၍ ၊ ယာကုပ် အမျိုး ၏ ဘုရား သခင်ကို ထောမနာသီချင်း ဆိုပါမည်။
10မတရား သောသူတို့၏ ဦးချို အပေါင်း ကို ငါချိုး မည်။ တရား သောသူတို့ ၏ဦးချို တို့မူကား၊ ချီးမြှောက် ခြင်းသို့ ရောက်ရကြလိမ့်မည်။
Tip: use the ← and → keys to turn chapters.