ဆာလံ

Old Testament

Chapter 147
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဆာလံ 147

Greek New Testament: Textus Receptus has no text for this chapter yet.

1ထာဝရ ဘုရားကို ချီးမွမ်း ကောင်း သည်ဖြစ်၍၊ ချီးမွမ်း ကြလော့။ ငါ တို့၏ဘုရား သခင်ကို ထောမနာ ပြု ခြင်းသည် သာယာ လျောက်ပတ် သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။

2ထာဝရဘုရား သည် ယေရုရှလင် မြို့ကို တည်ဆောက် ၍၊ အဝေး သို့နှင်လိုက်သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေတော်မူ၏။

3စိတ် ကြေမွ သောသူတို့ကို နှစ်သိမ့် စေ၍ ၊ သူ တို့၏ အနာ ကို ကု တော်မူ၏။

4ကြယ် များကိုရေတွက် ၍ အသီးအသီး တို့ကို သမုတ် တော်မူ၏။

5ငါ တို့၏ဘုရား ရှင်သည် ကြီးမြတ် တော်မူ၏။ တန်ခိုး တော်လည်း ကြီး ၏။ ဉာဏ် တော်သည်အနန္တ ဖြစ်၏။

6ထာဝရဘုရား သည် စိတ် နှိမ့်ချသောသူတို့ ကို ကြွပင့် ၍၊ မ တရားသောသူတို့ ကိုကား၊ မြေ ပေါ် မှာ လှဲ တော်မူ၏။

7ဂုဏ်တော်ကိုချီးမွမ်း လျက် ထာဝရဘုရား ရှေ့တော်၌ သီချင်း ဆိုကြလော့။ စောင်း တီး၍၊ ငါ တို့၏ ဘုရား သခင်ကို ထောမနာ သီချင်းဆိုကြလော့။

8ကောင်းကင် ကို မိုဃ်းတိမ် များနှင့် ဖုံးလွှမ်း သဖြင့်၊ မြေကြီး ဘို့ မိုဃ်း ရေကိုပြင်ဆင် ၍၊ တောင် များပေါ်မှာ မြက်ပင် ကိုပေါက် စေတော်မူ၏။

9မြည် တတ်သော ကျီးကန်း ကလေး မှစ၍ ၊ တိရစ္ဆာန် များတို့ကို ကျွေးမွေး တော်မူ၏။

10မြင်း ၏ခွန်အား နှင့်လူ ၏လျင်မြန် ခြင်းကို အားရ နှစ်သက်တော်မူခြင်းမ ရှိ။

11ကြောက်ရွံ့ သောသူနှင့် ကရုဏာ တော်ကို မြော်လင့် သောသူတို့ ကို ထာဝရဘုရား နှစ်သက် တော်မူ ၏။

12အိုယေရုရှလင် မြို့၊ ထာဝရဘုရား ကို ချီးမွမ်း လော့။ အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင်ကို ချီးမွမ်း လော့။

13အကြောင်း မူကား၊ သင် ၏တံခါး ကန့်လန့် တို့ကို ခိုင်မာ စေ၍၊ သင် ၏ အထဲမှာ သားသမီး များကို ကောင်းကြီး ပေးတော်မူ၏။

14သင် ၏ပြည်စွန်း ပြည်နားမှာ အမှုအရေးကို ငြိမ်းစေ ၍၊ အကောင်း ဆုံးသော စပါး နှင့် သင့် ကို ဝ စွာ ကျွေးမွေးတော်မူ၏။

15မြေကြီး ပေါ် သို့ဗျာဒိတ် တော်ကို လွှတ် တော်မူ၏။ နှုတ်ကပတ် တော်သည် အလျင် အမြန်ပြေး တတ်ပါ၏။

16မိုဃ်းပွင့် ကို သိုးမွေး ကဲ့သို့ ချ တော်မူ၏။ နှင်းခဲ ကိုလည်း ပြာ ကဲ့သို့ ဆွတ်ဖြူ တော်မူ၏။

17မိမိ မိုဃ်းသီး ကို စားနုတ် စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်း စေတော်မူခြင်းကို အဘယ်သူ ခံ နိုင် သနည်း။

18တဖန်နှုတ်ကပတ် တော်ကိုလွှတ် ၍ ၊ ထို မိုဃ်းပွင့်အစရှိသည်တို့ကို အရည် ကျိုတော်မူ၏။ မိမိ လေ ကို လာ စေတော်မူသဖြင့်၊ ရေ တို့သည် စီး ကြ၏။

19နှုတ်ကပတ် အမိန့်တော်ကို ယာကုပ် အမျိုး၌ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို ဣသရေလ အမျိုး၌ ၎င်း ဘော်ပြ တော်မူ၏။

20အခြားတပါးသော အမျိုးသား တို့ ၌ ထိုသို့ ပြု တော် မ မူ။ စီရင် တော်မူချက်များကို သူ တို့မ သိ ရကြ။ ဟာလေလုယ။

Tip: use the ← and → keys to turn chapters.