ဆာလံ

Old Testament

Chapter 69
Judson Burmese Bible (18…
vs Douay-Rheims Bible…
Aa
Text size
Line width
Verse numbers

ဆာလံ 69

Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1အကျွန်ုပ် ကို ကယ် ယူတော်မူပါ ဘုရား ။ ရေ သည် အကျွန်ုပ်အသက် ဝိညာဉ်တိုင်အောင် ရောက် ပါပြီ။
1Unto the end, a psalm for David, to bring to remembrance that the Lord saved him.
2ခြေနင်း ရာမ ရှိ။ နက် လှသော ရွှံ့ ထဲ မှာ ကျွံ ပါပြီ။ လှိုင်း တံပိုးလွှမ်းမိုး ရာ နက် သော ရေ ထဲ သို့ ရောက် ပါပြီ။
2O God, come to my assistance; O Lord, make haste to help me.
3အော်ဟစ် ၍ ပင်ပန်း ပါပြီ။ လည်ချောင်း ခြောက် ပါပြီ။ အကျွန်ုပ် ၏ ဘုရား သခင်ကို အကျွန်ုပ် မျှော် ကြည့် ၍ မျက်စိပျက် ပါပြီ။
3Let them be confounded and ashamed that seek my soul:
4အကြောင်း မရှိဘဲ အကျွန်ုပ် ကို မုန်း သောသူတို့သည် အကျွန်ုပ် ၏ဆံပင် ထက် များ ကြပါ၏။ မဟုတ် မမှန် ဘဲ အကျွန်ုပ် ကို ရန်ဘက် ပြု၍ ဖျက်ဆီး သောသူတို့ သည် ခွန်အား ကြီးကြပါ၏။ ထိုအခါ အကျွန်ုပ် သည် မ ယူ သော ဥစ္စာကိုပင်ပြန် ပေးရပါ၏။
4Let them be turned backward, and blush for shame that desire evils to me: Let them be presently turned away blushing for shame that say to me: Tis well, tis well.
5အိုဘုရား သခင်၊ အကျွန်ုပ် မိုက် ခြင်းအမှုကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် ၏အပြစ် တို့ကို ရှေ့တော်၌ ဝှက် ၍ မ ထားရပါ။
5Let all that seek thee rejoice and be glad in thee; and let such as love thy salvation say always: The Lord be magnified.
6ကောင်းကင်ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရား ၊ ကိုယ်တော် ကို မြော်လင့် သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ် မ ပျက်ကြပါစေနှင့်။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကိုယ်တော် ကို ရှာ သောသူတို့ သည် အကျွန်ုပ် အကြောင်းကြောင့် ရှက် ကြောက်ခြင်းသို့ မ ရောက်ကြပါစေနှင့်။
6But I am needy and poor; O God, help me. Thou art my helper and my deliverer: O Lord, make no delay.
7ကိုယ်တော် အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။ အကျွန်ုပ် မျက်နှာ သည် ရှက် ခြင်းနှင့် ပြည့်စုံ ပါ၏။
no verse 7 in this text
8ကိုယ် ညီအစ် ကိုတို့တွင် ၊ လူစိမ်း ဖြစ် ခဲ့ပါပြီ။ တမိ တည်းသော ပေါက်ဘော် တို့တွင် ၊ တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ။
no verse 8 in this text
