ဆာလံ

Old Testament

Chapter 10
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 10

Greek New Testament: Textus Receptus has no text for this chapter yet.

1အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေး ရပ် ၍ နေတော်မူသနည်း။ ဘေး အန္တရာယ် ရောက် သည်ကာလ အဘယ်ကြောင့်ပုန်းကွယ် ၍ နေတော်မူသနည်း။

2မတရား သောသူသည် မာန စိတ်ရှိ၍ ၊ ဆင်းရဲ သော သူကိုညှဉ်းဆဲ တတ်ပါ၏။ မိမိ ပြုသော ပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီး တတ်ပါ၏။

3မတရား သောသူသည် မိမိ စိတ် အလို ၌ ဝါကြွား တတ်ပါ၏။ လောဘ ကြီးသောသူသည် ထာဝရဘုရား ကို ပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏။

4မတရား သောသူသည် မာန ထောင်လွှား သောကြောင့် ၊ မ စဉ်းစား တတ်ပါ။ ဘုရား သခင်မ ရှိဟု အစဉ် အောက်မေ့ တတ်ပါ၏။

5အစဉ် ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရား စီရင် တော်မူချက်တို့သည်သူ နှင့် ဝေးမြင့် သည်ဖြစ်၍ခပ်သိမ်း သောရန်သူ တို့ကို မထီမဲ့မြင် ပြုတတ်ပါ၏။

6ငါသည်အစဉ်မ ရွေ့ ရ၊ ဆင်းရဲ ခြင်းသို့ မ ရောက်ရ ဟု အောက်မေ့ တတ်ပါ၏။

7သူ ၏နှုတ် သည်ကျိန်ဆဲ ခြင်း၊ လှည့်စား ခြင်း၊ ရှုတ်ချ ခြင်းနှင့် ပြည့်ဝ ပါ၏။ လျှာ အောက် မှာ မကောင်း သောအကြံနှင့် မ တရားသော အမှုရှိပါ၏။

8ရွာ အနားတွင် ပုန်း နေရာအရပ်မှာ ထိုင် ၍၊ အပြစ် မရှိသောသူကို ဆိတ်ကွယ် ရာအရပ်၌ သတ် တတ် ပါ၏။ ဆင်းရဲ သောသူ ကို ချောင်းမြောင်း တတ်ပါ၏။

9ချုံ ထဲ မှာနေသောခြင်္သေ့ ကဲ့ သို့ကွယ် ရာအရပ်၌ ပုန်း ၍နေတတ်ပါ၏။ ဆင်းရဲ သောသူကို ဘမ်းဆီး ခြင်းငှါ ပုန်းကွယ် ၍ နေပါ၏။ ဆင်းရဲ သောသူကို ကွန်ရွက် ထဲ သို့ ဆွဲ ၍ဘမ်းဆီး တတ်ပါ၏။

10ထိုသို့ ညှဉ်းဆဲ နှိပ်စက် ခြင်းကို ခံရ၍ ၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ ၏လက် သို့ ကျ ရောက် တတ် ကြပါ၏။

11ထို သူက၊ ဘုရား သခင်သည် မေ့လျော့ တော်မူ၏။ မျက်နှာ ကို လွှဲ တော်မူ၏။ မြင် တော်မ မူဟု အောက်မေ့ တတ်ပါ၏။

12အိုထာဝရဘုရား ထ တော်မူပါ။ အိုဘုရား သခင်လက် တော်ကို ချီ တော်မူပါ။ နှိမ့်ချ လျက်ရှိသောသူတို့ကို မေ့လျော့ တော်မ မူပါနှင့်။

13မတရား သောသူသည် ဘုရား သခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ် တော်မ မူဟု အဘယ်ကြောင့်အောက်မေ့ ရပါအံ့နည်း။

14သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။

15မတရား သဖြင့် ပြု၍ ဆိုး သောသူ ၏လက်ရုံး ကို ချိုး တော်မူပါ။ သူ ပြုသော အဓမ္မအမှုကို အကုန်အစင်စစ် တော်မူပါ။

16ထာဝရဘုရား သည် ကာလ အစဉ်အမြဲတည် သော ရှင် ဘုရင်ဖြစ်တော်မူ၍၊ တပါးအမျိုးသား တို့သည် နိုင်ငံ တော်ထဲ က ကွယ်ပျောက် ကြပါလိမ့်မည်။

17အိုထာဝရဘုရား ၊ ကိုယ်တော်သည် နှိမ့်ချ လျက် ရှိသောသူတို့ ၏တောင့်တ ခြင်း အသံကိုကြား တော်မူ၏။ သူ တို့၏စိတ် နှလုံးကို တည်ကြည် စေတော်မူ၏။

18ဆင်းရဲသားကို သူ ၏မြေ မှ တဖန် မ နှင်ထုတ် မည် အကြောင်း ၊ မိဘ မရှိသော သူနှင့် ညှဉ်းဆဲ ခံရသောသူတို့ ကို တရား ပေးခြင်းငှါ နား တော်ကို ဖွင့် တော်မူ၏။

Tip: use the ← and → keys to turn chapters.