ဆာလံ

Old Testament

Chapter 62
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 62

Greek New Testament: Textus Receptus has no text for this chapter yet.

1အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ့ ကို ကယ်တင် ခြင်း အကြောင်းသည် အထံ တော်က သက်ရောက်ရ၏။

2အကယ် စင်စစ်ဘုရား သခင်သည် ငါ ၏ကျောက် ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ၊ ငါ့ ခိုလှုံ ရာဖြစ်တော်မူ ၍၊ ငါ၌ လှုပ်ရှား ခြင်းများစွာ မ ရှိရာ။

3သင်တို့သည် အဘယ် မျှကာလပတ်လုံး တယောက်သောသူ ကို တိုက် ကြမည်နည်း။ သူ့ကို တိမ်း သော အုပ်ရိုး ၊ လှုပ် သော ထရံ ကဲ့ သို့မှတ်၍၊ သင် တို့အပေါင်း သည် အဘယ်မျှကာလပတ်လုံးဖြိုဖျက် ကြမည်နည်း။

4ထိုသူ ကို မြင့် သော အရပ်က လှဲ ခြင်းငှါ ကြံစည် လျက် နေကြ၏။ မုသာ ကို နှစ်သက် ကြ၏။ နှုတ် ဖြင့် ကား၊ ကောင်းကြီး ကိုပေး လျက်၊ နှလုံး ၌ ကား၊ ကျိန်ဆဲ ခြင်းကို ပြုတတ်ကြ၏။

5အကယ် စင်စစ်ငါ့ ဝိညာဉ် သည် ဘုရား သခင်ရှေ့ မှာ ငြိမ်ဝပ် စွာ နေတတ်၏။ ငါ မြော်လင့် ခြင်း အကြောင်း သည် အထံ တော်က သက်ရောက်ရ၏။

6အကယ် စင်စစ်ဘုရား သခင်သည် ငါ ၏ကျောက် ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ၊ ငါ ခိုလှုံ ရာဖြစ်တော်မူ ၍၊ ငါသည် လှုပ်ရှား ခြင်းမ ရှိရာ။

7ငါ့ ကို ကယ်တင် ခြင်းအကြောင်း၊ ငါ ၏ဘုန်းပွင့် ခြင်းအကြောင်းကား ဘုရား သခင်ပေတည်း။ ငါ့ ကို အားပေး သောကျောက် ၊ ငါ ခိုလှုံ ရာကား ဘုရား သခင်ပေတည်း။

8အိုလူ များတို့၊ ဘုရား သခင်၌ အစဉ် မပြတ်ခိုလှုံ ကြလော့။ ရှေ့ တော်၌ စိတ် နှလုံးကို ဖွင့် ပြကြလော့။ ဘုရား သခင်သည် ငါ တို့ ခိုလှုံ ရာဖြစ်တော်မူ၏။

9အကယ် စင်စစ်ယုတ်ညံ့ သောသူ တို့ သည် အနတ္တ ၊ အသရေရှိသောသူတို့ သည် မုသာ ဖြစ်ကြ၏။ ချိန်ခွင် နှင့် ချိန်စက်လျှင် ထိုသူ အပေါင်း တို့သည် အနတ္တ ထက် သာ၍ပေါ့ကြ၏။

10ညှဉ်းဆဲ ခြင်းကို မ ကိုးစား ကြနှင့်။ အနိုင် အထက်လုယူ၍ မ ဝါကြွား ကြနှင့်။ ဥစ္စာ များ ပြားလျှင် စိတ် စွဲလမ်းခြင်း မ ရှိ ကြနှင့်။

11ဘုရား သခင်သည် တကြိမ် ဗျာဒိတ် ပေးတော်မူပြီ။ နှစ်ကြိမ် မြောက် ငါကြား ရသောဗျာဒိတ် တော်ဟူမူကား ၊ တန်ခိုး သည် ဘုရား သခင်၌ ရှိ၏။

12အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကရုဏာ နှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော် သည် လူအသီး အသီးတို့ အား သူ တို့အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူ၏။

Tip: use the ← and → keys to turn chapters.