9ကိုယ်တော် ၏အိမ် တော်၌ စွဲလမ်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို စား ပါ၏။ ကိုယ်တော် ကို ကဲ့ရဲ့ သောသူတို့ ၏စကားသည် အကျွန်ုပ် အပေါ် သို့ ရောက် ပါ၏။
no verse 9 in this text
10အကျွန်ုပ်သည် ငိုကြွေး ၍ စိတ် နှလုံးပါလျက် ၊ အစာ ရှောင်သောအကျင့် ကြောင့် ပင် ကဲ့ရဲ့ ခြင်းကို ခံရ ပါ၏။
no verse 10 in this text
11လျှော်တေ အဝတ် ကို ဝတ် သောအခါ ၊ သူ တို့သည် သရော် တတ်ကြပါ၏။
no verse 11 in this text
12ရုံး၌ ထိုင် သောသူတို့သည် အကျွန်ုပ် တဘက်မှာ ပြော ဆို၍ ၊ သေသောက် ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆို တတ်ကြပါ၏။
no verse 12 in this text
13အိုထာဝရဘုရား ၊ အကျွန်ုပ် မူကား ၊ မင်္ဂလာ အချိန် ကာလ၌ ကိုယ်တော် ကို ဆုတောင်း ပါ၏။ အိုဘုရား သခင်၊ ကရုဏာ တော် ကြွယ်ဝ သည်နှင့်အညီ ၊ ကယ်တင် တော်မူခြင်း သစ္စာ အတိုင်း ၊ အကျွန်ုပ် စကားကို နားထောင် တော်မူပါ။
no verse 13 in this text
14အကျွန်ုပ် ကို ရွှံ့ ထဲ က ကယ်နှုတ် တော်မူပါ။ နစ် စေတော်မ မူပါနှင့်။ အကျွန်ုပ် ကို မုန်း သောသူတို့ လက်မှ ၎င်း၊ နက် သော ရေ ထဲ က၎င်း လွှတ် ပါစေသော။
no verse 14 in this text
15ရေ ထ ၍ မ လွှမ်း ပါစေနှင့်။ နက်နဲ ရာ၌ မ မြုပ် ပါစေနှင့်။ အကျွန်ုပ် အပေါ် မှာ တွင်း ဝ မ ပိတ် ပါစေနှင့်။
no verse 15 in this text
16အိုထာဝရဘုရား ၊ ကျေးဇူး ပြုချင်သော စေတနာတော်သည် ကောင်းမွန် သောကြောင့် ၊ အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် ကို မျက်နှာ ပြုတော်မူပါ။
no verse 16 in this text
17ကိုယ်တော် ၏ ကျွန် မှ မျက်နှာ တော်ကို လွှဲ တော်မ မူပါနှင့်။ ဘေး ရောက်ပါပြီ။ အလျင် အမြန်နားထောင် တော်မူပါ။
no verse 17 in this text
18အကျွန်ုပ် ၏အသက် ဝိညာဉ်သို့ ချဉ်းကပ် ၍ ရွေး တော်မူပါ။ ရန်သူ များရှိကြောင်း ကိုထောက် ၍ ချမ်းသာ ပေးတော်မူပါ။
no verse 18 in this text
19အကျွန်ုပ် ခံရသောကဲ့ရဲ့ ခြင်း၊ အရှက် ကွဲခြင်း၊ အသရေ ပျက်ခြင်းတို့ကို ကိုယ်တော် သည် သိ တော်မူ၏။ အကျွန်ုပ် ၏ ရန်သူ အပေါင်း တို့သည် ရှေ့ တော်၌ ထင်ရှားလျက် ရှိကြပါ၏။
no verse 19 in this text
20ကဲ့ရဲ့ ခြင်းအားဖြင့်အကျွန်ုပ် သည် စိတ် ပျက် ၍ အလွန် ပူဆွေးခြင်း ရှိပါ၏။ သနား သောသူကို ကြည့် ၍ မ မြင်။ သက်သာ စေသောသူကို ရှာ ၍ မ တွေ့ရပါ။
no verse 20 in this text
21အကျွန်ုပ် စားစရာ ဘို့ ဆေးခါး ကို ကျွေး ကြပါ၏။ ရေငတ် သောအခါ ပုံးရည် ကို တိုက် ကြပါ၏။
no verse 21 in this text
22သူ တို့စားပွဲ သည် သူ တို့ရှေ့ မှာ ကျော့ကွင်း သော် ၎င်း၊ ခံ ထိုက်သောအပြစ်သော် ၎င်း၊ ထောင် ချောက်သော် ၎င်း ဖြစ် ပါစေ။
