ဆာလံ

Old Testament

Chapter 45
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 45

Greek New Testament: Textus Receptus has no text for this chapter yet.

1ငါ့ စိတ် နှလုံးသည် မင်္ဂလာ စကား နှင့်ပွက် ထ လျက်ရှိ၍၊ ငါ စီရင် သောအရာ ကို ရှင်ဘုရင် ရှေ့တော်၌ မြွက်ဆို ပေအံ့။ ငါ့ လျှာ သည်လည်း လိမ္မာ ကျွမ်းကျင်သော စာရေး ၏ကညစ် ဖြစ်ရ၏။

2ကိုယ်တော် သည် လူမျိုး ထက် အဆင်း လှပါ၏။ နှုတ် တော်သည် ကျေးဇူး စကားနှင့် ပြည့်စုံ ပါ၏။ ထိုကြောင့် ဘုရား သခင်သည် ကိုယ်တော် ကို အစဉ် အမြဲကောင်းကြီး ပေးတော်မူ၏။

3တန်ခိုး ကြီး သောအရှင် ၊ ဘုန်း အသရေတော် ဖြစ်သော ကိုယ်တော် ၏ထား ကို ပေါင် တော်၌ စည်း တော်မူပါ။

4သစ္စာ တရား ၊ နူးညံ့ ခြင်းတရား၊ ဖြောင့်မတ် ခြင်း တရားကြောင့် ၊ အသရေ တော်ထင်ရှားလျက် ၊ အောင်မြင် ၍ စီး သွားတော်မူပါ။ လက်ျာ လက်တော်လည်း ကြောက်မက် ဘွယ်သောအရာကို ကိုယ်တော် အားပြ ပါလိမ့်မည်။

5ရှင်ဘုရင် ၏ ရန်သူ တို့နှလုံး ထဲ မှာ မြှား တော်တို့သည် ထက် သည်ဖြစ်၍၊ လူ တို့သည် ခြေတော်အောက် ၌ လဲ ကြ ပါ၏။

6အိုဘုရား သခင်၊ ကိုယ်တော် ၏ပလ္လင် သည် နိစ္စ ထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏နိုင်ငံ သည် တရား သဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။

7ကိုယ်တော်သည်ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍ မ တရားသောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် ဘုရား သခင်၊ ကိုယ်တော် ၏ဘုရား သခင်သည် ကိုယ်တော် ၏အပေါင်းဘော် တို့ထက် ၊ ကိုယ်တော် ကို ချီးမြှောက်၍၊ ဝမ်းမြာက် ခြင်းဆီ နှင့်ဘိသိတ် ပေးတော်မူပြီ။

8ဆင်စွယ် ဘုံ ဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှ တို့သည်မုရန် ၊ အကျော် ၊ သစ် ကြံပိုးအမွှေးနှင့် ပြည့်စုံ၍ နှစ်သက် တော်မူဘွယ် ဖြစ်ကြပါ၏။

9အပြည်ပြည်သော မင်း သမီး တို့သည် မောင်းမ မိဿံအဝင် ဖြစ်၍၊ လက်ျာ တော်ဘက် မှာ ဩဖိရ ရွှေ တန်ဆာဆင်သော မြောက် သားတော်နေရာ ဖြစ်ပါ၏။

10ငါ့သမီး နားထောင် လော့။ ဆင်ခြင် ၍ နာ ယူ လော့။ ကိုယ် အမျိုးသား ချင်းနှင့် ကိုယ် အဘ ၏အိမ် ကို မေ့လျော့ လော့။

11သို့ပြုလျှင် သင် လှ သောအဆင်းကို ရှင် ဘုရင်သည် နှစ် လိုစုံမက်တော်မူမည်။ သူ သည် သင် ၏အရှင် ဖြစ်သောကြောင့် သူ့ ကို ကိုးကွယ် လော့။

12တုရု မင်း သမီးမှစ၍ လူစု တွင် ဥစ္စာ ရတတ်သောသူတို့ သည်လည်း၊ လက်ဆောင် ပဏ္ဏာပါ လျက် သင့် ကို ဖျောင်းဖျ ရကြလိမ့်မည်။

13ရှင်ဘုရင် ၏သမီး တော်သည် အတွင်း ၌ ဂုဏ် အသရေသက်သက်ရှိ၏။ ရွှေ ဖြင့် ချယ်လှယ် သော အဝတ် တန်ဆာကိုဆင်၏။

14ဈာ နှင့်ကာလျက် ရှင်ဘုရင် ထံသို့ ဆောင် ခဲ့ရ၏။ နောက် လိုက်သောအပေါင်းအဘော် အပျို တော်များကိုလည်း၊ ကိုယ်တော် ထံ သို့သွင်း ရလိမ့်မည်။

15ဝမ်းမြောက် ရွှင်လန်း သောအခြင်းအရာနှင့် ဆောင် ခဲ့၍ ၊ ရှင်ဘုရင် ၏နန်းတော် သို့ ဝင် ရကြလိမ့်မည်။

16ကိုယ်တော် ၏အဘ များ ကိုယ်စား သား များကို ရ ၍၊ မြေကြီး တပြင်လုံး တွင် မင်း အရာ ၌ခန့်ထား တော်မူလိမ့်မည်။

17အကျွန်ုပ်သည် ကိုယ်တော် ၏နာမ ကို လူမျိုး အစဉ်အဆက် အောက်မေ့ ကျော်စောစေသဖြင့် ၊ လူမျိုး တို့ သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော် ကို ချီးမွမ်း ကြလတံ့သတည်း။

Tip: use the ← and → keys to turn chapters.