ဆာလံ 147
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1ထာဝရ ဘုရားကို ချီးမွမ်း ကောင်း သည်ဖြစ်၍၊ ချီးမွမ်း ကြလော့။ ငါ တို့၏ဘုရား သခင်ကို ထောမနာ ပြု ခြင်းသည် သာယာ လျောက်ပတ် သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။
1Praise the Lord, O Jerusalem: praise thy God, O Sion.
2ထာဝရဘုရား သည် ယေရုရှလင် မြို့ကို တည်ဆောက် ၍၊ အဝေး သို့နှင်လိုက်သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေတော်မူ၏။
2Because he hath strengthened the bolts of thy gates, he hath blessed thy children within thee.
3စိတ် ကြေမွ သောသူတို့ကို နှစ်သိမ့် စေ၍ ၊ သူ တို့၏ အနာ ကို ကု တော်မူ၏။
3Who hath placed peace in thy borders: and filleth thee with the fat of corn.
4ကြယ် များကိုရေတွက် ၍ အသီးအသီး တို့ကို သမုတ် တော်မူ၏။
4Who sendeth forth his speech to the earth: his word runneth swiftly.
5ငါ တို့၏ဘုရား ရှင်သည် ကြီးမြတ် တော်မူ၏။ တန်ခိုး တော်လည်း ကြီး ၏။ ဉာဏ် တော်သည်အနန္တ ဖြစ်၏။
5Who giveth snow like wool: scattereth mists like ashes.
6ထာဝရဘုရား သည် စိတ် နှိမ့်ချသောသူတို့ ကို ကြွပင့် ၍၊ မ တရားသောသူတို့ ကိုကား၊ မြေ ပေါ် မှာ လှဲ တော်မူ၏။
6He sendeth his crystal like morsels: who shall stand before the face of his cold?
7ဂုဏ်တော်ကိုချီးမွမ်း လျက် ထာဝရဘုရား ရှေ့တော်၌ သီချင်း ဆိုကြလော့။ စောင်း တီး၍၊ ငါ တို့၏ ဘုရား သခင်ကို ထောမနာ သီချင်းဆိုကြလော့။
7He shall send out his word, and shall melt them: his wind shall blow, and the waters shall run.
8ကောင်းကင် ကို မိုဃ်းတိမ် များနှင့် ဖုံးလွှမ်း သဖြင့်၊ မြေကြီး ဘို့ မိုဃ်း ရေကိုပြင်ဆင် ၍၊ တောင် များပေါ်မှာ မြက်ပင် ကိုပေါက် စေတော်မူ၏။
8Who declareth his word to Jacob: his justices and his judgments to Israel.
9မြည် တတ်သော ကျီးကန်း ကလေး မှစ၍ ၊ တိရစ္ဆာန် များတို့ကို ကျွေးမွေး တော်မူ၏။
9He hath not done in like manner to every nation: and his judgments he hath not made manifest to them. Alleluia.
10မြင်း ၏ခွန်အား နှင့်လူ ၏လျင်မြန် ခြင်းကို အားရ နှစ်သက်တော်မူခြင်းမ ရှိ။
no verse 10 in this text
11ကြောက်ရွံ့ သောသူနှင့် ကရုဏာ တော်ကို မြော်လင့် သောသူတို့ ကို ထာဝရဘုရား နှစ်သက် တော်မူ ၏။
no verse 11 in this text
12အိုယေရုရှလင် မြို့၊ ထာဝရဘုရား ကို ချီးမွမ်း လော့။ အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင်ကို ချီးမွမ်း လော့။
no verse 12 in this text
13အကြောင်း မူကား၊ သင် ၏တံခါး ကန့်လန့် တို့ကို ခိုင်မာ စေ၍၊ သင် ၏ အထဲမှာ သားသမီး များကို ကောင်းကြီး ပေးတော်မူ၏။
no verse 13 in this text
14သင် ၏ပြည်စွန်း ပြည်နားမှာ အမှုအရေးကို ငြိမ်းစေ ၍၊ အကောင်း ဆုံးသော စပါး နှင့် သင့် ကို ဝ စွာ ကျွေးမွေးတော်မူ၏။
no verse 14 in this text
15မြေကြီး ပေါ် သို့ဗျာဒိတ် တော်ကို လွှတ် တော်မူ၏။ နှုတ်ကပတ် တော်သည် အလျင် အမြန်ပြေး တတ်ပါ၏။
no verse 15 in this text
16မိုဃ်းပွင့် ကို သိုးမွေး ကဲ့သို့ ချ တော်မူ၏။ နှင်းခဲ ကိုလည်း ပြာ ကဲ့သို့ ဆွတ်ဖြူ တော်မူ၏။
no verse 16 in this text
17မိမိ မိုဃ်းသီး ကို စားနုတ် စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်း စေတော်မူခြင်းကို အဘယ်သူ ခံ နိုင် သနည်း။
no verse 17 in this text
18တဖန်နှုတ်ကပတ် တော်ကိုလွှတ် ၍ ၊ ထို မိုဃ်းပွင့်အစရှိသည်တို့ကို အရည် ကျိုတော်မူ၏။ မိမိ လေ ကို လာ စေတော်မူသဖြင့်၊ ရေ တို့သည် စီး ကြ၏။
no verse 18 in this text
19နှုတ်ကပတ် အမိန့်တော်ကို ယာကုပ် အမျိုး၌ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို ဣသရေလ အမျိုး၌ ၎င်း ဘော်ပြ တော်မူ၏။
no verse 19 in this text
20အခြားတပါးသော အမျိုးသား တို့ ၌ ထိုသို့ ပြု တော် မ မူ။ စီရင် တော်မူချက်များကို သူ တို့မ သိ ရကြ။ ဟာလေလုယ။
no verse 20 in this text
Tip: use the ← and → keys to turn chapters.