no verse 22 in this text
23သူ တို့သည် မမြင် နိုင်အောင် မျက်စိ ကွယ် ပါစေ။ သူ တို့ခါး သည်လည်း အစဉ် တုန် ပါစေ။
no verse 23 in this text
24သူ တို့အပေါ် မှာ အမျက် တော်ကို သွန်းလောင်း တော်မူ၍ ၊ အမျက် တော်အရှိန် သည် သူ တို့ကို မှီ ပါစေ။
no verse 24 in this text
25သူ တို့နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ် ဖြစ် ပါစေ။ သူ တို့အိမ် ၌ နေ သောသူ မ ရှိ ပါစေနှင့်။
no verse 25 in this text
26အကြောင်း မူကား၊ သူတို့သည် ဒဏ်ခတ် တော်မူသောသူ ကို ညှဉ်းဆဲ ကြပါ၏။ နာ စေတော်မူသောသူတို့ကို ထပ်၍ နာ စေကြပါ၏။
no verse 26 in this text
27သူ တို့အပြစ် ၌ အပြစ် ကိုထပ်၍ ပေး တော်မူပါ။ ကုသိုလ် တော်နှင့် မ ဆိုင် ကြပါစေနှင့်။
no verse 27 in this text
28အသက် ရှင်သောသူတို့စာရင်း ၌ သူတို့နာမည်များကို ချေ၍ ၊ ဖြောင့်မတ် သောသူတို့နှင့်အတူ မ ရေး မမှတ်ပါစေနှင့်။
no verse 28 in this text
29အကျွန်ုပ် မူကား ၊ ဆင်းရဲ ငြိုငြင် ပါ၏။ အိုဘုရား သခင်၊ ကယ်တင် တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ် ကို ချီးမြှင့် ပါစေသော။
no verse 29 in this text
30ငါသည် ဘုရား သခင်၏ နာမတော် ကို ထောမနာ သီချင်းဆို မည်။ ကျေးဇူး တော်ကို ပြ၍ ဘုရား သခင်ကို ချီးမွမ်း မည်။
no verse 30 in this text
31ထာဝရဘုရား သည် ချို နှင့်၎င်း၊ ခွါ နှင့်၎င်း ပြည့်စုံသော နွား လားကို နှစ်သက် သည်ထက် ၊ ထိုအကျင့်ကို သာ၍နှစ်သက်တော်မူလိမ့်မည်။
no verse 31 in this text
32နှိမ့်ချ သောသူတို့ သည် မြင် ၍ ဝမ်းမြောက် ကြလိမ့်မည်။ ဘုရား သခင်ကို ရှာ သောသူတို့ ၏ စိတ် နှလုံးသည် အား ပြည့်လိမ့်မည်။
no verse 32 in this text
33ထာဝရဘုရား သည် ဆင်းရဲ သောသူတို့၏စကားကို နားထောင် တော်မူ၏။ အချုပ် ခံရသောမိမိ လူတို့ကို မထီမဲ့မြင် ပြုတော်မ မူတတ်။
no verse 33 in this text
34ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ တို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါ အပေါင်း တို့သည် ဘုရား သခင်ကို ချီးမွမ်း ကြပါစေသော။
no verse 34 in this text
35ဘုရား သခင်သည် ဇိအုန် မြို့ကို စောင့် ၍ ၊ ယုဒ မြို့ တို့ကို ပြု စုတော်မူသဖြင့် ၊ ထို သူတို့သည် နေ ၍ ပိုင် ရကြလိမ့်မည်။
no verse 35 in this text
36ကျွန် တော်မျိုး၏သား မြေးတို့သည် ထိုမြို့ ကို အမွေ ခံရ၍ ၊ နာမတော် ကို ချစ် သောသူတို့သည် နေရာ ကျရကြလိမ့်မည်။
no verse 36 in this text

Tip: use the ← and → keys to turn chapters.