ဆာလံ

Old Testament

Chapter 32
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 32

Greek New Testament: Textus Receptus has no text for this chapter yet.

1အပြစ် မှလွှတ် ခြင်း၊ ဒုစရိုက် အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာ ရှိ၏။

2ထာဝရဘုရား အပြစ် တင် တော်မူခြင်းနှင့် လွတ် ၍ ၊ လှည့်စား တတ်သောစိတ် သဘောနှင့် ကင်းစင် သောသူ သည် မင်္ဂလာ ရှိ၏။

3ငါ သည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံး ညည်းတွား သောအားဖြင့် ၊ ငါ့ အရိုး တို့သည် ဆွေးမြေ့ ခြင်းသို့ ရောက်ကြ၏။

4နေ့ ညဉ့်မပြတ် ကိုယ်တော် ၏လက် သည် အကျွန်ုပ် အပေါ် မှာ လေး ၍ ၊ အကျွန်ုပ် ၏ ချွေး ရည်သည် နွေ ကာလ၌ သွေ့ခြောက် ခြင်းကဲ့သို့ ဖြစ် ပါ၏။

5တဖန် အကျွန်ုပ် သည် ကိုယ် အပြစ် ကိုရှေ့တော်၌ ဝန်ချ ပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက် ၍မ ထားပါ။ ငါ လွန်ကျူး သောအရာကို ထာဝရဘုရား အား ဘော်ပြ တောင်းပန်မည်ဟုပြော ဆိုသောအခါ၊ ကိုယ်တော် သည် အကျွန်ုပ် ပြစ်မှား ခြင်းအပြစ် ကို လွှတ် တော်မူ၏။

6ထိုကြောင့် ကိုယ်တော် ကို တွေ့ သင့်သော အချိန် ကာလ ၌ ၊ သန့်ရှင်း သူအပေါင်း တို့သည် ရှေ့တော်၌ တောင်း လျှောက်ကြပါလိမ့်မည်။ အကယ် စင်စစ်လွှမ်းမိုး တတ်သောရေ ကြီး သည် သူ တို့ထံ သို့မ ချဉ်း ရပါ။

7ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ ၏။ အကျွန်ုပ် ကို ဘေး လွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ် ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ် ကို ခြံရံ စေတော်မူ၏။

8သင့် ကိုငါသွန်သင် မည်။ သင် သွား ရမည့်လမ်း ကို ပြ ညွှန်မည်။ သင့် ကိုကြည့်ရှု ပြုစုမည်။ ဉာဏ် ပညာမဲ့ သော မြင်း လား ကဲ့ သို့မ ဖြစ် နှင့်။

9သူ သည်သင့် ထံ သို့မ ချဉ်းကပ် သောကြောင့်၊ ပစပ်ကို ဇက် ခွံ့၍ ၊ ဇက်ကြိုး နှင့် ဆွဲ ရမည်။

10မတရား သောသူသည် များ စွာသောဒုက္ခ ကို ခံရ၏။ ထာဝရဘုရား ၌ ကိုးစား သောသူကိုကား ၊ ကရုဏာ တော်သည် ဝန်းရံ တတ်၏။

11ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ၌ ဝမ်းမြောက် ရွှင်လန်းကြလော့။ သဘော ဖြောင့် သောသူ တို့၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။

Tip: use the ← and → keys to turn chapters.