ဆာလံ

Old Testament

Chapter 10
Judson Burmese Bible (18…
vs Louis Segond 1910
Aa
Text size
Line width
Verse numbers

ဆာလံ 10

Judson Burmese Bible (1840)
Louis Segond 1910
1အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဝေးဝေး ရပ် ၍ နေတော်မူသနည်း။ ဘေး အန္တရာယ် ရောက် သည်ကာလ အဘယ်ကြောင့်ပုန်းကွယ် ၍ နေတော်မူသနည်း။
1Pourquoi, ô Éternel! Te tiens-tu éloigné? Pourquoi te caches-tu au temps de la détresse?
2မတရား သောသူသည် မာန စိတ်ရှိ၍ ၊ ဆင်းရဲ သော သူကိုညှဉ်းဆဲ တတ်ပါ၏။ မိမိ ပြုသော ပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီး တတ်ပါ၏။
2Le méchant dans son orgueil poursuit les malheureux, Ils sont victimes des trames qu’il a conçues.
3မတရား သောသူသည် မိမိ စိတ် အလို ၌ ဝါကြွား တတ်ပါ၏။ လောဘ ကြီးသောသူသည် ထာဝရဘုရား ကို ပယ်၍ မထီမဲ့မြင် ပြုတတ်ပါ၏။
3Car le méchant se glorifie de sa convoitise, Et le ravisseur outrage, méprise l’Éternel.
4မတရား သောသူသည် မာန ထောင်လွှား သောကြောင့် ၊ မ စဉ်းစား တတ်ပါ။ ဘုရား သခင်မ ရှိဟု အစဉ် အောက်မေ့ တတ်ပါ၏။
4Le méchant dit avec arrogance: Il ne punit pas! Il n’y a point de Dieu! Voilà toutes ses pensées.
5အစဉ် ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ၏။ တရား စီရင် တော်မူချက်တို့သည်သူ နှင့် ဝေးမြင့် သည်ဖြစ်၍ခပ်သိမ်း သောရန်သူ တို့ကို မထီမဲ့မြင် ပြုတတ်ပါ၏။
5Ses voies réussissent en tout temps; Tes jugements sont trop élevés pour l’atteindre, Il souffle contre tous ses adversaires.
6ငါသည်အစဉ်မ ရွေ့ ရ၊ ဆင်းရဲ ခြင်းသို့ မ ရောက်ရ ဟု အောက်မေ့ တတ်ပါ၏။
6Il dit en son cœur: Je ne chancelle pas, Je suis pour toujours à l’abri du malheur!
7သူ ၏နှုတ် သည်ကျိန်ဆဲ ခြင်း၊ လှည့်စား ခြင်း၊ ရှုတ်ချ ခြင်းနှင့် ပြည့်ဝ ပါ၏။ လျှာ အောက် မှာ မကောင်း သောအကြံနှင့် မ တရားသော အမှုရှိပါ၏။
7Sa bouche est pleine de malédictions, de tromperies et de fraudes; Il y a sous sa langue de la malice et de l’iniquité.
8ရွာ အနားတွင် ပုန်း နေရာအရပ်မှာ ထိုင် ၍၊ အပြစ် မရှိသောသူကို ဆိတ်ကွယ် ရာအရပ်၌ သတ် တတ် ပါ၏။ ဆင်းရဲ သောသူ ကို ချောင်းမြောင်း တတ်ပါ၏။
8Il se tient en embuscade près des villages, Il assassine l’innocent dans des lieux écartés; Ses yeux épient le malheureux.
9ချုံ ထဲ မှာနေသောခြင်္သေ့ ကဲ့ သို့ကွယ် ရာအရပ်၌ ပုန်း ၍နေတတ်ပါ၏။ ဆင်းရဲ သောသူကို ဘမ်းဆီး ခြင်းငှါ ပုန်းကွယ် ၍ နေပါ၏။ ဆင်းရဲ သောသူကို ကွန်ရွက် ထဲ သို့ ဆွဲ ၍ဘမ်းဆီး တတ်ပါ၏။
9Il est aux aguets dans sa retraite, comme le lion dans sa tanière, Il est aux aguets pour surprendre le malheureux; Il le surprend et l’attire dans son filet.
10ထိုသို့ ညှဉ်းဆဲ နှိပ်စက် ခြင်းကို ခံရ၍ ၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ ၏လက် သို့ ကျ ရောက် တတ် ကြပါ၏။
10Il se courbe, il se baisse, Et les misérables tombent dans ses griffes.
11ထို သူက၊ ဘုရား သခင်သည် မေ့လျော့ တော်မူ၏။ မျက်နှာ ကို လွှဲ တော်မူ၏။ မြင် တော်မ မူဟု အောက်မေ့ တတ်ပါ၏။
11Il dit en son cœur: Dieu oublie! Il cache sa face, il ne regarde jamais!
12အိုထာဝရဘုရား ထ တော်မူပါ။ အိုဘုရား သခင်လက် တော်ကို ချီ တော်မူပါ။ နှိမ့်ချ လျက်ရှိသောသူတို့ကို မေ့လျော့ တော်မ မူပါနှင့်။
12Lève-toi, Éternel! Ô Dieu, lève ta main! N’oublie pas les malheureux!
13မတရား သောသူသည် ဘုရား သခင်ကို အဘယ်ကြောင့် မထီမဲ့မြင် ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ် တော်မ မူဟု အဘယ်ကြောင့်အောက်မေ့ ရပါအံ့နည်း။
13Pourquoi le méchant méprise-t-il Dieu? Pourquoi dit-il en son cœur: Tu ne punis pas?
14သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
14Tu regardes cependant, car tu vois la peine et la souffrance, Pour prendre en main leur cause; C’est à toi que s’abandonne le malheureux, C’est toi qui viens en aide à l’orphelin.
15မတရား သဖြင့် ပြု၍ ဆိုး သောသူ ၏လက်ရုံး ကို ချိုး တော်မူပါ။ သူ ပြုသော အဓမ္မအမှုကို အကုန်အစင်စစ် တော်မူပါ။
15Brise le bras du méchant, Punis ses iniquités, et qu’il disparaisse à tes yeux!
16ထာဝရဘုရား သည် ကာလ အစဉ်အမြဲတည် သော ရှင် ဘုရင်ဖြစ်တော်မူ၍၊ တပါးအမျိုးသား တို့သည် နိုင်ငံ တော်ထဲ က ကွယ်ပျောက် ကြပါလိမ့်မည်။
16L’Éternel est roi à toujours et à perpétuité; Les nations sont exterminées de son pays.
17အိုထာဝရဘုရား ၊ ကိုယ်တော်သည် နှိမ့်ချ လျက် ရှိသောသူတို့ ၏တောင့်တ ခြင်း အသံကိုကြား တော်မူ၏။ သူ တို့၏စိတ် နှလုံးကို တည်ကြည် စေတော်မူ၏။
17Tu entends les vœux de ceux qui souffrent, ô Éternel! Tu affermis leur cœur; tu prêtes l’oreille
18ဆင်းရဲသားကို သူ ၏မြေ မှ တဖန် မ နှင်ထုတ် မည် အကြောင်း ၊ မိဘ မရှိသော သူနှင့် ညှဉ်းဆဲ ခံရသောသူတို့ ကို တရား ပေးခြင်းငှါ နား တော်ကို ဖွင့် တော်မူ၏။
18Pour rendre justice à l’orphelin et à l’opprimé, Afin que l’homme tiré de la terre cesse d’inspirer l’effroi.

Tip: use the ← and → keys to turn chapters.